Sunday, March 27, 2022

၇၇ နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားကို နီပိတ်အားလုံးကြည့်ဖြစ်ကြမယ်ဆိုတာယုံတယ်။


▪️ဒီတော့ ခံစားချက်လေးဘယ်လိုနေကြသတုန်း။

▪️ဒီလူတွေကို ငါးထောင်စားလို့စွပ်စွဲရအောင်ကလည်း
     ဒီလိုညီအောင်လျှောက်ကြဖို့က 
     မလွယ်ကူတာလူတိုင်းသိတယ်။
     လက်နက်တွေက အင်တွေပါလို့ပြောရအောင်ကလည်း
     ဒီလက်နက်တွေဟာ ကျည်တကယ်
     ထွက်မထွက်ဆိုတာ အပစ်ခံကြည့်မှသိရမှာလေ။🥴

▪️တိုင်းပြည်မှာနေပြီး
     ဆူပူတော်လှန်နေသူတွေကို မေးချင်တာပါ။

▪️ဘာဆက်လုပ်ကြမှာလဲဟင်?

▪️ကြည့်ရတာ အိမ်စောင့်အစိုးရကတော့ 
     သူ့မူဝါဒအတိုင်း အကြမ်းဖက်ကို နှိမ်နင်းမယ်။
     ရွေးကောက်ပွဲပြန်လုပ်ပေးမယ်ဆိုတဲ့
     လမ်းကြောင်းကနေ သွေဖီစရာအကြောင်း
     တစ်စိတောင်မမြင်ပါဘူး။

▪️ဘာလို့လဲဆိုတော့ သူ့မူဝါဒကိုကာကွယ်ပေးမယ့်
     လူသူလက်နက်အပြည့်နဲ့ စစ်တပ်ကသူ့ရှေ့မှာ
     သက်ရှိထင်ရှားရှိ‌နေတာမို့လေ။

▪️အခုလို အကြမ်းဖက်လူသတ်နေတာတွေကလည်း
     အစိုးရကိုထိခိုက်တာနည်းနည်း‌
     ပြည်သူချင်းထိခိုက်တာများများ
     ဖြစ်နေတာမြင်ကြတာပဲ။
  
▪️တကယ်ထိခိုက်နေတာက ဘောမနဲ့ ထမီခြုံ
     ကြားနေနဲ့ တော်လှန်ရေးဘက်ရပ်တည်သူတွေပါပဲ။
     ဆိုရရင်တော့ ကျွဲနှစ်ကောင်ဖြစ်တဲ့
     အိမ်စောင့်အစိုးရနဲ့ NUG ကခွပ်မနေပါဘူး။
     နှစ်ဖက်လုံးအေးဆေးပါ။

▪️ကြားထဲက မြေဇာပင်ဖြစ်တဲ့
     ငါတို့တွေသာ ခွပ်နေရတာပါ။

▪️ငါတို့တွေးရမှာက ဘာဆက်လုပ်ကြမလဲ?

▪️အခုအတိုင်းဆက်သွားရင်တော့
     ဘောမ၊ ကြားနေ၊ နီပိတ် စတာ‌တွေဟာ
     အလှည့်ကျသေမယ်။
     နီပိတ်တို့ကတော့ ပိုထူးတယ်။🥴
     သေတာအပြင် စည်းစိမ်ပါအသိမ်းခံရမယ်။ 
     ထောင်နှစ်ရှည်ကျမယ်ဆိုတာထိ ဖြစ်ပေါ်လိမ့်မယ်။

▪️ဘာလို့လဲဆိုတော့ သူတို့တိုက်နေတဲ့မြေပေါ်က
     အစိုးရဟာ NUG မဟုတ်လို့လေ။
     NUG ရဲ့အာဏာစက်သက်ရောက်ခြင်းမရှိတဲ့
     တိုင်းပြည်မှာ တော်လှန်ရေးလုပ်နေတာမို့
     ထိခိုက်နစ်နာမှုပိုမယ်။
  
▪️စစ်တပ်ရဲ့အင်အားဟာ ကောလဟာလတွေ
     False hopes တွေဝန်းရံကာ 
     စစ်တပ်ထဲနေသူတွေတောင် မှန်းဆရခက်နေပေမယ့်
     ဒီလိုနေ့မှာ အင်အားအနည်းငယ်သာ
     ထုတ်ရှိုးလိုက်တာကိုကြည့်ခြင်းအားဖြင့်
     ခေါင်းလေးများကောင်းသေးရင် 
     ဒီစစ်တပ်ဟာအင်အားရော
     လက်နက်ပါမနည်းလှတာကို တွေးဆမိမှာပါ။

▪️စစ်တပ်ကိုဝိုင်းတိုက်တာ တစ်နှစ်တောင်ရှိပြီလေ
     သူ့အင်အားက မယုတ်လျော့သေးပါလားလို့
     မတွေးမိကြဘူးလား။🥴

