Monday, March 14, 2022

CDM ပညာရေးဝန်ထမ်း ငတုံးများ သိဖို့


       ကဲ စစ်အစိုးရ နဲ့ ဦးသိန်းစိန် တို့ ဖျက်ဆီးသွားတယ် ဆိုတဲ့ ပညာရေး ပြန်ကြည့်ရအောင်ဗျာ ။ 

- ၁၉၈၉ မှာ စာမေးပွဲ မဖြေရ

-၁၉၉၀ ကစ ပြီး အခြေခံကျောင်းတွေ ဖွင့်

-တက္ကသိုလ်တွေကတော့ ဖွင့်လိုက် ပိတ်လိုက် နဲ့ တက္ကသိုလ်ထဲက မြေအောက်ယူဂျီဆရာတွေ ဖမ်းလိုက်နဲ့ ကစားနေကြလို့ ၁၉၉၀ ခုနှစ်က ၁၀ တန်းအောင်ထားသူတွေ နဲ့ ၁၉၉၁ အောင်ထားသူတွေ ၂ တန်းပေါင်းပြီး ၁၉၉၃ မှာ ကျောင်းဆက်တက်ခဲ့

- ၁၉၉၄ မှာ ဆရာတွေက အပြင်အလုပ် လုပ်ပြီး ကျောင်းမတက်တဲ့ ကင်းကွာတွေကို စီစစ်ပြီး ၁၉၉၅ မှာ ဖြုတ်သင့်တာဖြုတ် ခန့်သင့်တာခန့် နဲ့ စနစ်ကျလာပါတယ် ။

- ကုစားစနစ် နဲ့ သင်ကြားခိုင်းလို့ ၉ တန်းအထိ အကျမရှိသလောက် ဖြစ်လာခဲ့ပါတယ် ။ (ဝေဖန်ခံရဆုံး စနစ်ပါပဲ)

- ၁၉၉၈ မှာ ကလေးတိုင်း ကျောင်းနေနိုင်ရေး စီမံချက်စတင်ပါတယ် ( တရွာ တကျောင်း ရှိရမယ် ဘာညာပေါ့ ဒီတော့ ကလေးတိုင်း ၄ တန်းအထိ သင်နိုင်ပါပြီ )

- ၂၀၀၀ ခုနှစ်က. စပြီး မူလတန်းကျောင်းတွေကို မူလွန်စနစ် ( ၅ ၊ ၆ ၊ ၇ ). အစရှိသဖြင့် တနှစ်တတန်း အဆင့်မြှင့်ပေးခဲ့

- ၂၀၀၀ ခုနှစ်က စပြီး မူလတန်း free ပညာရေး ကျင့်သုံးခဲ့ပြီး နောက်နှစ်တွေမှာ ၅ ၊၆.၊ ၇ ၊ အစရှိသဖြင့် စီနီယာအတိုင်း free စနစ် စတင်ခဲ့ပါတယ် ။ 

-၁၉၉၆ မှာ ၁၀ တန်းအောင်များ အတွက် ပညာရေးကောလိပ်ဖွင့်ခဲ့ပြီး ထူးချွန်လျှင် BEd ပေါင်းကူးခွင့် ရှိခဲ့ပါတယ် 

- ၁၉၉၈. မှာ နိုင်ငံခြားကို ပညာတော်သင် အများအပြား စတင်စေလွှတ်ခဲ့ပါတယ် ။ 

- ဆရာ/ ဆရာမ များအတွက် ဘွဲ့ရ မူလတန်းပြ အဖြစ် PGDT သင်တန်း စတင်ခဲ့ပါတယ် ။  

-ဦးသောင်း အစီအစဉ်နဲ့ GTI ပြီးတော့ BTech ဘွဲ့ပေး ။ ထူးချွန်သူတွေကို ရုရှားထိစေလွှတ်ပြီး BE ဘွဲ့သင်ယူစေခဲ့ သလို 
YIT နဲ့ MIT ကျောင်းတွေ ဖွင့်ပြီး BE ဘွဲ့ ပေးခဲ့တယ် ။ သိပ္ပံနဲ့ နည်းပညာ ကျောင်းတွေ အမြောက်အများ ဖွင့်ခဲ့တယ် ။ 

