Monday, December 13, 2021

မူ က ပြောတဲ့ ရဲဆေး


          ကျနော်တို့ ပြင်းထန်စွာဝေဖန်ခဲ့ကြတဲ့ နိုင်ငံရေးပြစ်မှုများအတွက် အလွန်အကျွံဖြေလျှော့ပေးမှုများရဲ့ အကျိုးဆက်တွေက ဆက်တိုက်လာနေပါပြီ ။ 

          အထူးသဖြင့် ဒေါ်စုကြည်ကို ကပျာကယာ အိန္ဒြေမရ လျှော့ပေးလိုက်တာ ထိမ်းသိမ်းမရ ဖြစ်ကုန်တာပါပဲ ။ 

(နောက်အမှုတွေ လျှော့မရအောင် အဘ က အကွက်ပြတာ မလုက်နဲ့ စောက်ရူးတွေ သမ္မတ လုပ်ပိုင်ခွင့်မှာ ကန့်သတ်ထားတာ မရှိဘူး သူကြိုက်သလောက် အကြိမ်ပေါင်းများစွာ လွတ်လို့ရတယ် ။ နောက် ဦးတင်ဦးက တောင်းပန်လို့ ဆိုပြီး လော်ဘီလုပ်ထားသေးတယ် ကြည့်လုပ်ကြအုံး ဦးတင်ဦးမျက်နှာက ပြည်သူတရပ်လုံး နဲ့ တိုင်းပြည်ထက် ပိုကြီးနေသလား ပြန်မေးလို့ ပက်လက်လန်နေအုံးမယ်)

         ရန်ကုန်မှာ ဂျင်မီ နဲ့ ဇေယျာသော် ဖမ်းမိပြီးနောက် ငြိမ်ကျသွားတဲ့ PDF တွေ အခုမှ ဇောင်းပိုထလာတာ ဒေါ်စုကြည်ကို မဖမ်းထားရဲဖူး ကွ ဆိုတဲ့ အသိပေးလိုက်တဲ့ တပ်ချုပ်ရဲ့ မူဝါဒကြောင့်ပဲ ဖြစ်တယ် ဒါကို ငြင်းခြင်လည်း ကျုပ်ကတော့ ပြန်ငြင်းမနေတော့ဘူး ။ 

       အခုဆို NUG နဲ့ PDF တွေ တနေ့တခြား ပိုဆိုးလာနေပြီ ။ ရှေ့ရှောက် ဘယ်လို ထိမ်းချုပ်မလဲ အရေးကြီးနေပြီ ။ ဖြစ်ပြီးသား ကိစ္စ ပြန်ပြောနေကြလို့လဲ ထူးလာမှာ မဟုတ်တော့ဘူး ။ 

        တပ်မတော်က မြို့တိုင်း ရွာတိုင်းကို ပိုက်စိတ်တိုက် ဇကာချဖို့ အရေးတကြီး လိုအပ်နေပြီ ။ ပုံစံ ၆၆ နဲ့ တိုက်စစ်ကြည့်ပါ ။ လူပို လူလို စီစစ်ပါ ။ ဘယ်မှ ပြေးမလွတ်ပါဘူး ၊ အုပ်ချုပ်ရေးမှူးတွေကိုလည်း အလုံးစုံ အားမကိုးပါနဲ့ ယုံကြည်ရမယ့် အခြားသတင်းဇစ်မြစ် ထပ်ရှာကြပါအုံး ။ 

          အခုဆို စိတ်မကောင်းစရာ သတင်းတခု ကြားရပါတယ် ။ စစ်ကိုင်းတိုင်းထဲက အမြဲတမ်းလိုလို အတိုက်ခံနေရတဲ့ ရဲ စခန်းမှာ ကျည်ဆံမရှိဘူးတဲ့ ။ ကျည်ဆံလိုချင် ဝယ်ရသတဲ့ ။ ကြီးကြပ်နေတဲ့ မြို့နယ်မှူး ကိုလည်း ပြန်မပြောရဲကြပါဘူး ။ 

        ရဲ နဲ့ပတ်သက်ရင် တိုက်ရိုက်ကိုင်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်မှာ တာဝန်ရှိပါတယ် ။ သူမသိလို့ ဖြစ်ခဲ့တာ ထားပါ ယခုလို ဆိုရှယ်မီဒီယာမှာ တက်လာပြီးမှ မသိသေးဘူးဆိုရင်တော့ နှုတ်ထွက်ဖို့တောင် ကောင်းနေပါပြီ ။ 

           တနေ့က ကမာရွက်မှာ သံပုံးတီးကြသတဲ့ ။ စစ်သားတွေလာပြီး ကားမှန်တွေ ခွဲသွားတယ် ။ သံပုံတီးတဲ့သူတွေက ဘယ်သူတွေမှန်းမသိဘူး ကားပိုင်ရှင်တွေ နစ်နာကြရတယ် ။ တပ်မတော်ထောက်ခံသူတွေပါကြတယ် ကျနော့်ဆီတောင် ဖုန်းဆက်ပြောကြသေးတယ် ။ ဒါမျိုးက တပ်မတော်ကို အမုန်းပွားစေတဲ့ ရလာဒ်အပြင် ဘာမှ မထိရောက်တဲ့ လုပ်ရပ်ဖြစ်ပါတယ် ။ 

