Monday, March 14, 2022

အကုသိုလ်တို့ စံပျော်ရာ


         အလုပ်များနေလို့ရယ် ၊ နိုင်ငံရေးကလည်း ရေးချင်စိတ်ပါးနေတာရယ်ကြောင့် မရေးဖြစ်ပဲ ညမိုးချုပ်မှ လိုင်းဖွင့်ကြည့်လိုက်တော့ အောက်က လင့် ကိုတွေ့ပြီး အံ့သြထိတ်လန့် သွားကပါတယ် ။ 

    ကျနော်တို့ ယဥ်ကျေးမှုတွေ ပျက်ဆီးသွားရပြီလား... ? မိဘ နဲ့ သားသမီး ထားအပ်သော မေတ္တာတရားတို့ကို အမြစ်က တူးနေကြပြီလား ဆိုကာ အမှန်ပဲ လန့်သွားရပါတယ် ။ 

         မိဘကပေါ် ကျေးဇူးတင်စရာ မလိုဘူး ၊ သူတို့ သွေးသားသောင်းကျန်းလို့ လူဖြစ်လာတာ ဆိုတဲ့ တကယ့် အကုသိုလ်အတွေးနဲ့ ငရဲသားတကောင် မြန်မာပြည်မှာ သမ္မတလာဖြစ်ကတည်း ဘုရားတနေမိတာ အခုတကယ် ဖြစ်လာရပါပြီ ။ 

         မိဘတွေ အပေါ် ကျေးဇူးကန်း တဲ့ အတွေးအခေါ် ၊ စော်ကားတဲ့ အရေးအသား အပေါ် ထောက်ခံနေကြတဲ့ မန့် တွေကလည်း ကျနော်တို့ လူ့အဖွဲ့အစည်းကို ဘယ်လောက် အဖျက်ဆီးခံထားရပြီလဲ ဆိုတာ သိနိုင်ပါပြီ ။ 

          အနန္တောအနန္တ ငါးပါးထဲက အရေးကြီးဆုံး အသက်သခင် ဖြစ်တဲ့ မိဘကိုတောင် ဒီလို ကျေးဇူးကန်း စော်ကားတဲ့ အတွေးအခေါ်တွေ လက်ခံနေမှဖြင့် ကျန်တဲ့ ဘုရား ၊ တရား ၊ သံဃာ နဲ့ ဆရာ ဆိုတာ ပြောစရာမလိုတော့ပါဘူး ။ 

        ငယ်ရွယ်နုပျိုသေးတဲ့ ကလေးတွေကို ပြောချင်တာမို့ အခုလို ရေးလိုက်ရတာပါ ။ လောကကြီးမှာ အချို့ အမှန်တရားဆိုတာ နှစ်မျိုးရှိပါတယ် ။ ဒေသဆိုင်ရာ မှန်ကန်ချက် နဲ့ အချို့ အယူအဆ ဆိုင်ရာ မှန်ကန်ချက်တွေမှာ အငြင်းပွားဖွယ် ဖြစ်တတ်ပါတယ် ။ 

        ဒီထဲမှာ ဧကန်မုချ ငြင်းမရတဲ့ အမှန်တရားက ဗုဒ္ဓရဲ့ သစ္စာလေးပါး တရားတော်ပါပဲ ။ နောက်ထပ် လောကနိယာမအရ မလွဲနိုင်တဲ့ အချက်ကတော့ မိမိရင်သွေးအပေါ် မိဘ ဆိုရင် ချစ်ကြတာချည်းပါပဲ ။ မိဘ မှ ထပ်ခွဲပြရမယ်ဆိုရင် အမေဆိုတာ သူမချစ်တဲ့ ရင်သွေး မရှိပါဘူး ။ 

        မိခင် ဆိုတာ လူသားမပြောနဲ့ အဟိတ်တိရိစ္ဆာန်တောင် ရင်သွေးကို ချစ်ကြပါတယ် ။ ဒီလို အံ့မခန်း မိခင်မေတ္တာဇာတ်လမ်းတွေကတော့ မရေတွက်နိုင်အောင် အများသူငါ စာဖွဲ့ထားလေတော့ ထွေထွေထူးထူး မရေးတော့ပါဘူး ။ 

       ဦးမျိုးရေးချင်တာက မိဘ အပေါ် အချဥ်ပေါက်ပြီး မိမိအမြင်လေးနဲ့ ပိုင်းဖြတ် ကျေးဇူးကန်းနေကြတာကို တင်ပြချင်တာပါပဲ ။ 

