Sunday, November 14, 2021

ပေါက်ကရ ဒေသန္တရ အမိန့်


    မကွေးကနေ စလိုက်တဲ့ ဒေသန္တရ အမိန့်တဲ့ ။ ဆိုင်ကယ် တစီးတည်းပေါ် ယောကျ်ားလေး နှစ်ယောက် မစီးရတဲ့ ။ 

       ဘာကြောင့်လဲ ဆိုတော့ ဆိုင်ကယ်တွေ နဲ့ ပစ်ခတ် ထွက်ပြေးကြလို့ တဲ့ ။ ဖြစ်ရမှာက ယောကျာ်းလေး နှစ်ယောက်စီးလာရင် ခေါ်ယူစစ်ဆေး ဘာမှ မပါရင် ဆက်သွားခိုင်းရမှာ မဟုတ်ဖူးလား ။ 

       အခုတော့ အဲသလို မစစ်ဆေးချင်ပဲ စောက်ပျင်းကြီးပြီး လွယ်လွယ်ပဲ အမိန့်ထုတ်လိုက်တယ် ။ ကဲ ဆိုင်ကယ် ကယ်ရီ ဆွဲစားနေရတဲ့ လူတန်းစား နဲ့ ဆိုင်ကယ်ကယ်ရီလေး အားကိုးပြီး သွားလာ စီးပွားရှာနေရတဲ့ ပြည်သူတွေ နဲ့ မှီခိုသူတွေ အတွက် ဘာစဥ်းစားပေးထားသလဲ ။ 

     အခုဆို ဟိုနေရာကလည်း ဒေသန္တရအမိန့် ဒီနေရာကလည်း ဒေသန္တရ အမိန့် နဲ့ တချို့နေရာတွေဆို လွယ်လွယ်ပဲ နှစ်ယောက်မစီးရ တဲ့ ကျား မ တောင် မခွဲတော့ဘူး ။ 

        ကျနော်ကတော့ သက်ဆိုင်ရာ လုံခြုံရေး တာဝန်ယူထားကြတဲ့ နယ်လုံဝန်ကြီးတွေ ရဲ့ ခပ်စုတ်စုတ် အမိန့်တွေကို အံ့သြမိတယ် ။ ကိုယ်သက်သာ ပြီးရော ဆိုပြီး အမိန့်တခုရဲ့ နောက်ဆက်တွဲကို မတွေးပဲ လွယ်လွယ်ထုတ်ပြန်ရဲတဲ့ ကျက်သရေတုံး စီမံခန့်ခွဲမှုတွေကိုပေါ့ ဗျာ ။

    ကဲ ပင်စင်ထုတ်မယ့် အဖိုးကြီးတွေ ဆိုင်ကယ်နဲ့ မသွားလို့ အခု အမိန့်ထုတ်တဲ့ ဒေသအာဏာပိုင်တွေက လိုက်ပို့မှာလား ။ 

       ဆိုင်ကယ်တစီးပဲ ရှိတဲ့ မိသားစုက ဆယ်တန်းကျောင်းသား ကျောင်းလိုက်ပို့တော့ ဘယ်လိုပို့ကြမလဲ ။ 

      ကယ်ရီ ဆွဲစားနေရတဲ့ သူတွေ ဝင်ငွေမရှိတော့ ခိုးစားကြရမှာလား ။ 

       နစက အနေနဲ့လည်း ဒေသအာဏာပိုင်တွေ ပေါက်ကရလုပ်နေရင် ထိမ်းသိမ်းပေးကြပါအုံး ။ တော်တော် စိတ်ပျက်စရာကောင်းတဲ့ အလွယ်ကြိုက် အမိန့်တွေ ပြန်သုံးသပ်ကြည့်ကြပါအုံး ။ 

       အင်း ငါကတော့ ဒီလို ခပ်ညံ့ညံ့အာဏာပိုင်တွေ နဲ့ ခပ်ပဲ့ပဲ့ အမိန့်တွေ မသက်ရောက်တဲ့ တိတ်ဆိတ်အေးချမ်းသော ဒေသမှာ မနိုင်ဝန် ထမ်းတယ် ဆိုချင်ဆိုပါစေတော့ အိချောပိုလေး နဲ့ သုံးညအိပ် လေးရက်လောက် ဟမ်းနီးမွန်း ထွက်ချင်တော့တာပါပဲ ။ 

      ကိုရွှေမျိုးဝင်း


Related Posts:

  • ”မြန်မာ နိုင်ငံဟု ခေါ်သည်”✍ မုန်တိုင်းသင့်လည်း နှစ်ဖွဲ့ကွဲ      အမြဲ ရန်ဖြစ်သည်။✍ မီးလောင်ပြန်လည်း နှစ်ဖွဲ့ကွဲ      အမြဲ ရန်ဖြစ်သည်။✍ မိုးကြီးပြန်လည်း နှစ်ဖွဲ့ကွဲ      အမြဲ ရန်ဖြစ်သည်။ ✍ ရေကြီးပြန်လည်း… Read More
  • "ကြောက်လို့ပါ"လျော့လွန်းလျှင်ပတ်တင်းလွန်းလျှင်ပြတ်။ဖုတ်လည်းတူးပြုတ်လည်းမနူး။တုတ်လည်းအော်ဆုတ်လည်းခေါ်။ဘာလုပ်ရမှန်းမသိယောင်ချာချာ ငါ့လာမကြည့်နဲ့။ပတ်မလားပတ်ပြတ်မလားပြတ်ပတ်ပတ်ပြတ်ပြတ်။ဖုတ်မလားဖုတ်ပြုတ်မလားပြုတ်ဖုတ်ဖုတ်ပြုတ်ပြုတ်။တုတ်မလားတုတ်ဆု… Read More
  • ရွှေမြန်မာတို့ သိဖို့ ရွှေအကြောင်း          ကျနော်တို့ နိုင်ငံဟာ အာဏာသုံးရပ်ကို မြန်မာတွေ ပိုင်ပိုင်နိုင်နိုင် ကိုင်ထားနိုင်တာကလွဲရင် ကျန်တဲ့ စီးပွားရေး နဲ့ ကျန်းမာရေး ကဏ္ဍကတော့ တိုင်းတပါးကျွန်ဖြစ်နေတာ တွေ့ရပါတယ် ။     … Read More
  • ခွေးပါးဝနေသော UN ဝန်ထမ်းတွေကို ဆုံးမရလိမ့်မည်.!ကြည့်မြင်တိုင် စည်ပင်ရုံးရှေ့မှာကာထားတဲ့ဘယ်ရီဂိတ်တွေကို crown အမျိုးအစားUNဝန်ထမ်းရဲ့ ကားမှ တိုက်ပြီးထွက်ပြေးသွားခဲ့တယ်။ဒီထွက်ပြေးသွားတဲ့ ကားကိုလခရအဖွဲ့မှ ပစ်ခတ်တားဆီးခဲ့ရာခွေးပါးဝနေသောUN သံတမန်အရာရှိဆိုတဲ့ အကောင်နဲ့စကာပြန်တစ်… Read More
  • မူ က ပြောတဲ့ ရဲဆေး          ကျနော်တို့ ပြင်းထန်စွာဝေဖန်ခဲ့ကြတဲ့ နိုင်ငံရေးပြစ်မှုများအတွက် အလွန်အကျွံဖြေလျှော့ပေးမှုများရဲ့ အကျိုးဆက်တွေက ဆက်တိုက်လာနေပါပြီ ။           အထူးသဖြင့် ဒေါ်စုကြည… Read More