Monday, October 25, 2021

တစ်မိုးကုန်လို့ တစ်ဆောင်းဝင်ရင် စစ်ဆင်ရေးစပြီ

-----------------------
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း 
စုစည်းရောက်ရှိသွားတဲ့ PDFတပ်
တွေဟာ အခုဆိုရင် ထွက်ပေါက်တွေ 
ပိတ်ဆို့ထားခံနေရပြီးဖြစ်ပါတယ်။ 

ကချင်ပြည်နယ်နဲ့ အစပ်တွေမှာ 
လုံခြုံရေးတင်းကြပ်ထားပြီး ကယား
နဲ့ချင်းဘက်ကပြေးလာတဲ့ PDFတွေ
လည်း မကွေးတိုင်းနဲ့အစပ် ဂန့်ဂေါ၊
ကလေး၊ပုလဲ စတဲ့ဘက်မှာ အထိုင်ချ
နေကြရတယ်လို့ သတင်းရရှိပါတယ်။

တပ်မတော်ဘက်က မိုးကုန်လို့ဆောင်းဝင်လာတဲ့ ပွင့်လင်းရာသီမှာ အနော်ရထာစစ်ဆင်ရေးလို့အမည်ရတဲ့ နယ်မြေရှင်းလင်းရေး 
PDF အမြစ်ဖြတ်ရေးလုပ်ဖို့စီစဉ်ပြီးပါပြီ။ တပ်အပြာင်းအရွှေ့တွေလုပ်ထားပြီး၊ စစ်ဆင်ရေးနယ်မြေတွေလဲ 
သတ်မှတ်ထားပြီးဖြစ်ပါတယ်။ 

ဘယ်တပ်ကတိုက်မယ်၊ ဘယ်တပ်ကဝန်းရံမယ်၊ ဘယ်တပ်ကပိတ်ဆို့မယ် ဆိုတာကို နယ်မြေအနေအထားအရ စစ်ဗျူဟာခင်းပြီးပြီဘဲဖြစ်ပါတယ်။

လက်နက်ကြီးနဲ့ ယန္တယားတပ်တွေ
တင့်ကားတွေလဲ အဆင်သင့်ပြင်ထားပါတယ်။ 

PDFဘက်ကတော့ 
KIA နဲ့အဆက်အသွယ်ဖြတ်ခံရပြီး စစ်ကိုင်းတိုင်းအတွင်း ပိတ်ဆို့ခံလိုက်ရတယ်ဆိုတာ သဘောပေါက်တာ မကြာသေးပါဘူး။ သိသိချင်း ဖောက်ထွက်ဖို့ကြိုးစားကြပေမယ့် ဒီနေ့အထိတော့ အပိတ်ဆို့ခံနေရဆဲဖြစ်ပါတယ်။

အနော်ရထာမင်းကြီးဟာ ထေရဝါဒဗုဒ္ဓသာသနာတော်ကို ပုဂံပြည်မှာ ထွန်းလင်းတောက်ပစေခဲ့ပြီး ယနေ့အထိ မြန်မာပြည်မှာ ထေရဝါဒဗုဒ္ဓဘာသာထွန်းကားပြန့်ပွါးစေခဲ့တဲ့ သာသနာပြုမင်းကြီးမို့ ၎င်းရဲ့နာမည်နဲ့ ပြုလုပ်မယ့် စစ်ဆင်ရေးကြီးဟာလဲမြန်မာပြည်မှာ ဘာသာသာသနာထွန်းကားပြီး အေးချမ်းသာယာတော့မယ့် စစ်ဆင်ရေးကြီးမို့ ထောက်ခံကြိုဆိုလိုက်ရပါတယ်။

လူကြမ်းကြီး



Related Posts:

  • ကဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်စပ်မှုတွေ  ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများဖွင့်လှစ်ကာ အဖျက်အမှောင့်လုပ်ရပ်များ ဆောင်ရွက် နေသည့် ခင်ကျော်(UNRA)နှင့် ကိုကိုနိုင်(ခ)ဒေါနအပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ် ဖမ်းဆီးရမိနေပြည်တော်၊ ဇူလိုင် - ၂ ဆူပူအကြမ်းဖက်လုပ်ဆောင… Read More
  • #မတိဝူးစီးမြာပဲ ဖာဆယ်လိုအမေရိကားရောက်သွားအောင်မတားမြစ်နိုင်တဲ့သူတွေကို စိတ်တိုမိတယ်ဖာဆယ်လို အမေရိကားရောက်သွားတာဝမ်းသာမိတယ်တစ်ချိန်က ဟက်ကာသမားတစ်ယောက် နောက်ကွယ်နေပြီအနုပညာသမားတွေရဲ့အကောင့်တွေကို ဟက်ပေးနေသူ တစ်ယောက်သူ့နောက်ကွယ်မှာရှိတယ် အ… Read More
  • နစက အစိုးရကြီးကတော့ ချိုမိုင်မိုင်မကတော့ဘူး     ရောင်းသူဝယ်သူအသံတူ တွယ်နေပြီ ရွှေလက်နဲ့ ခေါ်တာကိုမလာလို့ Bullets နဲ့ခေါ်နေပြီ။ မြေအောက်ကကောင်တွေကို အောက်ကိုပို့ပေးမယ် မြေပေါ်ကကောင်တွေကို ထောင်ထဲပို့မယ်။ တစ်နည်းအားဖြင့်လက်နက်ကိုင်ပြီး အဖျက်အမှောက်တွေလုပ်… Read More
  • " ဖော်ကောင် လုပ်တာမဟုတ်ဘူးဗျ "မြင်းစီးကြွမ်းတဲ့မိန်းမတစ်ယောက်အကြောင်းသိချင်သူများအတွက်ပါ- ပန်ဆယ်လိုဟာ  စာရေးဆရာမကြီးအထာနဲ့  သူ့ကိုယ်သူ ပြည့်စုံတဲ့ မိသားစုက  ပေါက်ဖွားလာသလိုလို အမွှန်းတင်နေလို့  ဒီပိုစ့်ကို ရေးသားတင်ပြရခြင်းပါ။- အရက်ပုန… Read More
  • ကကွက် ပြောင်းခြင်း 🍁ယခင်ကတော့ တပ်မတော်နဲ့ထိတွေ့မှုတွေတိုင်းမှာ ပါဝါရိန်းဂျားတွေအလား အစွမ်းပြကြတဲ့ အကြမ်းဖက် PDF ဂျီဇက်တွေဟာ အခုတလောတော့ဖြင့် သတင်းတွေပေါ်မှာ ခပ်စိပ်စိပ် အသေအပျောက်များလာကြပြီဖြစ်ပါတယ်။ ကောင်းပါတယ်။ အဲဒီတော့လည်း အရေးတော်ပုံကြီး အက… Read More