Tuesday, December 14, 2021

ထိုင်းမှ ရုရှားသို့ ရေတပ်အလှုပ်အခတ် (7)


         မြန်မာ့ရေတပ်ဟာ F 14 အတွက် အကောင်းဆုံး တည်ဆောက်ခဲ့ကြပါတယ် ။ ရေဒါစနစ်အတွက် တိကျတဲ့ ဒေါင့်ချိုးတွေ နဲ့ တည်ဆောက်ရတဲ့အပြင် ရေဒါလှိုင်းစုပ်ယူမယ့် ဆေးတွေကိုလည်း (အဆိပ်ပြင်းသတ္တိပါဝင်) လိုအပ်တဲ့ ဒုအထူ ရအောင် အကြိမ်ကြိမ် သုတ်ခဲ့ကြရပါတယ် ။ 

       နောက် မျက်မြင်ထောက်လှမ်းခြင်းအတွက် နောက်ခံပင်လယ် နဲ့ ကောင်းကင် အရောင် တို့နဲ့ ရောထွေးပျောက်ကွယ် စေမယ့် အရောင်ကို စနစ်တကျ ဆေးစပ်ကြရပါတယ် ။ 

       နောက် အပူလှိုင်းကနေ ခြေရာခံမရစေရန် အင်ဂျင်ကြီး တခုလုံး နဲ့ အပူထွက် လမ်းကြောင်း မှန်သမျှကို အအေးလှိုင်း gas များ လွှတ်ထားတဲ့ သံပိုက်ခွေတွေနဲ့ အထပ်ထပ် ဖုံးကာ ထားကြရပါတယ် ။ 

       အသံလှိုင်း ထောက်လှမ်းမှုမှ ကာကွယ်ရန် အင်ဂျင်သံအား ဆိုင်လင့်ဇာ များစွာနဲ့ တပ်ဆင် ဖုံးဖိထားရသလို နောက်ဆုံး အရေးကြီးတဲ့ ပန်ကာသံအတွက် ဒီဇိုင်းခုတ်ထွင်းမှုပေါင်း ရာချီ စမ်းသပ်ပြီးမှ စိတ်တိုင်းကျ ဒီဇိုင်းရရှိကာ အဆိုပါ ပန်ကာအား ရာဘာအုပ်လိုက်ဖြင့် ဆူညံသံများ တိုးတိတ်စေခဲ့ပါတယ် ။ 

         လက်နက် စနစ်တွေကတော့ ကိုယ်တိုင် မတီထွင်နိုင်သေးတဲ့ အတွက် ပြည်ပမှသာ ဝယ်ယူတပ်ဆင်နိုင်ခဲ့ကြပါသေးတယ် ။ 

     မည်သို့ပင် ဆိုစေကာမူ မြန်မာ့တပ်မတော် ရေ အတွက် ဒေသတွင်းမှာ ပထမဆုံးသော ကိုယ်ပျောက် ဖရီးဂိတ် ထုတ်လုပ်နိုင်တဲ့ တိုင်းပြည်အဖြစ် ဂုဏ်ယူဝံ့ကြွားနိုင်ခဲ့တာ F 14 ဆင်ဖြူရှင်ကြောင့်ပဲ ဖြစ်ပါတယ် ။ 

        ဒီနေရာမှာ ကိုယ်ပျောက်လို့ တင်စားကြတာက မျက်စိအောက်ကနေ ဖျက်ကနဲ ပျောက်သွားလို့ မဟုတ်ပါဘူး ၊ အစောက စနစ်တွေ အားလုံးဖွင့်ပြီး အသုံးပြု ခုတ်မောင်းလိုက်ရင် ထောက်လှမ်းဖို့ ခက်ခဲလို့ တင်စားခေါ်ဝေါ်ကြခြင်းသာ ဖြစ်ပါတယ် ။ ဆင်ဖြူရှင်ရဲ့ အကြမ်းဖျင်း ပုံရိပ်ကတော့

- စစ်ရေယာဉ်အမျိုးစား      
- ပဲ့ထိန်းဒုံးပျံတင်ဖရီးဂိတ်

- တန်ချိန်                      
 - ၃၀၀၀ တန်ခန့်

- အလျား                      
 - ၁၀၈ မီတာ

- အကျယ်                     
 - ၁၃.၅ မီတာ 

- ရေယာဉ်အမှု့ထမ်း        
- ၁၆၀ ဦးခန့်

- ရေယာဉ်တွန်းကန်အား 
 - Combine Diesel engine
  စနစ် and Diesel engine 

- ရေယာဉ်အမြန်နှုန်း        
- ၁ နာရီ ရေမိုင် ၃၀ နှုန်း
    ( ၅၆ ကီလိုမီတာ)

- စစ်ဆင်နိုင်မည့်             
- ၃၈၀၀ မိုင်ခန့်

- ရေဒါစနစ်များ            
 - RAWL 02 Mk-2A L-band
   2D search radar
- Type - 362 ပစ်လမ်းညွှန်ရေဒါ
 - Type - 347G ပစ်မှတ်ညွှန်ရေဒါ ၂ စုံ
              