-၁၉၉၉ မှာ စိုက်ပျိုးရေး ဝါသနာပါသူများအား ၇ တန်းအောင်လျှင် ဂျပန်သို့ ပညာတော်သင်စေလွှတ်ပေးပါတယ် ။

-၂၀၀၅ မှာ MA နဲ့ MSc များအတွက် CET သင်တန်းဖွင့်ပေးပြီး အထက်တန်းပြ ခန့်အပ်ခဲ့ပါတယ် ။ 

-၂၀၀၆ မှာ SCET တွေ အများအပြား ထပ်ခေါ်ခဲ့ပါတယ် ။ 

- နောက် မြို့နယ်တွေမှာ ၁၀ တန်းအောင်များအား ကျောင်းစာရေး နဲ့ ဆရာ /ဆရာမ အဖြစ် နေ့စား လပေး တရက် ၃၀၀ဝိ/ နှုံး နဲ့ ခန့်ပေးပြီး အားဖြည့်ခဲ့ပါတယ် ။

- PPTT သင်တန်းတွေ ထပ်ဖွင့်ပါတယ် ။

- ဦးသိန်းစိန်ဟာ ပညာရေးမြှင့်တင်ဖို့ Email နဲ့ ပေးပို့ အကြံပြုပါရန် သတင်းစာများမှာ ကြေငြာခဲ့ပါတယ် ။ ဒါ့အပြင် အခြေခံပညာလေ့ကျင့်ရေးသင်ကြားမှု ဦးစီးဌာန က DG ကိုယ်တိုင်အား ရန်ကုန်ရှိ
ဦးသန်းဦး တို့လို ပညာရှင်တွေဆီသို့ တအိမ်ဆင်း တအိမ်တက် မေးမြန်းစေပြီး ပေးသမျှအကြံဉာဏ်များ ရယူကာ ၄ တန်း အား မြို့နယ်စစ် ၊ ၈ တန်းအား တိုင်းစစ်ဆိုပြီး လုပ်ခဲ့ကြပါတယ် ။ 

- ၁၀ တန်းအား အမှတ် ၄၅၀ ကျော်နဲ့ အောင်မြင်တဲ့ ကျောင်းသားများအား COE ဆိုပြီး အဆောင်ပေးတယ် ထောက်ပံ့ကြေး ပေးပါတယ် ။ ထူးချွန်ကျောင်းသားများအား နိုင်ငံခြားပညာတော်သင် စရိတ်ထောက်ပံ့ပေးပြီး စေလွှတ်ခဲ့ပါတယ် ။ 

- ၂၀၁၄ မှာ E...Learning Centre တွေဖွင့်ခဲ့ပါတယ် ။ အချို့ ကံကောင်းတဲ့ ရွာတွေက ကလေးတွေဟာ Tablet တွေ ပေးစမ်းသင်ပေး နေပါပြီ ။ (မြင်းခြံမှာ ထနောင်းတိုင်ရွာ က ကလေးတွေ သင်ရတယ်လို့ ဆိုပါတယ်)

- ယခု အစိုးရ ပညာသင်စရိတ် ထောက်ပံ့မှုတွေ ရနေပါသလား ? (NLDလက်ထက်က တင်ခဲ့တဲ့ ပို့စ်မို့ အတွေးတွေ ဝေဝါးသွားမှာစိုးလို့ စကားချပ်ပါ)

- နိုင်ငံခြားပညာတော်သင် စနစ် ဖျက်လိုက်ပါပြီ 

- ၂၀၁၆ က PPTT သင်တန်းဆင်းများ ၂၀၁၈ အထိ မခန့်ရသေးပဲ ခန့်ပြီးသူအချို့လည်း လုပ်ငန်းခွင် မဝင်ရသေးဘူး လို့ ကြားပါတယ် ။ 

-DTED တွေလည်း သင်တန်းဆင်းပြီး ၉ လ ကြာတဲ့ အထိ ဘာသံမှ မကြားရသေးဘူးလို့ ဆိုပါတယ် ။ 

- NLD ရဲ့ ပညာရေး ပြုပြင် ပြောင်းလဲမှုတွေ ကတော့ ရေးပြီး ဖြစ်လို့ အထူးပြောစရာ မလိုတော့ပါဘူး ။ 

