Monday, March 14, 2022

လျှပ်စစ်မီးဘယ်တော့မှန်မလဲ

ခုတလော အမေးခံရဆုံး မေးခွန်းဖြစ်ပါတယ် ။
ကျွန်တော် ဘီဂျင်းကိုပညာတော်သင် သွားတော့
တောင်ပေါ်ဘုရားဖူးသွားရင်း ဘီဂျင်းမြို့ပြင်မှာ 
မီးခိုးတလူလူထွက်နေတဲ့ တောင်ထွတ်ကြီးတွေကို ဘုရာကုန်းပေါ်က လှမ်းမြင်ရတယ် ။
စကားပြန်ကို ဒါကြီးတွေက ဘာတွေလဲ မေးကြည့်မိတယ်
အဲဒါ လျှပ်စစ်ဓာတ်အားထုတ်တဲ့
အနုမြူဓာတ်ပေါင်းဖိုကြီးတွေတဲ့ ။
ကျွန်တော်က မြန်မာပြည်ကို တစ်တောင်လောက် သယ်သွားချင်လိုက်တာဗျာ ဆိုတော့
သူကရီတယ် ။
ကြာခဲ့ပြီဗျ
ကျွန်တော် ၂၀၁၄ခု နှစ်တုန်းက
အဲဒီဆောင်းပါးရေးဖူးတယ်။
အခု ယူကရိန်းကိုရုရှားတိုက်တော့
အနုမြူဓာတ်ပေါင်းဖိုကို
မထိခိုက်ဖို့ နှစ်ဘက်လုံးက
စောင့်ရှောက်ကြတဲ့သတင်း
ဖတ်ရတယ် ။
နိုင်ငံတွေမှာ
ဓာတ်ပေါင်းဖိုတည်ဆောက်ခွင့်ရတဲ့နိုင်ငံနဲ့ မရတဲ့နိုင်ငံ
ခွဲခြားထားဟန်မတူဘူး ။
ဒါပေမယ့်
လူတွေရဲ့ ယဉ်ကျေးမှုက
အနုမြူဓာတ်ပေါင်းဖိုနဲ့
တန် မတန်တော့ ကမ္ဘာ့အဆင့်
စဉ်းစားကြမယ်ထင်တယ် ။
အထူးသဖြင့်
မြန်မာတွေက မတန်ဘူးလို့
ကမ္ဘာက သတ်မှတ်ထားတယ်။
ဒါကတော့ဗိုလ်ကျတာပဲ
ခွဲခြားဆက်ဆံခံရတာပဲလို့
နာခဲ့တယ် ။
အခုတော့
သူတို့မမှားဘူး
ကျွန်တော်မှားတာဗျ ။
ကျွန်တော်တို့မြန်မာတွေ
အနုမြူဓာတ်ပေါင်းဖိုနဲ့ထိုက်တန်အောင် ယဉ်ကျေးလာတဲ့
အချိန်မှာမှ ကျွန်တော်တို့
မီးမှန်ပါလိမ့်မယ် ။
စာသင်ကျောင်းကိုမီးရှို့
ဆရာ ဆရာမကိုသတ်
လျှပ်စစ်ကြိုးသွယ်တိုင်တွေလှဲ
တာဝါတိုင်တွေလှဲ
ဘာကိုမှစည်းမထားကြတဲ့
ယဉ်ကျေးမှုနှုန်းစံတွေက
မီးမှန်ဖို့ ( ဓာတ်ပေါင်းဖိုရှိဖို့)
နဲ့ဝေးသထက်ဝေးဝေးပြီဆိုတဲ့
အဖြေထွက်လို့နေတယ် ။
မြန်မာလူရိုင်းတွေက
ဓာတ်ပေါင်းဖိုကိုလည်း
ဗုံးခွဲမှာပဲ။ အဝေးက
လက်နက်ကြီးနဲ့ပစ်မှာပဲ ။
ခုအချိန်ဟာ
ကမ္ဘာ့ပေးထားချက်တွေပြောင်းလို့ တစ်တိုင်းပြည်လုံးအင်အားနဲ့
တစ်စုတစ်စည်းတည်း ရင်ဆိုင်မှ
ကာလပေါ်စိန်ခေါ်မှုတွေ
ကျော်လွှားနိုင်မှာကို
PDF အကြမ်းဖက်ကတစ်မျိုး
EAOs ပွဲလှန့်ဖျာခင်း
တွေကတဖုန်
သခွပ်ပင်ကမီးတကျည်ကျည်
နိုင်ငံရေးသမားတွေက
တစ်ခြား လုပ်နေကြရင်တော့
အိမ်စောင့်အစိုးရနေရာ
သကြားမင်းဆင်းပြီးလုပ်လည်း
မီးမှန်ဖို့ကတော့မလွယ်ဘူးဗျာလို့ပဲ ဖြေရပါတော့မယ်။
မောင်ချိုဝေ
၁၂၊၃၊၂၀၂၂