Friday, December 17, 2021

သမဂ္ဂ ရှိသင့် မရှိသင့်


          သမဂ္ဂဆိုရင် ကျောင်းသား သမဂ္ဂမှ အလုပ်သမဂ္ဂများ အထိ ဒီတိုင်းပြည်ထဲမှာ တွင်ကျယ်ခဲ့ကြပါတယ် ။ 

         သမိုင်းကျောင်း လေ့လာကြည့်ပါက အဆိုပါ သမဂ္ဂခေါင်းဆောင်ဆိုတဲ့ ကျောင်းသား ဖြစ်စေ ၊ အလုပ်သမားသမဂ္ဂဖြစ်စေ လေ့လာကြည့်မယ်ဆိုရင် စောက်ပျင်း စောက်ဖျင်း ကိုယ့်တာဝန်ကို မကျေပွန်တဲ့ လူတွေများပါတယ် ။ 

          ဦးဆုံး ကျောင်းသား သမဂ္ဂကို လေ့လာကြည့်ပါ ။ ကျောင်းသားလောကမှာ ငါ့အနာဂါတ်အတွက် ၊ ငါ့နယ်အတွက် ငါ့တိုင်းပြည်ငါ့လူမျိုး အတွက် ငါ့ပညာရပ်နဲ့ ဘယ်လို အကျိုးပြုလိုက်မယ် ဆိုတဲ့ ရည်မှန်းချက်နဲ့ ရိုးသားစွာ ကျိုးစားနေတဲ့ ကျောင်းသားအစစ်တွေ ဘယ်တော့မှ အဲဒီ ဂယောင်ခြောက်ခြား အလုပ် မလုပ်ကြဘူး ။ 

         မိဘက ဗကပ သူငယ်နာ မစင်ခဲ့သူ ၊ ၈၈ အရေးအခင်းပါခဲ့ပြီး ငါတို့သာ ပြောင်းလဲပေးခဲ့သူလို့ သွေးနထင်ရောက် ဘဝင်မြောက်နေတဲ့ ၈၈ မျိုးဆက် နိုင်ငံရေးကလေကဝတွေရဲ့ မျိုးဆက်တွေပဲ ကျောင်းသားသမဂ္ဂကို ဦးဆောင်နေကြတာ တွေ့ရလိမ့်မယ် ။ 

        ရှေ့က လုပ်စားကျောင်းသား မင်းကိုနိုင် ၊ ကိုကိုကြီး ၊ ဖြိုးမင်းသိန်းတို့ကို နမူနာယူပြီး အကြံအဖန် လုပ်နေကြတဲ့ တိုင်းပြည်အတွက် တန်ဖိုးမဲ့ ကျောင်းသား အမှိုက်တွေသာ ဖြစ်ပါတယ် ။ 

        ကလေးတွေကို မစာမနာ ပြောနေတယ် ထင်ပါသလား?
ထင်ရှားတဲ့ သက်သေပြမယ် ။ NLD လက်ထက်တုန်းက တောင်သမန်သစ္စာ ကုမ္ပဏီ ကနေ တောင်သမန်အင်းထဲ မြေဖို့ ၊ လမ်းခင်းနေတော့ အမရပူရရှိ မန်း တက္ကသိုလ်ရှေ့ကနေ မြေသယ်ကားတွေ ဖြတ်ရတယ် ။ 

        အဲဒီ ကျောင်းက ကျောင်းသားသမဂ္ဂက တားမြစ်တယ် ။ ကုမ္ပဏီက မန်းဝန်ကြီးချုပ်ကို ပိုင်လို့ ဥပဒေကျော်လွန် လုပ်ချင်တိုင်း လုပ်ပေမယ့် ကျောင်းသားနဲ့ ပတ်သက်နေတဲ့ ကိစ္စဆိုတော့ ဇော်မြင့်မောင်က အာဏာသုံးမရဘူး ညှိကြပါလို့ ပြောလိုက်ပါတယ် ။ 

