Friday, December 17, 2021

လူငယ်တွေ သိသင့်တဲ့အကြောင်း


" နိုင်ငံရေးကို ငါ ဝါသနာကို မပါဘူး

တချိန်တုံးက ငါ နိုင်ငံရေး လုပ်ခဲ့တယ်ဆိုတာက တပ်မတော်က တာဝန်ပေးလို့ လုပ်ခဲ့တာ

စစ်သားစိတ်တော့ ရှိတယ်၊ စစ်သားစိတ်သည် ပြည်သူနဲ့ ဆက်ဆံတဲ့အခါ ဘယ်လို ဆက်ဆံရမယ်၊ ပြည်သူအပေါ် ဘယ်လိုကျင့်ကြံရမယ် ဆိုတာ တပ်မတော်က လေ့ကျင့်ပေးထားတာကွ 

တချို့ကလဲ ယုံထင်ကြောင်ထင် အမျိုးမျိုးလျှောက်ပြီးတော့ ဝေဖန်ပြီး လုပ်ကြတာ ရှိတယ်

ငါက တပ်မတော်ကနေ့ မွေးထုတ်ပြီး တပ်မတော်ရဲ့ လေ့ကျင့်မှုနဲ့ ဒီအသက်အရွယ်အထိ ရောက်ခဲ့တယ် 

တပ်မတော်မှာ ကောင်းတာလဲရှိတယ်၊ မကောင်းတာလဲရှိတာပေါ့ကွာ၊.... မကောင်းတာ ငါမလုပ်ဘူး၊... ကောင်းတာပဲ ငါ လုပ်တယ်

စစ်အစိုးရတုံးကတော့ အထက်ကအမိန့်အတိုင်း .... အဲဒီဟာကို တသွေမသိမ်း လုပ်ရတယ်ကွ 

အဲဒီလိုလုပ်တဲ့အတွက် လုပ်ငန်းတွေဟာ ... ပြီးမြောက်တယ် .... အောင်မြင်တယ်ကွ 

တချို့က စစ်အစိုးရလက်ထက်မှာ ဘာမှ မဖြစ်ခဲ့ဘူး၊ ဘာမှ မပြီးခဲ့ဘူးဆိုတာ ... လိမ်တာ... ညာတာ... အဲဒီကောင်တွေ 

စစ်အစိုးရလက်ထက်မှာ ဘာမှမဖြစ်ခဲ့ဘူး၊ ဘာမှ မပြီးခဲ့ဘူးဆိုပြီး အခုပြောတဲ့ကောင်တွေက .... နိုင်ငံရေးသမားတွေ .... ရေပေါ်ဆီတွေ.. "

(ဝန်ကြီးချုပ်(ငြိမ်း)ဗိုလ်ချုပ်ကြီး(ငြိမ်း)ခင်ညွန့်)

         ဒီစာက ဦးခင်ညွှန့် အင်တာဗျူးတခုမှာ ပြောခဲ့တဲ့ သမိုင်းဝင်စကားပါပဲ ။ သူ့ကိုတော့ နိုင်ငံရေးသမားတွေက ရစရာမရှိအောင် အပုပ်ချခဲ့ကြတာ မကြားချင်အဆုံးပါပဲ ။ 

      ကဲ ဦးခင်ညွှန့် ပြောခဲ့တဲ့ စကား နဲ့ နိုင်ငံရေးသမားတွေ ပြောခဲ့တဲ့ တပ်မတော် ဘာမှ လုပ်မပေးဘူး ဆိုတဲ့ စကား ဘယ်ဟာက မှန်သလဲဆိုတာ နှိုင်းယှဥ်ကြည့်ပေတော့ ။ ဒါတွေက နဝတ ၊ နအဖ လက်ထက်ကျမှ ဖြစ်ထွန်းလာခဲ့ရတဲ့ အကျိုးရလာဒ်တွေပါပဲ ။ 

        ၁၉၈၈ မှ ၂၀၁၅ ထိ
တိုင်းပြည်ရဲ့ သယံဇာတ တွေကို ခိုးယူသွားသော သူခိုကြီးများရဲ့ လုပ်ဆောင်ခဲ့သော လုပ်ဆောင်ချက်များ
စာရင်းနဲ့အတိအကျဖော်ပြထားတယ်နော် မဟုတ်ဘူးဆိုလာငြင်းကြပါ ။ 

