Monday, October 25, 2021

သံဃာတော်များ အကြမ်းဖက် သတ်ဖြတ် ်ခံရမှု ပိုမို များပြားလာနေမှုအပေါ်လှစ်လျှူ မရှု့သင့်ပြီ

ရေးသားတင်ပြသူ
ရှေ့နေကြီးဦးအေးပိုင်
=============================
     " တင်ပြသူ ~~~ဥာဏ်ကျယ်လေး "
၁။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို
ယုံကြည် ကိုးကွယ်များပြားသော နိုင်ငံ
ံဖြစ်ပြှီးကမ္မဝါဒ (ကံ ~~ကံ၏ အကျိုး) ကို လက်ခံ'ကြပေသည်။ ဘာသာရေးခေါင်း
ဆောင် သံဃာတော်များကို တန်ဖိုးထား
ကြည်ညို်ကြပြီးသံဃာတ်ာကို ကိုယ်ထိ
လက်ရောက် ပြုမူခြင်း။ ဆဲဆိုခြင်း။ များ
ကို မပြုလုပ်ကြသလို သတ်ဖြတ်ခြင်း
ကို မပြု လုပ်ဝံ့ကြပေ။ သို့သော်ယခုအခါ ပြောင်းလဲလာ ကြပေပြီ။ 
၂။ ယခုအခါ စစ်ကိုင်းတိုင်း ကလေး
မြို့့တွင် ပဌာန်းရွတ်နေသော သံဃာကို
ကျောင်းဝန်းထဲဝင်ရောက် ဓါး့ဖြင့်
 သတ်ဖြတ်ခဲ့ သည့် သတင်း/ယခင်ကလဲ ဝန်သို နယ်မှ ရဟန်း တပါးကို ကြိုးတုတ် 
ဖမ်းဆီးပြီး မီးရှို့ သတ် ဖြတ်လိုက်သည့် 
သတင်းများ ကြားသိ ခဲ့ရ ၍အလွန်စိတ်
မချမ်းမြေ့ဖြစ်ခဲ့ရသည်။
 ၃။ အဆိုပါ ပြုလုပ်သူများကို အမြန်ဖမ်း
ဆီးပြီး အပြစ်ပေးကြောင်း သတင်းကိုတော့ မကြားခဲ့ရသလို ""သာသနာရေးဌာနမှ လဲ သံဃာတော်ဖက်က ရပ်တည် ပြောဆိုသံ
လည်း မကြားရပေ။ ယခုအခါ သံဃာတော်
များပင်လျှင်အကြမ်းဖက် အန္ထရာယ်ပစ်မှတ် ဖြစ်လာနေကြပေပြီ။ မည်သို့့ကြောင့်
့် ဖြစ်ရပါသလဲ? ။သံဃာတော်များကိုကာ
ကွယ်ပေးရန် မည်သူ၌ အဓိကတာဝန်
ရှိနေပါနေသလဲ ? 
၄။ ယခုမျက်မှောက် အခြေအနေတွင်
သံဃာတော်အရှင်မြတ်တို့သည်~~
    # ကျောင်းဝန်း တံခါးများကို နေ့/ည ။ ဖွ ပိတ် တံခါး ဖြင့် ပြုလုပ်ထားပြီး ဒကါများနင့် ညှိနှိုင်း၍ လုံခြုံရေးဆောင်
ရွက်ထားသင့်ပေပြီ ။ 
၅။ ဘာသာခြား အများအပြား ရှိသော မြို့များတွင် သံဃာတော်များသည်
 မိမိ လုံခြုံရေး မိမိ အစီအစဉ်ဖြင့် မဖြစ်
်မနေ ပြုလုပ်ရန် လိုအပ်နေပေပြီ။ နိုင်ငံ
တော် အစိုးရ အနေ့ဖြင့့််အကြမ်းဖက်များ 
ရှိနေသည့်မြို့/ရွာများတွင် ပြည်သူများ
ဘေးကင်း စေရန် ~~
     (1) လုံခြုံရေးသတိပေး နိုးဆော်ခြင်း
    (2) လှည့်ကင်းများဖြင့် စစ်ဆေးပေးခြင်း
    (3) အကြမ်းဖက်သမားသတင်းစုံစမ်း
         ဖော်ထုတ်ဖမ်းဆီး ခြင်း
   (4) အရေးပေါ် ဆက်သွယ်နိုင်မည့် ဖုံး နံပတ် များ ကြေငြာပေးထားခြင်း။