         တလကို ဆယ်သိန်း ပူဇော်ရတယ် ၊ အဲဒီ ဖြူစင်ပါတယ်ဆိုတဲ့ ကျောင်းသားခေါင်းဆောင်တွေ ဆယ်သိန်းအပြင် ဖာချ ချင်တယ်ဆိုလို့ မော်ဒယ်ပေါက်စတွေပါ ခေါ်ပေးခဲ့ရသေးတယ် ။ 

          ဒါက ကျောင်းသားသမဂ္ဂ နဲ့ ပတ်သက်ပြီး ပြောတာပါ ။ နောက် အလုပ်သမားသမဂ္ဂတွေ ပြန်ကြည့်ပါ ။ 

          ကိုယ့်တာဝန်ကို ကေိအောင်လုပ်မယ် ၊ သတ်မှတ်ထားတဲ့ လုပ်ခ လစာ ရမယ်ဆိုရင် ပြဿနာကြီးငယ် ဖြစ်လာဖွယ် မရှိပါဘူး ။ ဒီနေရာမှာ မြန်မာအလုပ်သမား တွေရဲ့ အားနည်းချက်ကို အနည်းငယ် ပြောရပါ့မယ် ။ 

         ပျင်းတယ်လို့ မဆိုနိုင်ပေမယ့် ဖြေးလေးစွာ လုပ်ကိုင်တတ်တဲ့ အကျင့်ဆိုးကြောင့် အလုပ်မတွယ်ကျင်လှပါဘူး ။ ဥပမာ ဘဂ်လားက အလုပ်သမား တထောင် အထည်ချုပ်ရင် တနေ့ လုပ်ချိန် ၈ နာရီမှာ အထည်ပေါင်း တသောင်း ပြီးတယ် ဆိုပါစို့ ။

     မြန်မာအလုပ်သမား တထောင် တနေ့ ၈ နာရီလုပ်တာ အထည် ၅၀၀၀ ပဲ ပြီးပါတယ် ။ ပြဿနာက အဲဒီမှာ စတာပါပဲ ။ လုပ်ခ လစာ နိုင်ငံတကာမှာ ဘယ်လောက်ရနေတာ ငါတို့က ဘာ်လောက်ပဲ ရတာ သပိတ်မှောက်တို့ ၊ အတင်းခိုင်းနေတာ မကျေနပ်ဖူး ဆန္ဒပြတို့ ဆိုတဲ့ သွေးထိုးမှုတွေ ဖြစ်လာကြပါပြီ ။ 

      ဘယ်သူတွေ သွေးထိုးသလဲ ပြန်ကြည့် အလုပ်သမားသမဂ္ဂဆိုတဲ့ လူတွေပဲ သွေးထိုးကြတာ ။ မိမိအားနည်းချက် အရင်ပြင်ပြီးမှ တောင်းဆိုကြရင်ဖြင့် သင့်တော်ပါရဲ့ ကိုယ်ပျင်းတာ ဖျင်းတာ မကြည့်ပဲ အဲသလို ပြုမူနေမှတော့ နောက်ထပ် စက်ရုံတွေက ဘယ်လာတော့မလဲ ဗျာ ။ 

        နိုင်ငံတကာမှ အလုပ်ကို အချိန်နဲ့ ခိုင်းနေပေမယ့် တကယ်လုပ်မလုပ်ကို အချိန်နဲ့ ပိုင်းဖြတ်တာ မဟုတ်ပါဘူး ။ အလုပ်ပြီးမြှောက်မှု နဲ့ နှိုင်းယှဥ်ကြတာပါ ။

         မြန်မာပြည်မှာ အလုပ်သမားတွေ စွမ်းအားရှိသလောက် မလုပ်ကြပါဘူး ။ စွမ်းအားရှိသလောက် အားထုတ်ကြတာကတော့ ဘယ်လို ရေသာခိုကြမလဲ ဆိုတာပဲ အပြိုင်အဆိုင်အားထုတ်နေ​ကြတာ 90 % ပါပဲ ။ 

            ဒါတွေက အပျက်သဘော ဝေဖန်နေတာ ဆိုရပေမယ့် လက်ရှိအမှန်တရားတွေ ဖြစ်ပါတယ် ။ ဒီတော့ ဘာဆက်လုပ်ကြမလဲ ဆိုတဲ့ အပိုင်း ရောက်လာပါပြီ ။ 

