Sunday, March 27, 2022

မြတ်နိုးဂုဏ်ယူစရာတပ်မတော်နေ့


တပ်မတော်သာအမိ
တပ်မတော်သာအဖ
ဆောင်ပုဒ်ကို ပြည်သူ
တစ်ဦးအနေနဲ့ ဒီနေ့ထိ
ယုံကြည်လက်ခံနေတုန်းပါပဲ။

မြန်မာပြည်ရဲ့ နိုင်ငံရေး
အကြပ်အတည်းကာလမှာ
လက်ညှိုးအထိုးခံရဆုံးဖြစ်နေပေမဲ့
တပ်မတော်အဖွဲ့အစည်းရဲ့
မူတွေကို အပြည့်အဝယုံကြည်
ပါတယ်။

မငြိမ်းချမ်းမှုတွေ ဖြစ်နေတာက
တပ်မတော်လုပ်တာမဟုတ်ပဲ
ကိုယ့်စည်းရိုးကိုယ်ဖျက်တဲ့
ပြည်သူအချို့ ရဲ့ လုပ်ရပ်ဖြစ်လို့
တပ်မတော်ကို အပြစ်ပုံချတာမျိုး
က တရားမမျှတတဲ့ အမြင်ဖြစ်ပါတယ်။

တပ်မတော်သားတွေကို
မမြတ်နိုးတတ်ခြင်းက
ကာကွယ်ရေးအသိနည်းပါးသူတွေ
အမြင်ဖြစ်ပါတယ်။

ဒီနေ့ ကမ္ဘာကြီး အနေအထားကို
မြင်အောင်ကြည့်လိုက်ရင်
မြန်မာပြည် စစ်တလင်းဖြစ်မနေတာ
တပ်မတော်ခေါင်းဆောင်တွေရဲ့
လက်ရုံးရည် နှလုံးရည်ဖြစ်ပါတယ်။

မြန်မာပြည်ကို စီးပွားရေးခရိုနီတွေ
ဝိသမလောဘအကြီးစားကြီးတွေနဲ့
အတင်းဖိနေလည်း တပ်မတော်ကို
လက်ညှိုးထိုးတယ်။

ဘာသာရေးခေါင်းဆောင်
ဘုန်းတော်ကြီးတွေ ပြည်သူ့နီတိ
ပို့ချပေးနိုင်မှု တာဝန်မကြေလည်း
တပ်မတော်ကို လက်ညှိုးထိုးတယ်။

စာသင်ကျောင်းက ဆရာဆရာမတွေ
အမျိုးသားရေးဇာတိမာန်ကို
ကျောင်းမှာကတည်းက တာဝန်
ကြေကြေ မသင်ပေးနိုင်လည်း
တပ်မတော်ကို လက်ညှိုးထိုးတယ်။

နိုင်ငံရေးသမားတွေရဲ့ဝါဒမှိုင်း၊
မီဒီယာတွေရဲ့အဆိပ်သတင်း၊
ဂျင်းထည့်ကောင်းအောင်
ဟန်ပြပရဟိတသမားတွေရဲ့
မရိုးမသားဖြားယောင်းမှု၊
အသိဉာဏ်အနုပညာတန်ဖိုး
မဲ့နေတဲ့ ရုပ်ပြအနုပညာအမည်ခံ
တွေရဲ့ သစ္စာမဲ့ဖောက်ပြန်မှု၊
ဒါတွေအားလုံးက ကိုယ့်တိုင်းပြည်
ကိုယ်ဖျက်နေတာဖြစ်လို့
တပ်မတော်ကို တရားခံလို့
မြင်နေ ဝေဖန်နေတာ သိပ်မှားပါတယ်။

တပ်မတော်သားတွေရဲ့ဘဝနဲ့
အသက်က ပြည်သူလူထုရဲ့
ဘဝအာမခံချက်။ လုံခြုံမှုဖြစ်လို့
တပ်မတော်အဖွဲ့အစည်းကြီးက
နိုင်ငံသားတိုင်းအထက်က
အမိုးအကာဖြစ်ပါတယ်။

လုံခြုံရေးအသိ၊
လုံခြုံရေးတန်ဖိုးကိုနားလည်တဲ့
ပြည်သူတိုင်းရဲ့ရင်ဘတ်မှာ
နေ့ရက်တိုင်း ထာဝရတပ်မတော်
နေ့ပါပဲ။

တပ်မတော်မိသားစုတွေ
တပ်မတော်သားစစ်သည်တော်တွေ
ဘေးကင်း ရန်ကင်းပါစေ။
ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းမြေ့ပါစေ။

#အရှင်အာလောက ( တပ်ကုန်း )