Friday, December 10, 2021

အသံတိတ် သပိတ်မှာ ဘယ်သူတွေ နိုင်သွားသလဲ


၁။ ဒီနေ့ အသံတိတ် သပိတ်မြင်ကွင်းတွေကို ကြည့်ပြီး အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ စိတ်မကောင်းဖြစ်တယ်ဆိုတာက အသံတိတ် သပိတ်အောင်မြင် သွားလို့ မဟုတ်ပါဘူး။ ဒီနေ့ NUG နဲ့ PDF တွေကို ထောက်ခံအားပေးတဲ့ NLD ပါတီ ဝန်းရံသူတွေရဲ့ ဆော်ဩမှုတွေကြောင့် တရက်တာပိတ်သွားကြတဲ့ဈေးဆိုင်ခန်းတွေနဲ့ ကုမ္ပဏီတချို့က လွဲရင် ပုံမှန်သွားနေတဲ့ ပြည်သူတွေလည်း ရှိကြတာပါပဲ။ 

၂။ ဒီကနေ့ ပိတ်သွားတဲ့ ဈေးဆိုင်တွေ၊ ကုမ္ပဏီတွေနဲ့ ခွင့်ယူထားကြဝန်ထမ်းတွေမှာ အများစုဟာ အသံတိတ် သပိတ်မှာ အလုံးစုံ ပါဝင်ချင်လွန်းလို့တော့မဟုတ်ဘူး။ မိသားစု နောင်ရေးနဲ့ရပ်ကွက်ထဲမှာ နေထိုင်ရတဲ့ ပတ်ဝန်းကျင် အနေအထားတွေ ကြောင့် မလိုလားအပ်တဲ့ ကိစ္စတွေမဖြစ်စေဖို့ ခေတ္တခဏ မျက်ကွယ်ပြုလိုက်ခြင်းမျိုးသာ ဖြစ်ပါတယ်။ 

၃။ ဒီနေ့ဖြစ်ရပ်ကြောင့် ငြင်းလို့ မရတဲ့ ဆုံးရှုံးမှု ၂ ခု ရှိပါတယ်။ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေအတွက်တော့ အကာအကွယ်မပေးနိုင်တဲ့ အုပ်ချုပ်သူအစိုးရကိုလည်း အယုံအကြည်ကင်းမဲ့ စေသလို အသံတိတ်သပိတ်လုပ်ကြတဲ့ PDF တွေကလည်း မေတ္တာ အပို့ခံရမှာ ကျိန်းသေပါပဲ ။ မျောက်တွေ လက်ထဲမှာ ဆော့စရာ သေနတ် ရောက်သွားလို့ ကြောက်နေရသလိုမျိူး အသံတိတ် သပိတ်ကိုမှ မပါဝင်ဘဲနေရင် ကိုယ့်မိသားစု အသက်အန္တရာယ် ရှိနိုင်တဲ့ ဘယ်လို ကိစ္စမျိုးကိုမဆို ပြည်သူတွေအနေနဲ့ လုပ်မှာ မဟုတ်ပါဘူး။ ဒါဟာ ချစ်လွန်းလို့ ပါဝင်တာမဟုတ်ဘူးဆိုတဲ့ အချက်ကို PDF အကြမ်းဖက်တွေ နားလည်သဘောပေါက်ဖို့လိုပါတယ် ။ 

၄။ PDF တွေအတွက် အရှက်ရစရာ ကိစ္စတစ်ခုကတော့ ဒီနေ့ ဟာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ် ။ လူ့အခွင့်အရေးဆိုတာ သဘာဝကြီးက ပေးထားတဲ့ လူတစ်ယောက်ရဲ့ လွတ်လပ်စွာ ပြောဆို /နေထိုင်နိုင်ခွင့် အခွင့်အရေးဖြစ်ပါတယ်။ ငါကြိုက်တာ လိုက်ကြိုက်ရမယ်၊ ငါတို့ ထောက်ခံတာ လိုက်ထောက်ခံရမယ်။ ကြားနေ မရှိရဘူးဆိုတာမျိုးက လူ့အခွင့်အရေး မဟုတ်ပါဘူး။ နီပေါတွေ ပြောပြောနေတဲ့ အာဏာရှင်စနစ်သာဖြစ်ပါတယ်။ ဆိုင်တွေ ပိတ်ပေးကြပါ၊ မပိတ်ရင် ဒလံ၊ အလုပ်တက် ရုံးသွား မလုပ်ကြပါနဲ့၊ သွားကြရင် ဒလံ ၊ အပြင်တွေ မထွက်ကြပါနဲ့ ...။ ထွက်ရင် စစ်အာဏာရှင်ကို ထောက်ခံအားပေးတာဆိုတဲ့ စိတ်မျိုး၊ အတွေးအခေါ်မျိုးနဲ့တော့ ဒီမိုကရေစီဆိုတာ ရွှေပြည်တော် မျှော်တိုင်း ဝေးနေဦးမှာပါပဲ။ 