စိုက်ပျိုးမြေဧကသစ်ဖော် = ၁.၈ သန်း
ဆည်မြောင်းတာတံမံ = ၂၁၃ ခု
မြစ်ရေတင်လုပ်ငန်း = ၃၇၆ ခု
ရထားလမ်းသစ်ဖောက် = ၁၁၅၉.၀၄ မိုင်
ဘူတာရုံအသစ်ဆောက် = ၂၉၃ ရုံ
လေယာဉ်ကွင်း = ၁၇ ခု
ကားလမ်း = ၅၀၀၅.၃ မိုင်
ပေ၁၈၀ အထက်တံတား = ၁၉၅ စင်း
ရေအားလျှပ်စစ်စက်ရုံ = ၃၀ ရုံ
တည်ဆောက်ဆဲ ရေအားလျှပ်စစ်စက်ရုံ = ၂၀ ရုံ
စက်မှုဇုန် = ၁၈ ခု
အခြေခံပညာသင်ကျောင်း = ၆၇၇၄ ကျောင်း
တက္ကသိုလ် / ကောလိပ်ကျောင်း = ၃၇ ကျောင်း
သိပ္ပံနှင့်နည်းပညာတက္ကသိုလ် = ၃ ကျောင်း
သိပ္ပံနှင့်နည်းပညာကောလိပ် = ၂၇ ကျောင်း
ရေကြောင်း/လေကြောင်း တက္ကသိုလ် = ၂ ကျောင်း
စက်မှုလက်မှုသိပ္ပံကျောင်း = ၁၀ ကျောင်း
ဆေးရုံ = ၁၈၈ ရုံ
တိုင်းရင်းဆေးရုံ = ၁၂ ရုံ
ရုပ်သံထပ်ဆင့်လွှင့်ရုံ = ၁၆၂ ရုံ
နေပြည်တော်ဆိုတဲ့အုပ်ချုပ်ရေးမြို့တော်ကြီး
နေပြည်တော်မှာရှိတဲ့ ဝန်ကြီးဋ္ဌာနရုံးကြီးတွေ
ဝန်ထမ်းအိမ်ယာကြီးတွေ
လွှတ်တော်ကြီးတွေ

           ဒါ​တွေက အရပ်ဖက်တည်ဆောက်ရေးလုပ်ငန်းတွေပဲရှိသေးတယ် တိုင်းပြည်ကာကွယ်ဖို့အတွက် စစ်လက်နက်ပစ္စည်းတွေက (လဝ) ဖြစ်နေလို့ အရေအတွက်အတိအကျတော့မသိနိုင်ဘူး သိတာတခုကတော့ တပ်မတော်နေ့တွေမှာပြသပေးတဲ့ စစ်လက်နက် ပစ္စည်းတွေက လက်ရှိအင်အားရဲ့ လေးပုံတပုံပဲရှိတယ်ဆိုတာပဲ ခန့်မှန်းနိုင်ပါတယ် ။ 

            ဒါတွေက နိုင်ငံတကာက စီးပွားရေးပိတ်ဆို့နေတဲ့ကြားကနေခက်ခက်ခဲခဲတည်ဆောက်ခဲ့ရတာတွေဖြစ်တယ် ။  

         နိုင်ငံရေးသမားတွေ ပြောတာ နဲ့ ဦးခင်ညွှန့် ပြောထားတာ ဘယ်ဟာက မှန်သလဲဆိုတာ လိမ်ညာမရတဲ့ ဒီကိန်းဂဏန်းတွေက သက်သေပြနေပါတယ် ။ 

     ကိုရွှေမျိုးဝင်း

(ကမ္ဘာမှာ မရှိတဲ့ ဒီလို စာပေစျေးကွက်မျိုးနဲ့ လူငယ်တွေ သမိုင်းမှန် သိဖို့ဆိုရင် သမိုင်း သင်ရိုးညွှန်းတန်းအသစ် အမြန်ဆုံး ရေးဆွဲဖို့ လိုနေပြီဆိုတာ သိဖို့ကောင်းပြီ)