- ဆိုနာစနစ်များ           
- BEL HMS - X hull 
   mounted sonar

- တန်ပြန်စနစ်များ        
 အီလက်ထရောနစ်တိုက်
  ခိုက်ရေး Jammer
 - HZ-100 ECM & ELINT

- ပစ်မှတ်တုဖန်တီးစနစ်(၄)စုံ

- ပင်မအမြှောက်စနစ်     
- Oto Malara super rapid
    Naval gun ( ၁ )လက်

- သင်္ဘောချင်းပစ်ခတ်   
  - C -802 ပဲ့ထိန်းဒုံးပျံ( ၈ )စင်း
   

- လေကြောင်းရန်        
 - Igla တာတိုဒုံးပျံ ( ၆ )စင်း
 
                  
 - အနီးကပ်ခွင်းစနစ်
                                              ၁၄.၅ မမ ဆုံလည်ပစ်စနစ် ၃စုံ
                                             ( ၂ )စုံ

- ရေအောက်ရန် -
 ၃၂၄ မမ ၃ လုံးတွဲ တော်ပီတိုပစ်စင် ( ၂ )စုံ

                             
 -RBU-၁၂၀၀ ရေအောက်ပစ်
   ရော့ကတ်စနစ် ( ၂ )စုံ

- ရေတပ်ဆိုင်ရာ    
 ရဟတ်ယာဉ်ကွင်း ( ၁ )ခု

   - အပေါ့စားရဟတ်ယာဉ် ( သို့မဟုတ် )
    အလတ်စားရဟတ်ယာဥ်

          ဆင်ဖြူရှင်ကို အိန္ဒိယရေတပ်ထံသို့ အလည်အပတ် စေလွှတ်ရာမှာ စစ်ရေယာဥ် ကျွမ်းကျင်သူတွေ တက်ရောက်လေ့လာကြပြီး အဆင့်မှီ ဖရီးဂိတ် အဖြစ် သတ်မှတ်ကြကာ မြန်မာ့တပ်မတော် ရေ ရဲ့ သဘော်တည်ဆောက်မှု အတတ်ပညာကို အသိအမှတ် ပြုခဲ့ကြပါတယ် ။ 

        ဒေသတွင်း လှုပ်ခတ်သွားတဲ့ ဆင်ဖြူရှင် တပ်တော်ဝင်ပွဲ ပြီးနောက် တပ်မတော် ရေ အတွက် ဖရီးဂိတ် ၅ စီး ရှိနေပြီး ဖြစ်ပါတယ် ။ 

      ယင်း ဖရီးဂိတ် ၅ စီး နဲ့ အတူ အခြား အခြွေအရံ စစ်ရေယာဥ်တွေ ဖြစ်တဲ့ PVP ၊ ကော်ဗက် နဲ့ အခြား ရေယာဥ် အသေးစားများ အပြင် ထောက်ပံ့ရေး ရေယာဥ်တွေပါ အင်အားပြည့်မှီအောင် ဖြည့်တင်း တည်ဆောက်ခဲဲ့ကြရပါတယ် ။ 

       လိုင်းပေါ်မှာ အဖွခံရတဲ့ မြစ်ကြီးနား ထောက်ပို့ယာဥ်ဆိုတာ စီးပွားတွက်ချေ မကိုက်လို့ ရပ်နားထားတဲ့ အရပ်ဖက် ကမ်းရိုးတန်းသွား သဘော်ကို အင်အားလိုအပ်ချက်အရ အကြီးစားပြုပြင်ပြီးမှ ဖြည့်စွက်ခဲ့တာပါ ။ 

        ရေတပ်ကို အင်အားဖြည့်တင်ရာမှာ လေကြောင်းအထောက်အကူ ဖြစ်စေရန်အတွက် JF 17 တွေ 16 စင်း ဝယ်ခဲ့ပါတယ် ။ JF 17 မှာ C 802 AK သင်္ဘောဖျက်ဒုံးကျည်စနစ်ပါ ပါဝင်နေလို့ ပင်လယ်ပြင်စိုးမိုးရေး အတွက် အင်မတန် အားကိုးရပါလိမ့်မယ် ။ 

      နောက်ထပ် တပ်တော်ဝင်ထားတဲ့ ATR 42 လေယာဥ်တွေဟာ 
အဆိုပါလေယာဉ်များတွင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်များကဲ့သို့ Airborne sonar များ Aerial torpedo များ တပ်ဆင်ကာ ရေငုပ်သင်္ဘောရှာဖွေရေး ( submarine hunting ) များလုပ်ဆောင်နိုင်ကြသည် ။ 