    တကယ်တန်းကျတော့ ဒါမျိုးက ဒီအချိန်မှာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါပဲ ။ ဖရဲသီး ပြဿနာမို့ ရှင်းရှင်းပြတ်ပြတ် ကိုင်တွယ်သင့်ပါပြီ ။ 

         NUG နဲ့ PDF တွေကတော့ တဆင့်ပြီး တဆင့် သွေးတိုးစမ်း ရှေ့လှမ်းနေကြသလောက် နစက အနေနဲ့ သူတော်ကောင်းလိုလို နိုင်ငံရေးကစားကွက် လိုလို လုပ်နေကြတာ တွေ့ရပါတယ် ။ 

          အကြောက်တရားနဲ့ စည်းရုံးတဲ့နည်းသည် ထိရောက်သလားဆိုပြီး မေးခွန်းထုတ်မယ်ဆိုရင်တော့ဖြင့် ယနေ့ ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားရတဲ့ မလေး ၊ အင်ဒို ၊ အာဖဂန်နစ္စတန် တို့ကိုသာ နမူနာကြည့်ထားပါတော့ ဗျာ ။ 

     ပြည်သူတွေရဲ့ စိတ်ခံစားမှုကို အချိန်မှီပြောင်းရပါ့မယ် ။ ပြည်သူက PDF ကို ထောက်ခံကြတာ မဟုတ်ဖူး တပ်မတော်ရဲ့ စွမ်းရည်ကို အားမကိုးရဖူးလို့ ပြတ်ပြတ်ထင်ထင် ယူဆနေကြတာ အမှန်တိုင်း လက်ခံကြရပါမယ် ။ 

          ပုန်းအောင်းနေတဲ့ PDF တွေ လိုက်ရှာရပါမယ် ။ ဗကပ ကို တောခြောက်တဲ့ နည်းနဲ့ ဆောင်ရွက်ကြရပါမယ် ။ နောက်တနည်း နာမည်ပျက်ရှိတဲ့ အရပ်လူမိုက်တွေကို ဆွဲစေ့ထားရပါမယ် ။ သက်သေမရှိသော်ငြား သူတို့ အနည်းအများ ပတ်သက်နေကြပါတယ် ။ 

      မီဒီယာကို ထိထိရောက်ရောက် သုံးကြရပါမယ် ။ MRTV နဲ့ မြဝတီကနေ ကြေငြာနေတာ မထိရောက်ပါဘူး ။ ဆိုရှယ်မီဒီယာမှာ လူသတ် ဝရမ်းပြေးတွေ ရဲ့ လုပ်ရပ်တွေနဲ့ ဓာတ်ပုံတွေ ပလူပျံနေအောင် တင်ထားကြရပါမယ် ။ mask မတက်ခိုင်းပါနဲ့ ။ ဒါမှ ဝရမ်းပြေးကို မြင်တာနဲ့ ပြည်သူတွေ သိကြပါမယ် ။ 

        လူတိုင်းကို မူးယစ်ဆေး သုံးမသုံး စစ်ဆေးပါ ။ သုံးစွဲထားလျှင် မဖြစ်မနေ ဖမ်းဆီးရပါမယ် ။ PDF မဟုတ်သော်လည်း လစ်သလို သတ်ဖြတ် လုယက်နေကြတာ ဆေးသမားတွေပါ သူတို့လည်း တိုင်းပြည်မငြိမ်အောင် လုပ်နေတာပါပဲ ။ 

       ပုံစံ ၆၆ နဲ့ တိုက်ဆိုင်စစ်ဆေးပြီး တည်နေရာ မှ ရောက်ရှိနေရာအတိအကျ မပြောနိုင်လျှင် ထိုသူအား PDF စာရင်းသွင်း၍ fb မှာ ကြေငြာရပါမယ် ။ လူဖတ်များသော တပ်မတော်ထောက်ခံသူ အကောင့်များမှ တင်ပြပေးလျှင် ထိရောက်ပါမယ် ။ 

    အဲဒီလို ခပ်ကြမ်းကြမ်း ကိုင်တွယ်မှသာလျှင် အမြန်ဆုံး ပြန်လည်တည်ငြိမ်လာပြီး နစက အပေါ် ပြည်သူများ၏ ယုံကြည်အားကိုးမှု ပြန်လည်ရရှိလာပါမယ် ။ 

    ဒေါ်စုကြည်အပေါ် ပြစ်ဒဏ်ချပြီးမှ နောက်ထပ် ထပ်ကာထပ်ကာ ဖြေလျှော့ပေးနေရအောင် ကြောက်ရွံ့နေပါက တပ်ချုပ်ကြီးအပါအဝင် နစက တဖွဲ့လုံး အနားယူသင့်ပါပြီ ။ 

     ကိုရွှေမျိုးဝင်း

(လွယ်တာကို ခက်အောင် အကြိမ်ကြိမ် လုပ်ပြနေရင် ဥာဏ်ကြီးတာ မဟုတ်တော့ဘူး ကျက်သရေတုံးတာပဲ ဖြစ်မယ်)