၅။ ဒီမိုကရေစီဆိုတာ လူ့အခြေခံကျင့်ဝတ်နဲ့ သိက္ခာရှိဖို့လိုပါတယ်။ စစ်တပ်က လူသတ်တယ်။ မုဒိန်းကျင့်တယ်။ ဆက်ကြေးကောက်တယ်၊ အာဏာရှင်ဆန်တယ်လို့ လက်ညိုးထိုးအပြစ်ဖို့ချင်ရင် မိမိအဖွဲ့အစည်းအနေနဲ့လည်း အပြစ်မဲ့ ပြည်သူတွေကို မသတ်ဖို့ လိုပါတယ်။ စစ်တပ်အားပေးလို့ဆိုတဲ့ ခေါင်းစဉ်တခုတည်းနဲ့ အခြားပါတီဝင်တွေကို ကလေး၊မိန်းမပါမကျန် မသတ်ကြဖို့ လိုပါတယ်။ မုဒိန်းမကျင့်ဖို့လိုပါတယ်။ အတင်းအဓမ္မ ဆက်ကြေး မကောက်ဖို့လိုပါတယ်။ စစ်အာဏာရှင်မုန်းတီးလို့ တော်လှန်ရေးလုပ်နေကာကြမှ အပြစ်မဲ့ ပြည်သူတွေကို ဝန်ထုပ်ဝန်ပို ဖြစ်စေတဲ့ အာဏာရှင်စစ်စစ်လုပ်ရပ်တွေ မဖြစ်ဖို့လိုပါတယ်။ 

၆။ ဒီကနေ့ ပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ အကြမ်းဖက်တွေကို ဖိဖိစီးစီး မကိုင်တွယ်တာကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်ဖြစ်ပါတယ်။ နစက ကောင်စီ အဖွဲ့ဝင်တွေထဲမှာကို အရပ်သား ပါတီဥက္ကဋ္ဌတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ထည့်ထားတာကိုက နစက ဥက္ကဋ္ဌအနေနဲ့ အာဏာရှင်စစ်စစ် မအုပ်ချုပ်ချင် ဘူးဆိုတဲ့ အချက်ကို မြင်သာသလို ဖိဖိစီးစီး နှိမ်နင်း ဆောင်ရွက်လိုက်တာ တိုင်းပြည်နာမဲ့ ပိတ်ဆို့မှုတွေ အချိန်မရွေးရောက်လာမယ်ဆိုတာကို သတိချပ်ထားတာလည်းဖြစ်ပါတယ်။ 

၇။ စက်တင်ဘာ ၇ ရက်နေ့မှာကတည်းက War Action ဆောင်တဲ့ D Day ကြေညာထားတဲ့ NUG ဟာ သာမန် နိုင်ငံရေးအဖွဲ့အစည်းမဟုတ်တော့ဘူးဆိုတာ PDF ကိုထောက်ခံအားပေးသူတွေ သဘောပေါက်ရမဲ့ အချက်ဖြစ်ပါတယ် ။ ဆန္ဒပြနေတာကို ကားနဲ့တိုက်သတ်ပါတယ်လို့ ဆိုဆို၊ တိုက်ပွဲတွေမှာ အရပ်ဝတ်နဲ့ သေသေ ပြည်သူလို့ ခေါင်းစဉ်တပ်ခွင့်မရှိတော့ပါဘူး ။ သူတို့ဟာ NUG ရဲ့ Supporters တွေဖြစ်ပါတယ် ။  