      ကျောင်းသားသမဂ္ဂဆိုသည်မှာ နိုင်ငံရေးသမားတို့ရဲ့ လက်ကိုင်တုတ် တိုင်းဖျက် ပြည်ဖျက် ရေသောက်မြစ်တခုထက် မပိုပဲ မြန်မာ့ပညာရေးကို ဖျက်ဆီးနေတဲ့ အဖွဲ့အစည်း အဖြစ် ပြက်ပြက်ထင်ထင် ရှုမြင်ပြီး အမြစ်ဖြတ်ပစ်ရပါမယ် ။ 

      နိုင်ငံရေး သိပ်လုပ်ချင်ရင် ကျောင်းမှ အပြီးတိုင် ထွက်၍ လုပ်နိုင်ပါတယ်လို့ ကြေငြာရပါမယ် ။ သို့တည်းမဟုတ် နိုင်ငံရေးသိပ္ပံမှာ တိုင်းပြည်ချစ်တယ်ဆိုတာ ဘာလဲလို့ သင်ကြားစေရပါမယ် ။ 

          အလုပ်သမားများအား ဦးစွာ အစမ်းခန့်ကာလ ခန့်ထားဖို့ ဥပဒေ ပြင်ကြရပါမယ် ။ သက်ဆိုင်ရာ စက်ရုံ အလုပ်ရုံမှာ အနည်းဆုံး တလ ခန့် လုပ်ကြည့်စေရပါမယ် ။ သတ်မှတ်တဲ့ အရေအတွက် ပြည့်မှီအောင် ထုတ်လုပ်နိုင်စွမ်းရှိပြီ ဆိုမှ အမြဲတမ်း အလုပ်ခန့် စာချုပ် ချုပ်ဆို ခန့်ထားရင် ပြဿနာ နည်းပါးသွားပါ့မယ် ။ 

       အမှန်တကယ် ထိရောက်တဲ့ ပြင်ဆင်မှုကတော့ တချက်ခုတ် နှစ်ချက်ပြတ် အစီအစဥ် အစိုးရက ဖော်ဆောင်နိုင်ရင် အလုပ်သမား ပြဿနာ လွယ်လွယ်နဲ့ ဖြေရှင်းနိုင်ပါလိမ့်မယ် ။ 

      အဲဒါကတော့ အစိုးရပိုင် လေ့ကျင့်ရေး စက်ရုံတွေ တည်ဆောက်ပြီး ၈ တန်း ကျောင်းသူ ကျောင်းသားများမှ စ၍ တက္ကသိုလ်များအထိ အချိန်ပိုင်း အလုပ်သမား အဖြစ် မဖြစ်မနေ အလုပ်ခိုင်းကြရပါမယ် ။ 

       ဆင်းရဲ ချမ်းသာမရွေး အာဏာရှိ အာဏာမဲ့ မခွဲခြားပဲ ကျောင်းသူ ကျောင်းသားတိုင်းအား ဤသို့ လေ့ကျင့်ပေးရပါ့မယ် ။ ဒါမျိုးလုပ်လိုက်တာ နဲ့ ကျနော်တို့ ကလေးတွေသည်.....

၁ ။ အလုပ် ဘယ်လို လုပ်ကြရတယ် ဆိုတာ ငယ်စဥ်ကတည်းက သဘောပေါက်သွားပြီး မိဘများအပေါ် စာနာလာကြပါလိမ့်မယ် ၊ 

၂ ။ အသုံးနဲ့အဖြုန်း ကွဲပြားလာပါ့မယ် ။

၃ ။ သူတို့ရဲ့ အချိန်ပိုင်း ဝင်ငွေနဲ့ ကျောင်းစရိတ်ပြန်ရနေသောကြောင့် မိဘအတွက် ဝန်ထုပ်ဝန်ပိုး လျှော့သွားပါမယ် ။ 

