ကျနော် ငယ်ငယ်တုန်းက ဖျော်ဖြေရေးဆိုတာ မြင်းခြံမှာ ရုပ်ရှင်ရုံ သုံးရုံပဲ ရှိပါတယ် ။ အခြားဘာမှ မရှိတော့ ရုပ်ရှင်ပဲ အားပြုနေရတဲ့ ကာလပေါ့ဗျာ ။
တရက် လူငယ်ရုံမှာ တရုတ် လက်တဖက်ပြတ် သိုင်းသမား ဇာတ်ကားပြပါတယ် ။ အလွန်လူကြိုက်များလွန်းလို့ ကြိတ်ကြိတ်တိုးနေရတာပေါ့ ဗျာ ။
ကျနော်လည်း တယောက်တည်း သွားကြည့်တာပေါ့ ။ ငါးတန်းကျောင်းသားဆိုပေမယ့် လူက ညှပ်တော့ သုံးတန်းလောက်ပဲ ထင်ရတဲ့ အရွယ်ပေါ့ဗျာ ။ ကြည့်တော့လည်း စျေးအနည်းဆုံး အတန်း ၁ ကျပ်တန်းကပဲ ကြည့်နိုင်တာပါ ။
၁ ကျပ်တန်းမှာ လက်မှတ် တန်းစီဝယ်တော့ လူတွေက ကြိတ်ကြိတ်တိုးနေတယ် ဗျ ။ လက်မှတ်ရုံနားမှာ ဘေး နှစ်ဖက်က အသားချောင်းတွေကို လူ လက်ခုတ်တဘောင်လောက် အမြင့်နဲ့ ကာထားသဗျ ။
ကျနော်လည်း အဲဒီဘောင်လေးထဲ ရောက်ပြီး မကြာဘူး အပေါ်က ခွကျော်တဲ့လူတွေရော ရှေ့နောက် ညှပ်နေတဲ့ လူတွေရော ကြောင့် ချွေးတွေပျံလာပြီး အသက်ရှူတောင် ကြပ်လာရပါတယ် ။ ပြန်ထွက်လို့ မရ ရှေ့လည်း တိုးမရ ဖြစ်နေတော့ အကြံထုတ်ပြီး အသားကုန် အော်ပစ်လိုက်တယ် ။
ငယ်သံပါအောင် အော်လိုက်တော့မှ သူတို့ ပေါင်လောက်မှာ ညှပ်နေတဲ့ ကျနော့်ကို သတိထားမိသွားကြပြီး ဘာဖြစ်တာလဲ မေးကြတယ် ။ အသက်ရှူမရလို့ အပြင်ပြန်ထွက်ချင်လို့ဗျ ဆိုတော့ လူကို ဆွဲမမြှောက်ပေးပြီး သစ်သားဘောင်တန်း အပြင်ဖက်ကို ဆွဲထုတ်ပေးလိုက်လို့ အသက်ဝဝ ပြန်ရှူနိုင်ခဲ့ပါတယ် ။
ဒီသင်ခန်းစာအရ တခါတရံ လူတွေသတိထားမိအောင် အော်သင့်တဲ့သူက အော်ပေးရမယ် ဗျ ။ အခု နိုင်ငံရေးဖြစ်စဥ်တွေကြည့်ပြီး သတိထားမိတာက တကယ်ပတ်သက်တဲ့ သူတွေက နေသာသလို နေပြီး အချောင်ခိုနေတာ တွေ့နေရပါတယ် ။
သံဃာတွေ အသတ်ခံနေရတယ် ။ သံဃာ့ထိပ်သီး မဟန ဘာလုပ်နေလဲ မေးခွန်းထုတ်ရပါ့မယ် ။ သာဝန် ဘာလုပ်နေလဲ မေးမြန်းရပါတော့မယ် ။ မဟန အနေနဲ့ မဘသ လို အဖွဲ့ ဖျက်ဆီးပစ်ဖို့ လက်မှတ်ထိုးပေးကြတယ်နော် ကဲ အခုကြတော့မှ နား မျက်စိ မကောင်းဖြစ်နေကြပြီလား မေးရပါ့မယ် ။
သာဝန်ကရော တာဝန်မရှိဘူးလား ကူညီမှု မပေးနိုင်ဘူးလား မေးရပါမယ် ။