   ကဲ စစ်အစိုးရ ဖျက်ဆီး ခဲ့တယ် ဆိုတဲ့ ပညာရေး သမိုင်း ဟုတ် မဟုတ် ဆရာ ဆရာမ တွေ အသိဆုံးပါပဲ ။ ဘယ်သူက ပညာရေး အပေါ် စေတနာ မှန် ခဲ့ သလဲ ဆန်းစစ်ကြည့်ကြပါတော့ ဗျာ ။

( အချက်အလက်များအား Zuzanaungaung ACC မှ ရရှိပါတယ် )

         မျိုးဝင်း

(CDM ပညာရေးဝန်ထမ်း သစ္စာဖောက်တွေ ကြက်ခြေခတ်ဖို့တောင် မတွေးမိလောက်အောင် ကျက်သရေတုံးလွန်းတယ် )

Related Posts:

  • ရွှေရောင်ရှု့မျှော်ခင်းများပန်းချီကားအလားထင်ရောင်မှားသည်စစ်ကိုင်းတောင်တလွှားရွှေရောင်ရှု့မျှော်ခင်းများ 🏔🏝🌅ရုပ်ခန္ဓာကိုယ်ကျန်းမာဖို့ အစားအစာတွေနဲ့အစာကျွေးကြသလိုစိတ်ကျန်းမာဖို့အတွက်လည်းစိတ်နှလုံးကို အေးချမ်းစေနိုင်တဲ့ ရှု့မျှော်ခင်းတွေနဲ့အစာကျွေးရပါမ… Read More
  • နားလည်မှု အရေးကြီးပါတယ်            လိုင်းပေါ်မှာ တင်နေကြတဲ့ ပို့စ် တွေအပေါ် ဝေဖန်ထောက်ပြကြတဲ့အခါ မိမိရဲ့ ပိုင်းဖြတ်နိုင်စွမ်းဟာ အရေးကြီးပါတယ် ။ လိုင်းပေါ်မှာ ကိုယ်သန်ရာ သန်ရာ နည်းတွေနဲ့  မတူကွဲပြားတဲ့ ရေးဟန်တွေ နဲ့  တင်ပြကြပါတယ် ။ - တချို့က ဒဲ့- တခ… Read More
  • ဒဂုံတက္ကသိုလ်က ခေါင်းလောင်းသံ        ကျနော့်မိတ်ဆွေ တဦးရဲ့ သမီးလေးဟာ ဒဂုံတက္ကသိုလ်မှာ ပညာသင်ကြားနေပါတယ် ။ အဏုဇီဝဗေဒ မေဂျာ ဖြစ်ပါတယ် ။    အဲဒီကျောင်းသူဟာ ဗိုလ်သင်တန်းတက်ရောက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကြိုးစားနေသူ ဖြစ်ပါတယ် ။     ဒုတိယနှစ် ကျောင်းသူဘဝမှာ တ… Read More
  • 💥 အ စဉ် ထာ ဝ ရ နဲ့ မ င်္ဂ လာ ည မှာ ဖြင့်....💥🔸 ဇာတ်ဆရာဇဝေဇဝါဆိုးတည်ထောင်ပြီး.           မင်းသမီးချော                 ခါတွန့်စိန်(အင်္ဂလန်ပြန်)ဦးဆောင်ကပြမယ့်                ❣ ခါတွန့်စိန်တို့ကတဲ့.ဇာတ်ပွဲ❣                       ~~~~~~~~~~~~~~~🖤 ဘုရားကန်တော့ခန်း..ဘာသာပေါ… Read More
  • ဒေါ်စုကလည်း ဒီမိုကရေစီမိခင်မို့သာ အာဏာရှင်သာဆို ကင်ဂျုံအန်ကအမေခေါ်ရမယ်PDF ကလည်းပြည်သူ့ကာကွယ်ရေးတပ်မို့သာအကြမ်းဖက်သာဆို IS ကအဖေခေါ်ရမယ်အနီတွေကလည်း ဓမ္မဘက်တော်သားမို့သာအဓမ္မသာဆို မာရ်နတ်နဲ့ဒေဝဒတ်က ဆရာခေါ်ရမယ်NUGကလည်းရုံးခန်းတောင်မရှိတဲ့ အွန်လိုင်းအစိုးရမို့သာတပ်မတော်လိုသာလက်နက်ရှိ ကမ္ဘာပါလေနဲ့သိမ… Read More