Tuesday, March 15, 2022

ဘယ်လိုယုံရမလဲ ဒီမိုကရေစီ


    ခေါင်းစဥ်ကြည့်ပြီး ဘာလိုလိုတော့မထင်စေလိုပါ
   ရုရှားကစစ်သက်ရှည်လာတော့ စစ်လက်နက်များလိုအပ်ချက်အရ တရုတ်ကို အကူအညီတောင်းပါတယ် တရုတ်ကလဲ ကူညီမယ်ပေါ့ ရိုင်းပင်းတာပေါ့လေ
    အဲဒီမှာပြဿနာက အမေရိကန် 
   ဘာပြောလဲဆိုတော့ တရုတ်အနေနဲ့ရုရှားကို ကူညီရင် သူ့ထုံးစံ အရေးယူမယ်ဘာညာပေါ့ဗျာပိတ်ဆို့မယ်လဲပြောရဲ့
   ဘာတွေဘယ်လိုပိတ်ဆို့မယ်တော့မသိပါဘူး ဖြစ်နေတာကို ပြောပါတယ်
    ဒီနေရာမှာတွေးမိတာလေးကို ပြောချင်တာပါ
    အမေရိကန်နဲ့ နေတိုးအပေါင်းပါများက ယူကရိန်းကို နည်းမျိုးစုံနဲ့ လက်နက်ပစ္စည်းမျိုးစုံကို ဝိုင်းဝန်းလို့ တက်ညီလက်ညီ ထောက်ပံ့ကြတယ် 
   သူတို့အဆိုအရ လူသားချင်းစာနာမှုအရ ဒီမိုကရေစီစံနှုံးအရ ကူညီတယ်ထောက်ပံ့တယ်ပေါ့ 
   အခုတရုတ်ကြီးကရုရှားကို ထောက်ပံ့တဲ့ကိစ္စကိုကြတော့ အသံပြဲကြီးတွေနဲ့အော်နေကြပြီ😁
   {{{ဒါသူတို့လက်ကိုင်ထားတဲ့ ဒီမိုကရေစီဆိုတဲ့ လူသားခြင်း စာနာမှုဆိုတဲ့ကိစ္စ}}}
   နောက်တခုကအင်္ဂလန်မှာ FAရဲ့လက်အောက်ခံပြီး တနှစ်ပတ်လုံးနီးနီး ယှဥ်ပြိုင်ကစားနေတဲ့ ပရီးမီးယားလိဂ်ကိစ္စ
     ညောင်ဦးကမ်းပါပြိုတာနဲ့ စံပါနကူကနွားမ ပေါင်းကျိုးသွားတာ အရင်ကမဆိုင်ဘူးထင်ခဲ့ပေမဲ့ အခုဆိုင်သွားပြီဗျ😁
    ရုရှားကယူကရိန်းကို တိုက်လို့•••တဲ့ ချဲလ်ဆီးအသင်းကို FAကအရေးယူသတဲ့🥵 ရုရှားသူဌေးအဗရာမိုဗစ်ပိုင်နေလို့ပါတဲ့😁 အသင်းကိုရောင်းချရင်လဲ ရရှိလာတဲ့ငွေကြေးကို မိုဗစ်လက်ထဲမရောက်စေရတဲ့ အသင်းမှာရှိတဲ့ ကစားသမားများကိုလဲ စာချုပ်သက်တမ်းကုန်ရင် ဆက်ပြီးသက်တမ်းမတိုးရတဲ့ ကစားသမအသစ်ကိုလဲ မဝယ်ရတဲ့😞
     ဒီမိုဘိုးအေဆိုတဲ့နိူင်ငံ လူ့အခွင့်အရေးကို အားတိုင်းယားတိုင်း သတိရတိုင်းအော်နေတဲ့နိူင်ငံ
    ဘယ်မလဲဒီမိုကရေစီ ဘယ်မလဲလူ့အခွင့်အရေး
     မိုဗစ်ကတော့ အစကတည်းကကြိုမြင်နေလို့ လူမှုရေးအဖွဲ့အစည်းတခုကို ကြိုပြီး ပေါင်ဘီလျံ၂၀၀၀တန်တဲဲ့ ချဲလ်ဆီးအသင်းကို လှူထားတာပါ သူတို့အဆိုအရ ရုရှားသမတပူတင်နဲ့ ရင်းနှီးနေလို့တဲ•• အဟက်