         မြန်မာပြည်မှာ စီးပွားရေး လူမှုရေး ပညာရေး ပြည်စုံတဲ့ မိဘဆိုတာ အင်မတန် ရှားပါးလှပါတယ် ။ ဒီတော့ သားသမီးအပေါ် လိုအင်ဆန္ဒမှန်သမျှ ဖြည့်ဆည်းပေးဖို့ မပြောနဲ့ ဝမ်းဝအောင် စားနိုင်ဖို့တောင် အင်မတန် ခက်ခဲတဲ့ မိဘတွေက အများစုပါ ။ 

      ဒီတော့ သားသမီးတွေကို အလို မလိုက်နိုင်ကြတာ များရပြီပေါ့ ။ နောက်ပြီး ဖခင်တွေဆိုလည်း အင်မတန်ပေါများလှတဲ့ ရေထက်စျေးချိုတဲ့ အရက်ဆိုတာ ဘယ်ဒေသပဲ ဖြစ်ဖြစ် အလွန်ပေါများတယ် ။ လောင်းကစားကြိုက်တာလုပ် အစုံရှိတယ် ။ 

       အလုပ်အကိုင်ရှားပါးတယ် ၊ ပင်ကိုယ်ဗီဇအရ အပျင်းကြီးကြတယ် ၊ ဒီတော့ မပြေလည်ကြဘူး ။ နောက်ပြီး စိတ်ဓာတ်မခိုင်မာကြတော့ စာရိတ္တလည်း ယိုင်နဲ့ပြီး သားသမီးတွေ အထင်သေးစရာ ဖြစ်ကြရပြန်တယ် ။ 

         ဒါပေမယ့် မိဘဆိုတာ သား သမီးကို ချစ်ကြတာ ချည်းပါပဲ ။ တချို့ခံစားကြရတဲ့ ငါ့ကို မချစ်ဖူး ၊ ငါ့လောက်မိဘတွေ စာမတတ်ဖူး ၊ ငါ့လောက် အတွေးအခေါ် မရှိဘူး ဆိုပြီး တွေးတော အထင်သေးတတ်ပါတယ် ။ 

        အမှန်က အဲလို မိဘတွေခမျှာ သား သမီးအပေါ် မချစ်ကြတာ မဟုတ်ပါဘူး ။ 

၁ ။ မချစ်တတ်တာပါ ။ 

(အချော့ကြိုက်တဲ့သားသမီး မချော့ပဲ အကြမ်းကိုင်တာမျိုး)

၂ ။ ချစ်ခြင်းကို မပြနိုင်ကြခြင်း ။

(သားသမီး လိုအင်ဆန္ဒကို မဖြည့်နိုင်လောက်အောင် ဝမ်းစာ တမျိုးထဲ မနည်းရုန်းကန်ရှာဖွေနေကြရခြင်း)

၃ ။ အခြား လူမှုရေး အရှုပ်အရှင်းများ တွေ့ကြုံဖြေရှင်းနေရသော မိဘ နှစ်ပါးဟာလည်း သားသမီးအပေါ် မချစ်သကဲ့သို့ ဖြစ်ပေါ်စေခြင်း ။ 

(ဘုရားဟော တရားအရ လူဆိုတာ မိမိကိုယ်ကို အချစ်ဆုံးလို့ ပြောခဲ့တဲ့အတွက် ဖြေသိမ့်နိုင်ပါစေ ၊ ယခုလို မိမိ မိဘအပေါ် မကျေနပ်တာကိုက ကိုယ့်ကိုကိုယ် ပိုချစ်လို့ ဖြစ်နေတဲ့ စိတ်ဝေဒနာမို့ ဆင်ခြင်နိုင်ပါစေ)

         အဲသလို အချက်တွေ​ကြောင့် မိဘတွေအပေါ် အထင်လွဲစရာ ကြုံတွေ့ခဲ့ကြရမှာပဲ ။ အဓိက ကျတဲ့ စား ဝတ် နေရေး ကိစ္စနဲ့ လုံးခြာလည် နေရတဲ့ မိဘတွေအတွက် ဘဝက ရုပ်ရှင်မဟုတ်လို့ သား သမီးတွေအပေါ် ဆန္ဒရှိတိုင်း ချစ်ခြင်းမေတ္တာကို ပြနိုင်ဖို့ ခက်ခဲလှပါတယ် ။ 

         နောက်ဆုံး လူမတန် ကံလွှဲချ ဆိုသလို ပြောချင်တာတော့မဟုတ်ပါဘူး ။ မိမိရဲ့ အတိတ်ကံအရ ဒီလို မိဘ ဒီလို အဆင့်အတန်းနဲ့ ပတ်သက်ဖို့ အတိတ်ကံ ပါလာလို့သာ ကြုံတွေ့ခဲ့ကြရတာမို့ မိမိကံနဲ့လည်း သက်ဆိုင်ပါတယ် ။ 