         အဲလို လေတပ် နဲ့ ရေတပ် ပူးပေါင်းဆင်နွဲဖို့လည်း ပြင်ဆင်ထားပါတယ် ။ 

      ယခု ဖော်ပြပါ စစ်သဘော်အများစု ရဲ့ နည်းပညာများသည် အရှေ့အုပ်စုရဲ့ နည်းပညာများသာ ဖြစ်နေပါသေးတယ် ။ မြန်မာတပ်မတော်အတွက် အနောက်အုပ်စုက လက်နက်ဝယ်ယူမှု ပိတ်ပင်ထားလို့ စစ်ရေယာဥ်နဲ့ ပတ်သက်တဲ့ အနောက်နည်းပညာတွေ သိပ်မရထားတဲ့ မြန်မာ့တပ်မတော်ဟာ တမျိုးကြံစည်ပြန်ပါတယ် ။ 

      အဲဒါကတော့ တောင်ကိုရီးယားကနေ တဆင့် သဘော်တည်ဆောက်ခိုင်းတဲ့ နည်းပါပဲ ။ 
Makassar class LPD ကို မုတ္တမ ဆိုတဲ့ အမည် နဲ့ တပ်တော်ဝင်တဲ့ အချိန် မှာ သူသည် မြန်မာ့တပ်မတော် ရေ အတွက် အကြီးမားဆုံး သဘော်အဖြစ် မှတ်တမ်းဝင်ခဲ့ပြန်ပါတယ် ။ 

           ဒေသတွင်းမှာ မြန်မာ့တပ်မတော် ရဲ့ နှစ်စဥ် တပ်တော်ဝင်နေတဲ့ ပြည်တွင်းထုတ် အမျိုးအစား အမျိုးမျိုး အတွက် အိမ်နီးချင်း နိုင်ငံတွေ မျက်ခုံးလှုပ်နေသလို ကမ္ဘာ့နိုင်ငံကြီးတွေကလည်း မျက်စေ့လည်နေကြပါတယ် ။ 

       အထူးသဖြင့် အနောက်အုပ်စုဟာ သူတို့ ပိတ်ဆို့နေတဲ့ ကြားထဲက မြန်မာ့တပ်မတော်ရဲ့ တရိပ်ရိပ် တက်နေတဲ့ စစ်အင်အား နဲ့ တဟုန်ထိုး မြှင့်မားလာနေတဲ့ နည်းပညာတွေ အတွက် အံ့သြမဆုံး ဖြစ်နေကြမှာ အသေအချာပါ ပဲ ။ 

         မြန်မာ့တပ်မတော် ရဲ့ ကြည်း ရေ လေ တပ်ပေါင်းစု လေ့ကျင့်ပွဲကြီးကို ပုသိမ်မှာ အကြီးအကျယ် ပြုလုပ်ပြခဲ့ပါတယ် ။ နိုင်ငံတကာမှ စစ်သံမှူးများ ၊ လက်နက်လေ့လာကျွမ်းကျင်သူများ နဲ့ နိုင်ငံတကာ မီဒီယာများ တက်ရောက်ခဲ့ကြပါတယ် ။ 

       ပွဲပြီးတဲ့အခါ တပ်ချုပ်ကြီးအား အင်တာဗျူးကြရာမှာ ယခု ပြပွဲကြီးဟာ ကြီးကျယ်ခမ်းနားလွန်းလှပါတယ် ဆင်းရဲတဲ့ မြန်မာပြည်ဟာ ဒီ ပစ်ခတ်ပြတဲ့ ခဲယမ်း အစစ်တွေ အတွက် ငွေကြေးကုန်ကျမှု ဘယ်လောက် သုံးစွဲခဲ့ရပါသလဲ ဆိုပြီး နှိမ်ချမေးမြန်းကြပါတယ် ။ 

      တပ်ချုပ်ကြီးကတော့ သူ့ထုံးစံ အတိုင်း မထိတထိ ချိုသာတဲ့ အပြုံးနဲ့ ပြန်ပြောလိုက်တာ စစ်သံမှူးတွေပါ မျက်လုံးပြူးသွားကြရပါတယ် ။ တပ်ချုပ်ကြီး ပြန်ဖြေတာက ရိုးရိုးလေးပါ 

"ဒီကနေ့ ပွဲ အတွက် အသုံးပြုခဲ့တဲ့ လက်နက် ခဲယမ်းတွေရဲ့ 90 % ဟာ ပြည်တွင်းထုတ်တွေမို့ ကုန်ကျစရိတ် အနည်းငယ်ပဲ ရှိပါတယ် ''

        ဒီစကားဟာ မြန်မာတပ်မတော်သည် မိမိအင်အားကို တစွန်းတစ လှစ်ဟပြလိုက်တဲ့ အကွက်ပဲ ဖြစ်ပါတယ် ။ အဲဒီပွဲစဥ်အပြီး အိမ်နီးခြင်းတွေ နဲ့ ဒေသတွင်းမှာ လှုပ်ခတ်မှု ကြီးကြီးမားမား ဖြစ်သွားပြီးနောက် ကမ္ဘာကပါ မြန်မာကို စောင့်ကြည့်ရမယ့် အနေအထားတခုကို မြန်မာ့တပ်မတော် ရေ က လုပ်ပြလိုက်ပြန်ပါပြီ ။ 

      အဲဒါကတော့...........

       ကိုရွှေမျိုးဝင်း