Friday, March 18, 2022

သံဝေဂ


 - ၈၈ အရေးအခင်းမှာ ရန်ကုန်တက္ကသိုလ်ကြီးမှာ အခြေပြု သပိတ်တွေကို နှိမ်နင်းခဲ့သူ......

- ကျောင်းထဲမှာ တာဝန်ကျရင်း ဖာခေါ်ချလို့ နာမည်ပျက်ခဲ့ရသူ သူရဘွဲ့ ရရှိခဲ့သူကြီး.....

- စာရိတ္တမှင်နီတားခံလိုက်ရတော့ နောက်က ဂျူနီယာတွေ တိုင်းမှူးဖြစ်ချိန်မှာ သူရဘွဲ့ကြီး ပိုက်ပြီး တန့်နေတဲ့ ရာထူးနဲ့ ကိုယ့်မျက်ချေးကို မမြင်ပဲ တပ်မတော်ကို မကျေမနပ်ဖြစ်ခဲ့ရသူကြီး...

- နအဖခေတ်မှာ သာသနာရေး ဒုဝန်ကြီးဘဝ နဲ့ ရပ်တည်ခဲ့ရပြီး ခေတ်အပြောင်းမှာ ဦးသိန်းစိန်က နေရာမပေးလို့ ပါတီ CEC ဖြစ်​နေသော်ငြား ပါတီကို နောက်ကျော ဒါးနဲ့ ထိုးခဲ့သူကြီး...

- NLD ခေတ်မှာ အပြေးအလွှား ထမီခြုံ ခြံခုန်ပြီး သာဝန် ရာထူးနဲ့ ကိုယ့်ဘာသာ သာသနာကို ဖျက်ဆီးနှိမ့်ချခဲ့သူကြီး....

- မဘသ ဖျက်တာ အားမရလို့ ဗုဒ္ဓဓမ္မဖောင်ဒေးရှင်းပါ ဖျက်နိုင်ဖို့ ဦးဆောင်ဆရာတော်ဖြစ်တဲ့ အင်းစိန်ဆရာတော်ကြီးကို ကျန်းမာရေး ဆေးကုသဖို့ စင်္ကာပူ သွားရမှာကို ပြည်ထွက်ခွင့် ယုတ်မာစွာ ပိတ်ထားပြီး ဗုဒ္ဓဓမ္မဖောင်ဒေးရှင်း ဖျက်မှ ​ပြည်ပထွက်ခွင့် ပြုမယ်လို့ အကုသိုလ်ယူ ယုတ်မာခဲ့တဲ့သူကြီး.....

- ဗုဒ္ဓဘာသာကို ဘာသာခြားတွေနဲ့ တန်းညှိပြီး မြန်မာဗုဒ္ဓဘာသာဝင်တွေကို ဘာသာခြားတွေကို ကန်တော့ခိုင်းတဲ့ လူယုတ်မာကြီး ၊ ရွှေတိဂုံမှာ ဘုရားရန်ပုံငွေနဲ့ ကြီးမားခမ်းနားတဲ့ ဘာသာပေါင်းစုံပွဲ ကျင်းပဖို့ စေခိုင်းခဲ့သူကြီး...

(ဂေါပက ဥက္ကဌ ဦးသောင်းထိုက်တို့ သူခိုင်းသလို မလုပ်ပဲ ဆန့်ကျင်ခဲ့ကြလို့ ပွဲ ဖြစ်မြောက်မသွားခဲ့တာ ရွှေတိဂုံသမိုင်း မရိုင်းစေခဲ့လို့ ကျေးဇူးတင်စရာပါ)

- လူပေါင်း ထောင်ချီဆန့်တဲ့ ဗလီကြီးတွေ ဆောက်ပေးချင်ပြီး ဘုန်းကြီးကျောင်း ၁၈၀ ကျော် ဖျက်ပစ်ခဲ့သူကြီး.....