၈။ လက်နက်ကိုင်ပြီး တိုက်တဲ့ တော်လှန်ရေးမှန်သမျှဟာ နိုင်ငံရေး ပလက်ဖောင်းမှာ ရှိမနေဘူး ဆိုတာ နိုင်ငံရေးလုပ်တဲ့သူမှန်သမျှ သဘောပေါက်ဖို့ လိုပါတယ် ။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ စား/ဝတ်/နေ/ရေး တွေကို ဒီနေ့လိုမျိုး အသံတိတ် သပိတ်တွေဖော်ဆောင်ခြင်းနဲ့ ပြည်သူ့တွေရဲ့ နေထိုင်စားသောက်မှုတွေကို တိုက်ရိုက်ထိခိုက်အောင် လုပ်နေတဲ့ အဖွဲ့အစည်းမှန်သမျှက ပြည်သူအမုန်းကို သဲ့ယူ နေသလိုပဲ ဖြစ်နေဦးမှာပါ။ အနိုင်အရှုံးမှာ အချိန် က စကားပြောသွားပါလိမ့်မယ် ။ 

#ဖိုးစီ

Related Posts:

  • 💚 #မုဒိတာထားကြပါ Appreciative joy. ဗုဒ္ဒက မေတ္တာ၊ စေတနာ၊ မုဒိတာပွားခိုင်းတယ်ဝမ်းနည်းစရာကောင်းစွာနဲ့ အများစုဟာအကုသိုလ်စိတ်မှာ အပျော်လွန်ကြပြီးမုဒိတာမပွားနိုင်ကြဘူး၊မေတ္တာ၊ စေတနာကတော့ ပိုဝေးပြီ။................#မေးငေါ့တတ်တာစရိုက်ဖြစ်လာပြီတိုးတက်တဲ့နိုင်ငံတွေမှာအ… Read More
  • 🦠 နောက်တကြော့ပြင်ထားကြရဦးမယ်Lambda မျိုးစိပ်က ကူးစက်မှုအလွန်မြန်ပါတယ်တဲ့အကြီးဆုံးစိန်ခေါ်မှုက ကိုဗစ်ဆေးနဲ့ ခန္ဓာကိုယ်ခုခံအား Antibody ကို မမှုတာပဲဖြစ်တယ်လို့သိပ္ပံပညာရှင်တွေကဆိုထားတယ်၊Antibody ကမနိုင်ဘူးဆိုတာရောဂါကိုဆေးမတိုးတာပဲဖြစ်ပြီးအသက်အန္တရာယ်ရှိတယ… Read More
  • 😍😍We Love ဦးရဲ အ​ကြောင်း သိ​စေဖို့---Tv,မကြည့်၊သတင်းနားမ​ထောင်၊သတင်းစာမဖတ်တတ်​သော   ပိန်း င​ပေါများအတွက် Fb,မှတဆင့် Message, ပို့         😍😍We Love ဦးရဲ အ​ကြောင်း သိ​စေဖို့---~~~~~~~~~~~~~~~~~~~~~~~~~~~~☆ပန်းသတင်း​လေညင်း​​ဆောင် လူ့သတင်း လူချင်း​ဆောင်     ​ရွေ… Read More
  • ဝမ်းနည်း ဝမ်းသာ          ၁၀၈ တောင် ဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူကြောင်း သတင်းကြားရတာ အင်မတန် ဝမ်းနည်းမိပါတယ် ။      ဆရာတော်ကြီးရဲ့ ဆေးနည်း နဲ့ လူအများစု သက်သာပျောက်ကင်းနေကြောင်း သတင်းကောင်းများ အဆက်မပျက် ကြားသိနေရလို့လည်း ဝမ်းသာမိပါတယ် ။… Read More
  • သူလိုလူ သူလိုလုပ် အဟုတ်ဖြစ်ရမည်         အချိန်ကာလသည်ကား 1997-98 နဝတ တို့ လက်စောင်းထက်နေချိန်ကပါ ။ လက်ပန်းမြို့နယ် ထဲက (ထိန်တော ၊ မိုးညို ၊ ခမုံဆိပ် တခုခုပါပဲ ကာလကြာတော့ အတိအကျ မမှတ်မိ) ရွာတရွာ မှာ လူသတ်မှု ဖြစ်ပါတယ် ။         အင်းလေလံ ကိစ္စနဲ့ ပတ်သက်ပြီး ရ… Read More