          ဒီကနေ့ အခြေအနေဟာ အားလုံးသိကြတဲ့ အတိုင်းပဲ ကပ်ဆေးနေတဲ့ အနေအထားဖြစ်ပါတယ် ။ မိဘ နှစ်ပါးကို ကျေးဇူးကန်း စော်ကားခြင်းဖြင့် ဆေးတဲ့ကပ်ထဲ ပါမသွားစေချင်လို့ သိမှတ်သလောက် ကလေးတွေ အတွက် အယူမှားသွားမှာ စိုးရိမ်လို့ တင်ပြလိုက်ရပါတယ် ။

        ကြက်သီးထဖွယ် အယူအဆနဲ့ မန့် တွေကို လေ့လာကြည့်ကြပါအုံး ဗျာ ။ ကျနော်တို့ လူ့အဖွဲ့အစည်း ရဲ့ အတွေးအခေါ်တွေကို NGO အမည်ခံတွေ ဘယ်လောက် ဖျက်ဆီးသွားလဲ သိနိုင်ပါလိမ့်မယ် ။ 

https://m.facebook.com/story.php?story_fbid=1132692207531459&id=100023720704898

        ကိုရွှေမျိုးဝင်း

(အပြကောင်းရင် ယုံကြည်တတ်တဲ့ နလပိန်းတုံး မြန်မာတွေအတွက် ဆွဲနေကြိုး တင်းမနေတာ မသိပဲ တကယ်ထင်ပြီး အံ့သြနေကြတာ သိနေလို့ အပြကောင်းတဲ့ NGO တွေနဲ့ မြန်မာ့ယဥ်ကျေးမှုတွေကို ဖျက်ဆီးထားတာ သတိကြီးစွာ ထားကြရပါတော့မယ်)

Related Posts:

  • လေကြောင်း စိုးမိုးရေး      1954 မှာ တရုတ်ဖြူတွေက အမေရိကန်အားကိုးနဲ့ မြန်မာပြည်ကို ကျူးကျော်လာကြတယ် ။ သူတို့ရဲ့ မြေအောက် ကတုတ်ကျင်း ဘန်ကာတွေကို ဖြိုချဖို့ ဒုံးကျည်တပ်ဆင်နိုင်တဲ့ လေယာဥ်တွေ လိုအပ်နေပြီ ။       &nbs… Read More
  • အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (22) .......ဒီပြဿနာကလည်း ဦးသိန်းစိန် ပြုတ်ကျရေးအတွက် အရေးပါတဲ့ အဓိကရုဏ်းဖြစ်လို့ ကျနော် မှတ်မိသလောက် အသေးစိတ် ရေးပြချင်ပါတယ် ။        ကျောင်းသားသမဂ္ဂကနေ ဦးသိန်းစိန် အစိုးရဆီကို ရာဇသံပို့တယ် ဗျ ။ သူတို့ … Read More
  • ရဲရဲပြန်ကြည့် စမ်းပါ         မနက်က ကိုစိုးလာတော့ သူ့တူပါ ပါလာတယ် ။ လက်ဖက်ရည်သောက်ပြီတော့ ရေနွေးကြမ်းသောက်တာ ကြည့်ပြီးတာ နဲ့ ဒီကောက်လေး ဆေးသမားမှန်း ကျနော်သိလိုက်ပါပြီ ။      မသိသေးတဲ့ မိဘတွေအတွက် ဗဟုသ… Read More
  • " ရဲစခန်းတွေ ဘာကြောင့် ကျရှုံးရသလဲ "( ၁ ) စခန်းရှိ နယ်ထိန်းတွေ        ရဲလုပ်ငန်း မကျွမ်းကျင်ခြင်း။        ( သတင်းမစုဆောင်းဘဲ ငွေရှာနေခြင်း )( ၂ ) စခန်း ခံစစ် အားနည်းခြင်း။       (ဆက်သွယ်ရေးမြောင်း/ ပစ်… Read More
  • ရင်နှစ်သည်းချာ , နိုင်ငံ့ရတနာ အပိုင်း ~ ၁ အခန်းဆက် ယခု ဒီအခန်းဆက်ဆောင်းပါးကိုရေးရတဲ့ရည်ရွယ်ချက်ကနိုင်ငံရေး ရာသီဥတု အခြေအနေ သာယာသွားတဲ့တချိန်မှာ* စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေရန် *မထုတ်မီစပ်ကူးမတ်ကူးကာလ၌လည်း  Face book. လူမှုကွန်ယက်အသုံးပြုနေသူများ ဖတ် ၊ မှတ် ၊ အသိ ၊ သတိ တခု… Read More