Monday, March 14, 2022

တိုင်းရေး ပြည်ရေး


       ကိုစိုးရောက်လာတော့ လက်ဖက်ရည်ဆိုင်သွားပြီး လေကန်ဝေဖန်ကြရပြန်ပါတယ် ။ 

"ငမျိုးရေ မင်း နိုင်ငံရေးသတင်း မရေးတာ ကြာပြီလား လို့ ''

"ရေးစရာမှ ထူးထူးခြားခြား မရှိပဲလေ ''

"NLD ပါတီကို ၃ နှစ်ပဲ ဆိုင်းငံ့လို့ ဆဲနေကြတာ ထူးခြားတယ်လေ ''

"UEC ဥပဒေအရ စာရင်းစစ်ဆေးခြင်း လက်မခံလို့ အဲဒီပုဒ်မအရ ပြစ်ဒဏ်က ၃ နှစ် ဆိုင်းငံ့လို့ပဲ ရတာလေ ၊ နောက်ပုဒ်မ အပိုဒ် (င) နဲ့ ထပ်စွဲမှ ပယ်ဖျက်လိမ့်မယ် ဒါက စာရင်းစစ်မခံတဲ့ UEC ဥပဒေကို ဖောက်ဖျက်တဲ့ ကိစ္စပဲ ရှိသေးတယ်လေ ''

"ဟမျ ဒါဆို..''

"၂၀၀၈ ခြေ/ဥ ရဲ့ အာဏာကို မတော်မတရား ရယူသော ဆိုတဲ့ အချက်နဲ့ စွဲချက်တင်ပြီ ဆိုမှ ကိစ္စပြတ် လုပ်လို့ရမယ်လေ ''

"သြော် ဟုတ်ပြီ အခုဟာက ညှိုသကြီးပဲ ရိုက်ထားသေးတာ ခေါင်းကို မရိုက်သေးတဲ့ သဘောပေါ့ ..နောက်ပြီး စစ်ရေးသတင်းတွေ ကြားနေရတာ ကောင်းတာလည်း မကောင်းတာလည်း ပါနေတယ် ကွ ''

"အဲဒါ မဆန်းပါဘူး ဟိုတုန်းကတည်းက ဖြစ်နေကြပါ ပြီးတော့ အခု လက်ရှိတပ်မတော်က ဖိုက်တာခေတ် မဟုတ်တော့ဘူး ဆိုတော့ ခံရတာ မဆန်းဘူးလေ ''

"ဘယ်လို ဖိုက်တာခေတ်လည်းကွ''

" အခု တပ်မတော်ရဲ့ မူဝါဒက စစ်သား စစ်ဗိုလ်တွေသည် စစ်တိုက်တတ်ဖို့ အရေးမကြီးဖူး ၊
ဥပဒေစာအုပ်တွေ ကြေညက်ရမယ် သီးစစ်ရေးတတ်ရမယ် (တခြားသူရေးခိုင်းတာ မခိုင်းတာ မသိဘူး) ဒါမှ ထိပ်တန်းရာထူးတိုးမြှင့် ပေးမယ် ဆိုတော့ကား....စစ်တိုက်တတ်တဲ့ အရာရှိတွေ ဗိုလ်မှူးကြီးအဆင့်နဲ့ဒစ်လည်ပြီး အပြင်အရပ်ဖက် ရောက်ကုန်ရတဲ့ မူဝါဒကြောင့် ပဲ ဗျ ''

"မင်းဟာက ဟုတ်လို့လားကွာ ဘယ်နဲ့ စစ်သားက ရာထူးတိုးဖို့ စစ်တိုက်တတ်ဖို့မလိုပဲ ဥပဒေ နဲ့ သီးစစ်တင်နိုင်တဲ့အထိ စာပြန်ကျက်ရမယ်ဆိုတော့......လူကြားမကောင်းကွာ ''

"အမှန်ပဲ ဗျူဟာမှူးတွေ စစ်ဦးစီးတက္ကသိုလ် တက်ခွင့်ရဖို့ ဆရာရှာနေရတဲ့ ဒုက္ခ သူတို့သာ မေးကြည့်ပေတော့ ဗျာ တကယ့်ကို ဘာမှန်း မသိတဲ့ တိုင်းပြည်ကြီးပါဗျာ ''

"သြော် ဒီလိုတွေကြောင့် လူကြားမကောင်းတဲ့ ဖြစ်စဥ်တွေ ဖြစ်နေကြတာကိုး ကွ သူပုန်တွေကလည်း ရဲတင်းလာသလိုပဲ ကွ ''

"ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့က တပ်ချုပ်ကြီးပြောထားတဲ့ တပ်မတော်က ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ထားပါတယ် ဆိုတာ ပြည်တွင်းမှာ မနိုင်မနင်းဖြစ်နေလို့ ပြောနေတာလို့ ယူဆပြီး အခွင့်အရေးယူတိုက်နေတာ ဗျ ''

"အေးကွ အဲဒါတော့ တကယ့် ရူးကြောင်ကြောင်အယူအဆပဲ သူတို့မကြောက်တာလည်း မပြောနဲ့ကွ KIA ဒီလောက်ဇောင်းထနေတာတောင် ဌာနချုပ်မသိမ်းပါဘူးလို့ ထပြောနေတော့ ဘယ်သူက ကြောက်မလဲကွ ''

"မှန်တယ် ကိုစိုး တိုင်းပြည်အတွက် ဒီထက်ဆိုးတာတွေ လာအုံးမယ် CDM လို ပုပ်နေတဲ့ သစ်သီးတွေကို ဖုန်သုတ်ပြီး Non CDM လို လတ်ဆတ်နေတဲ့ သစ်သီးကြားထဲ ပြန်ရောထည့်နေတာကြောင့် ဝန်ထမ်းလောကကြီး ပိုပြီး ပျက်စီးရအုံးမှာ ကျိန်းသေပဲ ''