  (5) ပြဿနာဖြစ်လာပါက တရားခံ ကို အမြန်ဆုံး ဖမ်းဆီးအရေးယူပေးခြင်း။ များ ပြုလုပ် ပေးရန်လိုအပ်လာပါသည်။
၆။ ယခုကဲ့သို့သံဃာတော်များ ကို အကြမ်း ဖက်သမားများ ရက်စက်စွာ သတ်ဖြတ်နေမှု သတင်းများထွက်
ပေါ်နေသော်လည်း"သာသနာရေးဌာန တာဝန်ရှိသူများ' ၏ိံ အသံများ ဆိတ်ငြိမ်
နေသလို ပြည်ထဲရေး တာဝန်ရှိသူများ၏ လုပ်ဆောင်မှုမှာ လဲ ပြည်သူများကအား
မရကြပေ။ကာချုပ်က တနိုင်ငံလုံးကို 
ို ခြေဥ ပုဒ်မ ၄၁၉ အရ စီမံနေရပြီး ပြည်
တွင်း/ပြည်ပ ဖိအားမျိုး စုံကို ရင်ဆိုင်ဖြေ
ရှင်းနေရချိန်တွင် ပြည်သူ့လုံခြုံရေး 
တရား ဥပဒေ စိုးမိုးရေး တာဝန်ယူရသူ ပြည်ထဲရေးဝန်ကြီးဌာန ၏တာဝန်ရှ်ိသူ
များ၏တာဝန်ယူမှု /တာဝန်ခံမှု အလွန်
အားနည်းနေသည်ဟု ယူဆမိသည်။  
၄င်းတို့သည် အနာဂတ် ပြည်သူ့ဘဝ
လုံခြုံရေးအတွက် ဆောင်ရွက်ပေးနိုင်
်ပါ့မလားဟု စိုးရိမ်စရာ/မေးခွန်းထုတ်
်စရာဖြစ်နေပေပြီ်။ နောက်ထပ်အပြစ်မဲ့
ပြည်သူနှင့် သံဃာတော်များအသက်
 ဘယ်လောက် ပေးဆပ်မှလုံခြုံရေးအ
တွက် ပြတ် ပြတ်သား အကောင်အထည်
ဖော်နိုင်မှာလဲ ဟု မေးခွန်းထုတ် ရပေ
တော့မည်။ 
၇။ မိမိတာဝန်မကျေလျင် အဆိုပါ
တာဝန်ကို မယူသင့် သလို ။ တာဝန်လဲ
မပေးသင့်တော့ပေ။ ဝန်ယူပြီးတာဝန်
မကျေလျင်လဲ တာဝန်မှ လဲ လှယ်သင့်
့်ပေသည်။လူုမျိုး ဘာသာပျောက်မည့် 
အရေးကို ကာချုပ်ကအချိန်မှီ ကာကွယ
်ပေးခဲ့၍ ကျေဇူးကြီးမားလှပေသည်။ 
သို့ရာတွင်တပ်မတော်မှ နိုင်ငံတာဝန်ယူ
ပြီးချိန်တွင် အကြမ်းဖက်သမားများကြောင့်
သံဃာတော်များနှင့် ပြစ်မဲ့ပြည်သူမျ ား 
အသတ်ခံနေရသဖြင့် တရားဥပဒေစိုးမိုး
ရေး အဓိက တာဝန်ယူရသည့် ပြည်ထဲရေး တာဝန်ရှီသူများကြောင့် ကာချုပ်အပေါ်
 မကျေမနပ် ဖြစ်လာနေပေပြီ။ ပြတ်ပြတ်
သားသား လုပ်သင့်သည်ကို မလုပ်ဘဲ အပျော့ဆွဲနေ၍့ပြည်တွင်းပြည်ပဖိအား
များလာပေပြီ။
၈။ စစ်သားဘဝ ပြတ်သားမှ သဘာဝ
ကျသည်။ ရန်သူကို ပျော့နေလျင် မိမိကို ပင် ပြန်လည် ရန်ပြုမည်ဆိုသည်ကို သတိပြုသင့်ပေပြီ။ 
၉။ သို့ပါ၍ သံဃာတော်များနှင့်အပြစ်
်မဲ့ပြည်သူများ မကြာခဏ အသတ်ခံ
ံနေရပြီ ဖြစ်၍ ပြည်သူ့လုံခြုံရေးတာဝန်
ယူသူများကို က တာဝန်ယူ/တာဝန်ခံမှုရှိ
သင့်နေပြီဖြစ်ပါကြောင်း တင်ပြအပ်
်ပါသည်။   
       " တရားဥပဒေ စိုးမိုးရေး ဦးစားပေး""
 " ပျော့လွန်းလျှင် ပတ်/'တင်းလွန်းလျင် ပြတ်""

         " ဥာဏ်ကျယ်လေး" 22.10.2021