   သူတို့လုပ်ရင် သူတို့ပြောရင် ဒီမိုကရေစီစံနှုံးနဲ့ညီတယ် သူများလုပ်တာတွေ ဘာကြီးဖြစ်နေနေ သူတို့သတ်မှတ်တဲ့ မူဘောင်နဲ့မညီဘူး
   မြန်မာကအနီကောင်လူယုတ်မာတွေနဲ့တပုံစံထည်း
    လွှတ်တော်မှာဘယ်လောက်ကောင်းတဲ့ အဆိုဖြစ်နေပါစေ တိုင်းပြည်နဲ့ ပြည်သူများအတွက် ဘယ်လောက်အကျိုးရှိနေပါစေ မျိုးဖျက်မသဘောမတူရင် နိူးပါဘဲ
   ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ဆိုတာ တကယ်တော့ ပြည်သူကို ကိုယ်စားမပြုတာ ဒီမိုအမည်ခံအစိုးရနှစ်ဆက်ကြုံခဲ့ဖူးပြီမို့ ကောင်းကောင်းသိရှိနားလည်ခဲ့ပါပြီ
     ဒီမိုကရေစီဆိုတာ လူ့အခွင့်အရေးဆိုတာ အမှန်တရားကို ကိုယ်စားပြုခြင်းမဟုတ်ပဲ ပါတီတခု လူပုဂ္ဂိုလ်တစ်စုကိုပဲ ကိုယ်စားပြုတာပါလားလို့ အစိုးရနှစ်ဆက်မှာ ပညာရသွားပါပြီ
     ဒါသည်ပင်နိူင်ငံရေးဖြစ်သည်ဟု သင်္ခန်းစာတခု မသင်ပဲတတ်ခဲ့ပါပြီ
         နောက်ထပ်နိူင်ငံရေးတခု
          မိုင်တဲလ်ဘေပြဿနာ အခြားသောဖုန်း အော်ပရေတာတွေထက် ဖုန်းဘေစျေး ဘာဖြစ်လို့ကြီးနေရတာလဲ 
      အခြားသောဖုန်းဘေများက တစ်ထောင်တန်ဟာ တစ်ထောင်ပါဘဲ မိုင်တဲလ်ကျမှ ၁၀၀၀တန်က ၁၁၀၀ကျပ် အချို့ဆိုင်က၁၂၀၀ကျပ် ဒါလဲနိူင်ငံရေးဘဲလား
   ပြီးခဲ့သောနှစ်ထဲက မိုင်တဲလ်ဘေများကို ဝယ်သုံးရင် နံပတ်ကို ခြစ်လိုက်ရင် နံပတ်များကောပျက်စီးကုန်လို့ ထည့်မရတော့တာတွေ နေရာတော်တော်များများမှာ ကြားခဲရပါတယ်  
     တဖက်ကပြည်ပအထောက်အပံ့ကောင်းတော့ မိုင်တဲလ်ဘေကဒ်မှန်သမျှသိမ်းပြီး ပြန်သုံးမရအောင် စူပါဂဒူးသုတ်ထားတယ်လို့ ကြားဖူးလိုက်တယ် ဟုတ်မဟုတ်တော့မသိပါ ကျွန်တော်တောင် တခါပျက်စီးခဲ့ဖူးပါတယ်
   အဲဒီတော့အခုဘေတွေပြတ်နေတာ စျေးတွေတက်နေတာ အဲဒီလိုပဲလား
     ဒါသည်ပင်နိူင်ငံရေးပါပဲလား
     ဒီမိုကရေစီဆိုတာ လူ့အခွင့်အရေးဆိုတာ ကျွန်တော့်အနေနဲ့မယုံကြည်တော့ပါသဖြင့် နောက်နောင်ရွေးကောက်ပွဲများမှာ ဒီမိုကရေစီဟု လှိုင်လှိုင်ပြောသော ပါတီအား မဲထည့်ဖို့ မစဥ်းစားမိအောင် ဆင်ချင်ပါတော့မယ်

                မင်းမဟော်  
   ဓါတ်ဆီတောင်အလျင်မမှီလို့ ဆိုင်ကယ်ကိုရွက်လွှင့် နေရတဲ့အချိန်မှာ မိုင်တဲလ်ဘေက သူများထက်စျေးကြီးနေတော့ ခင်ဗျားတို့ပဲ စဥ်းစားကြ ည့်ပေါ့😛