▪️ဒီလိုပွဲကို တစ်နိုင်ငံလုံးက စစ်သားတွေတော့
     ပွဲလာမတက်ဘူးလေ။ အခုပြတာအပြင်
     ရှေ့တန်းက အင်အားရှိမယ်။
     တပ်တွင်းက အရံစစ်အင်အားရှိမယ်။ 
     စစ်ကျောင်းတွေက အင်အားရှိမယ်။
     မြို့အနှံ့ လုံခြုံရေးလိုက်နေရသူအင်အားရှိမယ်။
     သေချာတာကတော့ ထုတ်ပြတာလေးကတောင်
     ရင်တုန်စရာအင်အားတစ်ခုရှိ‌နေတာ မြင်မှာပေါ့။

▪️တပ်ပျက်တယ်ဆိုတဲ့ဂျင်းကို
     တကယ်မတိုက်ရတဲ့ မီဒီယာတွေက
     လွယ်လွယ်ထည့်တယ်။ 
     တကယ် တပ်ပျက်မပျက်ဆိုတာ
     တကယ်တိုက်နေရသူတွေ အသိဆုံးမို့လား။

▪️ဒီလိုစစ်တပ်တစ်ခုကို
     အလှူငွေနှစ်ပဲခြောက်ပြားလိုက်ခံပြီး
     စစ်ပညာမကျွမ်းကျင်တဲ့ လူငယ်တွေ
     အသက်ကိုရင်းကာဘယ်အချိန်ထိ
     ဆက်တိုက်မယ်လို့ တွေးထားကြတုန်း။

▪️အခုဆို သတင်းတွေကြားပါတယ်။
     တော်လှန်ရေးအတွက် အလှူငွေကောက်ပေးတဲ့
     သူတွေဟာ ရငွေရဲ့ ၂၀% ကို တရားဝင်စားစေသတဲ့။
     တရားဝင်နော်။ ဘုံးတာကတော့စိတ်ကြိုက်ပေါ့
     ဘယ်သူမှစာရင်းမှ မစစ်ရဲတာ။
     နိုင်ငံရပ်ခြားကသူတွေက ပိုမိုက်တာပေါ့။😏

▪️တော်လှန်ရေးဟာ စီးပွားရေးတစ်ခုဖြစ်လာနေပါပြီ။
     တိုက်လို့မဖြစ်နိုင်တော့မှန်းသိရက်နဲ့
     အတင်းအသက်ဆက်ပြနေတာဟာ
     အကျိုးအမြတ်တွေရကြတာမို့ပါ။
     တော်လှန်ရေးဆိုတာမရှိတော့ပါ
     နိုင်ငံရေးအယူအဆလွဲလို့ 
     ပြည်ပြေးဖြစ်သွားသူများက
     တစ်ခုခုကိုအသုံးချကာ ငွေရှာလိုခြင်းပဲ
     ကျန်ရှိပါတော့တယ်။

▪️ဒီတော့တွေးကြပါ ဘာဆက်လုပ်သင့်လဲဆိုတာ
     မကြာခင်မှာ ရွေးကောက်ပွဲပြန်ရပါ့မယ်။
     ပါတီတွေဝင်ပြိုင်ကြမယ်။
     ဒီရွေးကောက်ပွဲကိုလည်း သပိတ်မှောက်တာတွေ
     လုပ်ပြကြပြီး မဲတစ်ပြားပေးခွင့်တွေ
     ဆုံးရှုံးခံကြဦးမှာ မြင်ယောင်ပါတယ်။

▪️ဥပမာတစ်ခုပေးပါ့မယ်။
     ဉာဏ်ရှိသလိုတွေးဆကြပါ။

▪️ရေကန်တစ်ကန်ကို မြေဖို့မယ်ဆိုရင်
     လိုအပ်တဲ့ ခဲနဲ့သဲအရေအတွက်ဆိုတာရှိတယ်။

▪️ဒီအရေအတွက်အတိအကျကို စနစ်တကျမသိဘဲ
     ရသလောက် ခဲလေးနည်းနည်းသဲလေးနည်းနည်းနဲ့
     ရေကန်ကို အစမ်းဖို့ကြည့်တယ်။
     ဖို့နေရင်းနဲ့မှ မဟန်မှန်းသိလို့
     ဆက်မဖို့ဘူးဆိုရင်တောင် ကန်ထဲပစ်ချခံလိုက်ရတဲ့
     ခဲလုံးတွေနဲ့ သဲမှုန်တွေကတော့
     ရေကန်ထဲမှာ ထာဝရနစ်သွားတာပါပဲ။