"ခက်တော့နေပြီကွ အခုလုပ်နေတာက ငှက်ပျောပင် အနှစ်တွေ့ရနိုးနဲ့ တဖက်ခြင်းလှန်ရှာတာထက် ဆိုးနေပြီ ကွ ''

"ဟုတ်ပါ့ ဗဟုသုတမရှိပဲ သာမန်အတွေးအမြင်နဲ့ လမ်းဆုံးနေပြီး သီဟိုစေ့ အသီးထဲ လိုက်ရှာတဲ့ လူမိုက်နဲ့ တူနေတာပဲ ဗျ ''

"အေးကွာ အဲဒါတော့ အတော်စိတ်ပျက်စရာပဲ ကွ အင်မတန် အရေးကြီးတဲ့ ပညာရေးဝန်ထမ်းတွေထဲက CDM တွေကို ပြန်လက်ခံတာ ကလေးတွေကို အဆိပ်ပြန်ခပ်ခံရမှာ ဆိုတာလောက်တော့ အစိုးရလုပ်စားနေတဲ့ သူတွေ သိဖို့ ကောင်းတယ်ကွာ ''

"ဟဲ ဟဲ အရမ်းလည်း စိတ်မပူပါနဲ့ ကျုပ်တို့ တိုင်းပြည်က စောက်သုံးမကျတဲ့ အုပ်ချုပ်မှုနဲ့ အသားကျနေတာ ကြာပါပြီ... ''

"မင်းပြောမှ ပိုဆိုးနေပြီ ကပ်တွေ ဆိုက်နေပါတယ် ဆိုမှ.....''

"အဆိုးထဲက အကောင်းဗျ ဝန်ကြီးဌာနတွေ စောက်ဖိုးမတန် လုပ်ရပ်တွေ ထင်သာမြင်သာ ရှိလာရတာ ပြောင်းလဲဖို့ တွန်းအားဖြစ်ရတာပေါ့ ဗျာ ''

"အင်း..ဘာတွေ ပြောင်းလဲ ရမှာလဲ ကွ ''

"အခု ပြဿနာတက်နေတဲ့ စွမ်းအင် လျှပ်စစ်ကိစ္စအရင်ကြည့်လေ ကိုယ့်ဆီက ထွက်နေတဲ့ ဂါတ်ငွေ့ ကိုယ်တိုင်ထုတ်ဖို့ အရင်းအနှီး ၊ နည်းပညာ တသက်လုံးက မရှာခဲ့ဘူး လွယ်လွယ်ပဲ လုပ်ပိုင်ခွင့် ရောင်းစား ခွဲတမ်းလေးနဲ့ အချောင်စားလာတဲ့ ဝန်ကြီးဌာန အခုလို မိုးထဲလေထဲ ရောက်တော့ သဘာဝဓာတ်ငွေ့ စျေးကြီးလို့ ပိတ်ထားရပါတယ် ဆိုတော့ ကျုပ်မှာသာ အခွင့်အရေးရှိရင် ခေတ်အဆက်ဆက်က စွမ်းအင်ဝန်ကြီးတွေ နဲ့ ညွှန်မှူးညွှန်ချုပ်တွေကို ပါးတွေချည်းရိုက်ပစ်ချင်လာတာ အမှန်ပဲ လုံးဝ စောက်သုံးမကျပဲ ဘက်ဂျက်တွေ ဖြုန်းခဲ့ကြလို့ လေ ''

"အေးကွ ရေနံလဲ ဘာထူးလဲကွာ အဆင့်မြင့် ဓာတ်ဆီထုတ်နိုင်အောက် မကျိုးစားပဲ အခုထိ လိမ်နေခဲ့ကြလို့ လောင်စာဆီပြဿနာ ခေါင်းခဲနေကြရတာ မဟုတ်လား ''

"ဒီလူတွေ လုပ်စားနေကြတာ များပြီ ဗျ လောင်စာဆီက သဘော်ကြီးတွေ နဲ့ သယ်ရင် စျေးတမျိုး ၊ သက်သာတယ် မြန်မာပြည်မှာ အခုထိ အဲလို သဘော်ကြီးတွေ တိုက်ရိုက်ကပ်နိုင်တဲ့ ဆိပ်ခံမရှိဘူးတဲ့ ၊ ဒီတော့ အသေးစား အလတ်စားသဘော်တွေနဲ့ စျေးကြီးပေး သုံးကြရသတဲ့ ၊ ဆီတိုင်ကီ ကြီးကြီးမားမား မရှိဘူးတဲ့ သိုလှောင်ခစျေးကြီးပေးရပြန်တယ် လေ ''

"အင်း..တိုင်းပြည်ရဲ့ အရင်းအမြစ် ဘက်ဂျက်တွေကို တိုင်းပြည်အကျိုးအတွက် မသုံးကြပဲ ဌာနအတွက် ၊ ဝန်ကြီး ဝမ်လေး အတွက် ငွေရရင်ပြီးရော ဆိုပြီး အမျှော်အမြင်မရှိ ၊ စေတနာမရှိတဲ့ လုပ်ရပ်တွေဟာ အခုတော့ ပေါ်လာကြရပြီပေါ့ ကွာ ''

"အေးဗျ ကျနော် နိုင်ငံရေးအကြောင်း မရေးချင်တာ အဲဒါတွေကြောင့်ပဲ ကဲ ပြန်ကြစို့ဗျာ ''

        ကိုရွှေမျိုးဝင်း

(တချို့ကာတွန်းတွေက အမှန်တရားတွေပါ)