နောက်တချက် မဘသ ဆရာတော်များ နဲ့ ယခင် အဖွဲ့ဝင် လူကြီးမင်းများ အခုချိန်မှာ ဘာသာ သာသနာ အတွက် သံဃာတွေပါ အသတ်ခံနေရပါပြီ ။ ဒီအဖွဲ့ကြီး အသက်သွင်းဖို့ မလုပ်တော့ဖူးလား ။ တချိန်က အေးချမ်းနေစဥ် ရဲရဲတောက် သတ္တိတွေ နဲ့ လုပ်ပြခဲ့သူတွေ အခုချိန် ဘယ်မှာ ပုန်းနေကြပြီလဲ ။
ကျနော်သိရသလောက် မဘသ ပြန်ဖွဲ့ဖို့ အားထုတ်နေတာ မရှိသလောက်ပါပဲ ။ ဘာလဲ တပ်မတော်က PDF တွေ ရှင်းပြီးမှ ပြန်ဖွဲ့မှာလား ။ ဒါဆိုရင်တော့ တော်ပါတော့လို့ ပဲ ပြောရတော့မယ် ။ ဘာလုပ်မှာလဲဗျာ မိုးထဲရေထဲ မလုပ်ရဲပဲ မိုးလေကင်းစင်မှ အဖွဲ့ပြန်ဖွဲ့ အမောက်ထောင် အလှူခံစားရုံ ဆိုရင်တော့ ဘာအထင်ကြီးစရာ ရှိမလဲ ဗျ ။
ထန်းပင်တောင်မှ ကျက်တီကုန်းက ထန်းရေက ပိုကြည် ပိုချို ပိုအရည်အသွေး ကောင်းတာဗျ ။ အကြပ်အတည်းရှိတုန်း ကုန်းရုန်းလုပ်မပြပဲ နောက်မှ ဗုဒ္ဓဘာသာ ကာကွယ်ဖို့ ဆိုပြီး အသံကောင်း ဟစ် ထဖွဲ့ပြရင်တော့ ခင်ဗျားတို့လည်း အလှူခံစားဖို့ လုပ်နေတဲ့ ပန်ဆယ်လို တို့နဲ့ အတူတူပါပဲ ။
ပြောချင်တာက သံဃာများ အသတ်ခံနေရမှု အတွက် မဟန လို မင်းနားပေါက်အောင် ပြောနိုင်တဲ့ အဖွဲ့အစည်း နဲ့ မဘသ လို အရပ်ထဲက NLD စည်း မှူး တွေ နဲ့ အမာခံတွေကို အုံ နဲ့ ကျင်းနဲ့ ပါးဝင်ရိုက်ရဲမယ့် အဖွဲ့တွေ လှုပ်ရှားချိန် တန်နေပြီ ။
ဘာအင်အားမှ မရှိတဲ့ fb user တွေက တောပြောတောင်ပြော လိုင်းပေါ်တက် တက်ချုပ်ကြီး ဆဲနေယုံ နဲ့ ထူးလာမှာ မဟုတ်ဖူး ။ တာဝန်ရှိတဲ့ မဟန နဲ့ မဘသ အသံထွက်အောင် အော်သံပေးဖို့ လိုနေပြီ ။ ရေသာမခိုကြပါနဲ့တော့ ။
မျိုးဝင်းငယ်စဥ်က ငယ်သံပါအောင် မအော်မိခဲ့ရင် အသက်ရှူကြပ်ပြီး သေသွားနိုင်သလို မဟန နဲ့ မဘသ ငယ်သံပါအောင် မအော်သေးရင် သံဃာတွေ သေနေကြရအုံးမှာပါပဲ ။
.....အစိုးရ ဆိုတာ တခါတရံ နိုင်ငံရေးအရ ဘယ်သူက ဘယ်အဖွဲ့က တောင်းဆိုလို့သာ လုပ်ရပါတယ် ဆိုတဲ့ အကြောင်းပြချက် လိုအပ်ပါတယ် ။ ကိုယ့်ဖက်က အလိုက်တသိ ဖြည့်ဆီးပေးရပါ့မယ် ။
ကိုရွှေမျိုးဝင်း
(မဟန နဲ့ မဘသ တို့ ငြိမ်းချမ်းရေးယူနေတာ ကြာပြီနော်......)