- ရိုးသားလွန်းလို့ ကိုယ်ပိုင်ကား မရှိဘူးတဲ့ ချွေတာနေထိုင်စားသောက်တတ်သတဲ့ ပြီးတော့မှ လာဘ်စားမှုတွေ ဖုံးမရ ဖိမရ ပေါ်လာတယ် ချွေတာစားတာ ၂၀ ကျပ်သား ရွှေပန်းကန် နဲ့ တဲ့ ထွီ........

          အဲဒီလူက နာမည်ပြောစရာ မလိုအောင် သိပြီးသားပါ ။ ဗုဒ္ဓဘာသာဝင်မျိုးချစ်တွေ ချီးထက်ရွံတဲ့ အောင်ကိုပါပဲ ။ 

      အခုတော့ လာဘ်စားမှုနဲ့ ထောင် ၁၂ နှစ်ကျခဲ့ရပြီ ။ သူမက်မောခဲ့တဲ့ ရွှေပန်းကန် နဲ့ ကားတစီး အသိမ်းခံရသတဲ့ ။ 

       ထောင်ကျပြီး ၃ ရက်အကြာမှာ ပါးရွဲ့လာပြီး သရေတွေ မထိမ်းနိုင်ဘူးတဲ့ ။ လမ်းလျှောက်ရာမှာလည်း အဝီစိက ဆွဲခေါ်နေသလို ခြေတွေ လေးကန် တုံ့ဆိုင်းနေသတဲ့ ။ ဒီသတင်းက သူ့သမီး ကိုယ်တိုင် တင်ထားတဲ့ သတင်းမို့ မှန်မှာသေချာပါတယ် ။ 

        ထောင်ကျရဲ့ သဘောက အချုပ်ကျနဲ့ မတူတော့ပါဘူး ။ ထောင်ကြီးချုပ်ထဲမှာ အမှုရင်ဆိုင်နေဆဲ အချုပ်သားဆိုတာ ပြန်လွတ်နိုင်တာမို့ ထောင်ဝတ်စုံ မဝတ်ရပါဘူး ။ ထောင်ကျတွေ ၊ ဝန်ထမ်းတွေ ထင်တိုင်း အနိုင်မကျင့်ရဲပါဘူး ။ 

       ကဲ အဲဒီကနေ ထောင်ကျဖို့ အမိန့်ချလိုက်တာနဲ့ ဗူးဝအဝင်မှာပဲ ထောင်သားစာရင်းသွင်း ၊တကိုယ်လုံးချွတ် ရှိသမျှ ထင်ရှားတဲ့ အမှတ်အသား မှတ်တမ်းယူ ၊ ထောင်ကျနံပါတ်ပေး ၊ ထောင်ဝတ်စုံဝတ် ၊ ပုံစံခန်းပြောင်းရပါပြီ ။ 

      ပုံစံခန်းမှာ အဆင့်အတန်းအားလုံး ထောင်တွင်း ပြောဆိုနေထိုင်ဖို့ သင်ကြားရပါတယ် ။ အဆင်ပြေရင် ပါးနား အရိုက်မခံရပါဘူး မပြေရင်တော့ အသက်အရွယ်မရွေး အဗျင်းခံရပါမယ် ။ 

         ဒီတော့ စီရင်ချက်ချလိုက်တာနဲ့ ထောင်ဝတ်စုံနဲ့ အချုပ်ခန်းထဲက ကိုယ်အိပ်ယာလိပ် ယူရကထဲက သိမ်ငယ်ကြောက်ရွံ့နေရပါပြီ ။ စိတ်ဓာတ်ပြိုကျသွားပါပြီ ။ 

     ပြုခဲ့ဖူးတဲ့ အကုသိုလ်တို့ အကျိုးပေးချိန်ရောက်လာတော့ ရောဂါပေါင်းစုံ ခေါင်းထောင် လက္ခဏာပြလာပါပြီ ။ 

