မလုပ်ရဲတာ ဘာမရှိ
(အဟိ!!!)
လုပ်ရဲတာနတ္ထိတဲ့
စိပ်ပုတီးလည်ဆွဲနဲ့
ဆိတ်ဂွေးစိကိုယ်တော်။
လုပ်မလိုလို
ဟုတ်မလိုလိုနဲ့
မာန်သွေးကြွ
ဟန်ရေးပြလို့
သူပျော်။
ဝိနည်းလွတ် သူမဆော်
နိဗ္ဗာန်တော်မျှော်ငေး
ပို့မယ်ဆို ခဏလေးတဲ့
မယားနော် ပြန်ခေါ်ချင်သေး။
ဖြတ်ထုံးတွေအကုန်ရှိ
ပုံအသိပါကွယ့် မြတ်ဗန်မော်
ဖွတ်တက်လို့ သူမြင်သော်
ဆွမ်းချက်ဆောင်တော်ကြည့်
ဆား၊ငြုတ်၊ဆီ အစုံအစိပါတဲ့
သံကျယ်ကျယ် လော်ဆော်အော်။
နောက်ပါနဲ့ ဒကာတော်
ဆင့်ယီးခွေးမျှော်လို့
လည်တော်ကရှည်ငြီး
ဆောင်းမနက် ချမ်းစီးစီးမှာ
ဂွေးတွန့်လှပြီး။
မှတ်ချက်။ဂွေး=ဝှေး
ကဗျာသည် ခေတ်သမိုင်းဆိုင်ရာ ဖြစ်ပျက်မှု
ရုပ်ပိုင်းဆိုင်ရာမြင်ကွင်းများနှင့်၎င်းခေတ်ကို
ဖြတ်သန်းသူတို့၏ရင်တွင်းခံစားချက်စိတ်ပိုင်း
ဆိုင်ရာမြင်ကွင်းများကို မော်ကွန်းတင်လွှာများ
သာဖြစ်ပါသည်။ကဗျာဆရာသည် ကဗျာဖွဲ့ရာ
တွင် ကဗျာရသကို ချွန်းမအုပ်သင့်ဟုယူဆမိပါ
သည်။ကျွန်ုပ်အနေဖြင့်မူ မည်သူတစ်ဦးတစ်
ယောက်အပေါ်မှ မရိုမသေပြု လိုရင်းစိတ်
အလျင်းမရှိကြောင်း သိစေလိုပါသည်။
#မေတ္တာစိတ်အခံဖြင့်ရေးဖွဲ့သောမေတ္တာကဗျာများသာ
ဖြစ်ပါကြောင်း!🙏🙏🙏🙏🙏
🇲🇲သက်နိုင်ဦး(ကျည်ကာ)🇲🇲
(13-12-2021)(09:54)hr