▪️၂၁ ဆူပူမှူမှာ သေဆုံးခဲ့ရသူတွေရဲ့
     ဘဝကလည်း ထိုနည်းတူပါပဲ။
     စနစ်တကျ Plan A , B မရှိပါဘဲ
     အစမ်းသဘောနဲ့ထုတ်ကျွေးခဲ့တဲ့
     အသက်ပေါင်းများစွာဟာကန်လည်းမဖို့နိုင် 
     ပြန်လည်းအဆယ်မခံရဘဲ
     ရေအောက်ကိုမြုပ်သွားခဲ့ရတဲ့ ခဲနဲ့သဲလိုဖြစ်သွားပါပြီ။

▪️ဒီလိုခဲလေးတွေ သဲလေးတွေကို
     ကိုယ့်လက်နဲ့ကိုယ် ရွေးထုတ်ကာ
     ဘယ်အချိန်ပြည့်မယ်ဆိုတာမသိနိုင်တဲ့
     ကန်ကြီးထဲကို ပစ်ထည့်နေဦးမလား။

▪️တွေးသင့်ပါပြီနော်။ 

▪️ကိုယ်လုပ်တာ ကိုယ့်သမိုင်းပါ
     ဒီစာရေးတာလည်း ငါ့သမိုင်းပါပဲ။
     နောင်တစ်ချိန်ကျရင် လူငယ်တွေပြန်ဖတ်တဲ့အခါ
     စာ‌ရေးသူရဲ့ စေတနာကိုနားလည်နိုင်ကြပါစေ။

#SniperSu

Related Posts:

  • 💥မျိုးချစ်အင်အားစုရဲ့💥ချစ်ခင်လေးစားမှု့ အပြည့်အဝရရှိထားတဲ့♥️အလှဧကရီ အပြုံးပိုင်ရှင်     ဗိုလ်ကြီးမမ  လို့ အများသ်ိကြတဲ့     {•••••••••••••} သူသည်🌿ယခုမြန်မာနိုင်ငံ     မြန်မာ့တပ်မတော်ကိုယ်စားပြု      ဤလှုပ်ရှားမှု မှာ 💠စံပြလက်ရွေးစင်အဖြစ်      … Read More
  • အစ္စလာမ်မိုက်ဇေးရှင်းနှင့် နိုးဂိုးဇုန်အစ္စလာမ်မိုက်ဇေးရှင်းဆိုသည်မှာ မွတ်စလင်မ်အင်အားများလာသည့် အချိန်၌ အလ္လာအရှင်မြတ်ထံ တိုင်တည်၍ ပြုလုပ်သော ဘာသာရေးအရေခြုံ လုပ်ငန်းဖြစ်သည်။(မွတ်စလင်မ် အင်အားနည်းချိန်၌လည်း ပျောက်ကျားစနစ်ဖြင့် မိုက်ဇေးရှင်း လုပ်တတ်ကြသေးသည်။)အင်အား… Read More
  • တောတွင်းက G-Z တွေ အလင်းဝင်ခဲ့ရင်?▪️ကိုယ်မြင်တာကတော့ ဒါဟာဗျူဟာတစ်ခုပါပဲ။     ကိုယ်က ကရင်ပြည်နယ်ဇာတိကပါ။     ကိုယ်တို့ ကရင်ပြည်နယ်ဟာ အမဲရောင်နယ်မြေ။     ဒီနယ်မြေကိုအဲ့ဒီခေတ်အခါက စစ်မီးကို     ဦးခင်ညွှန့်ရဲ့ အလင်းဝင်ခြင်းဆိုတဲ့ကျည်တစ်တောင့်နဲ့     ဖြိုခွင်းခဲ့တ… Read More
  • စိုးရိမ်ရေအမှတ်နိူင်ငံရေးမှာတိုက်ဆိုင်မှု့မရှိဘူး ကြိုတင်ကြံစီထားလို့သာတိုက်ဆိုင်မှု့တစ်ခုအနေနဲ့ဖြစ်ပေါ်လာတာယူနီကုတ်သုံးစွဲမှု့ကိုပြောင်းလဲပေးသင့်တယ် နောက်တစ်ခုကပညာရေးဝန်ကြီးဌာနအနေနဲ့ ဗျည်းအက္ခရာတွေယနေ့သင်ကြားနေမှု့အပေါ်ပြန်လည်ပြောင်းလဲပြင်… Read More
  • အသက်နဲ့ရင်း ကာကွယ်ခဲ့ရတဲ့ ဗီယက်နမ်တို့ရဲ့ ဗုဒ္ဓဘာသာ    ၁၉၆၃-ခုနှစ် မတိုင်မီက ဗီယက်နမ်နိုင်ငံဟာ အမေရိကန်ရဲ့ခြယ်လှယ်မှုကြောင့် တောင်၊ မြောက် နှစ်ခြမ်းကွဲနေချိန် တောင်ဗီယက်နမ်မှာ အာဏာရ သမ္မတဖြစ်လာသူဟာ ကတ်သလစ် ခရစ်ယန်ဘာသာဝင် "Diem"ပါ။ သူဟာ အမေရိကန် အားပေးထောက်ခံမှုနဲ့ တောင်ဗီယက်န… Read More