        သံဝေဂ ယူနိုင်ပါရန်လည်းကောင်း ၊ ဗဟုသုတ အတွက်လည်းကောင်း ၊ NLD စစ်စစ်များထက် သာကူးသူရကြီးအား ပိုမို မုန်းတီးနေတဲ့ မျိုးချစ် ဗုဒ္ဓဘာသာများ အတွက် တင်ပြလိုက်ရပါတယ် ဗျာ ။ 

       ကိုရွှေမျိုးဝင်း

(အမြဲတမ်း မှန်နေမယ့် မြတ်ဗုဒ္ဓရဲ့ ဆုံးမစကားပါ)

Related Posts:

  • ပေါက်ကရ ကောလဟာလများ၁ ။ တပ်ချုပ်ကြီးက တာဝါတိုင်တွေ မဖျက်ဆီး နဲ့ စစ်သားတွေ နဲ့ တိုက်ပါ ဆိုပြီး ပြောသတဲ့.......(အဲ သလောက်များ အ နေရင် ဒေါ်စုကြည် လက်ထဲက အာဏာ ဘယ်လုရဲ မလဲ ၊ တပ်ချုပ်ကြီးက ပန်ကာအထက်က ဝက်အူ ၊ ဝက်အူအထက်က သဘော်ဆေး သဘောပေါက် ပါ ။ ဘယ်တော့မ… Read More
  • UN & UEC Vs NLD         ပထမဆုံး 14-9-2021 က UN မှာ ဆုံးဖြတ်မယ်ဆိုတဲ့ ကိစ္စ အတွက် နှစ်ဖက်လုံးက နိုင်ပြီ ဆိုပြီး ဝေလေလေ ထအော်နေကြပါတယ် ။ တကယ်တန်းကတော့ နစက အတွက် UN ရဲ့ ဆုံးဖြတ်ချက်က ဘာရလာဒ်ပဲ ထွက်ထွက် ရင်ခုန်စရာ မလိုတဲ့ အနေအထားပါ ပဲ ။        … Read More
  • အကြောင်းရင်းကို ရှာသောအခါဝယ်          ဒီကနေ့ ဖြစ်ပျက်နေတဲ့ နိုင်ငံရဲ့ အခြေအနေ နဲ့ တပ်မတော်ရဲ့ အနေအထား ၊ လုပ်ဆောင်ချက်တွေကို သုံးသပ်ကြည့်မိပါတယ် ။          ၈၈ တပ်မတော်ရဲ့ လုပ်ဆောင်ချက်များဟာ ပထမဆုံး နိုင်ငံတော်ကို ငြိမ်ဝပ်ပိပြားအောင် စတင်ကိုင်တွယ်ပါတယ် ။… Read More
  • နွားခိုး နှိမ်နင်းရေး ဗျူဟာ စပြီ       ဟိုတုန်းကရေးဖူးတယ် ။ နဝတလက်ထက် နွားခိုးတွေ သောင်းကျန်းတော့ ရွာထဲ နွားခြေပျောက်ရင် ရွာသားတွေကို ဖော်ခိုင်းတယ် ။ ရွာညီပြီး မဖော်ရင် တရွာလုံး ဖျက်ပစ်တယ် ပြီးရော ။ ဒီလိုနဲ့ နောက်ဆို ကိုယ့်ရွာသား နွားခိုးလာတာနဲ့ စစ်တပ်ပြေးတ… Read More
  • သမိုင်း ထဲက သမိုင်းမှန်အောင်ဆန်း-အက်တလီစာချုပ်( 27-1-1947)1945-46 ရွှေဒဂ်ါး သန်း    ၈၀1946-47 ရွှေဒဂ်ါး သန်း    ၇၅----------------------------          Total.                ၁၅၅     အကြွေးလျှော်          -   ၁၅-----------------------------         … Read More