၄ ။ လူအများနဲ့ စုပေါင်း လုပ်ကိုင် စားသောက် ပြောဆို ပေါင်းသင်းလာတတ်ပါမယ် ။ 

၅ ။ တကယ့်လုပ်ငန်းခွင် ဝင်ချိန်များမှာ ဘဝပေးအနေအထားကြောင့် သာမန် အလုပ်သမား နဲ့ သူဌေးတို့ ကွဲပြားနေပေမယ့် သူဌေးလည်း ကျောင်းသားဘဝမှာ အောက်ခြေသိမ်းလုပ်ကိုင်ခဲ့ဖူး၍ အလုပ်သမားတို့ ဘဝကို စာနာ နားလည်ထားပြီး ဖြစ်ကာ အလုပ်ရှင် အလုပ်သမား ပြဿနာ နည်းပါးသွားနိုင်ပါတယ် ။ 

၆ ။ အကောင်းဆုံးကတော့ ပြည်ပ ရင်းနှီးမြှပ်နှံသူများ အကြိုက် စံချိန်မှီ စည်းကမ်းရှိ စွမ်းရည်ပြည့်​လေ့ကျင့်​ပြီးဝန်ထမ်း သန်းပေါင်းများစွာ ရှိနေပြီး ဖြစ်၍ ပြင်ပလုပ်ငန်းရှင်များ ခေါင်းအကိုက်ရဆုံး ပြဿနာအား ဖြေရှင်းပြီး ဖြစ်နေပါ့မယ် ။ 

           အဲသလို ကောင်းစွာ ပြင်ဆင်စီမံထားပြီးရင်တော့ ဥပဒေပြန်ထုတ်ကာ အလုပ်သမားသမဂ္ဂအဖွဲ့တွေ ဖျက်ပစ်လို့ရပါပြီ ။ အလုပ်သမားအကျိုး ဗန်းပြပြီး လုပ်စားနေသူတွေ အင်မတန်များလို့ မရှိသင့်တော့ပါဘူး ။ 

     ကိုရွှေမျိုးဝင်း

။ ။ အနာဂါတ်ကာလအတွက် ဝေဖန်အကြံပြုခြင်းသာ ဖြစ်ပါတယ် ၊ ယခုလက်ရှိ မလုံခြုံမှုများဟာ အချိန်ကာလတခုမှာ ပြီးသွားရမှာပဲ ဖြစ်ပါတယ် ။

{ရောဂါတော့ ကြိုးစားပြီး ဝိုင်းရှာနေကြတာပဲ လူနာကတော့ ဆေးဖိုးဝါးခ (ဝါးခ) နဲ့ မွဲသထက် မွဲလာနေပြီး ရောဂါကို ခုထိ မသိသေးတဲ့ ပါရဂူများ....}

Related Posts:

  • တရုတ် + အာဆီယံ + NUGမင်းကိုနိုင်နဲ့ ဒေါတ်တာဇော်ဝေစိုးကPDF တွေကို အိမ်ပြန်ခိုင်းနေတယ်။နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမယ်လို့ဆိုတယ်။ဒါက တရုတ်နဲ့ အာဆီယံရဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းအပေါ်အခြေခံတဲ့ ပုံစံပါ။ခက်တာကတရုတ်က မြန်မာကို ငယ်နိုင်ပုံစံနဲ့အနိ… Read More
  • ပရဟိတမျက်နှာဖုံးတပ်အမြတ်ထုတ်နေကြသူများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြတ်ပြတ်သားသား ပြောလိုက်ပြီရန်ကုန်၊ အောက်တိုဘာ ၁၀ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ ဦးနေဝင်းလက်ထက်ကတည်းက ပိတ်သိမ်းထားတဲ့ မြေနေရာကို ပရဟိတအမည်ခံ အကြံအဖန်လုပ်လိုတဲ့ လူတစ်စုက မြေယာရှင်းလင်းရယူရန် လုပ်ဆောင်နေမှုအပေါ် မြောက်ဥက္ကလာပမြို့နယ်… Read More
  • " ဓမ္မတိုက်ပွဲတဲ့လား "သံပုံးကြီးမ တီးကြသူတွေတရားသံကြား နားခါးသလေရဟန်းသတ်ပြ အားရကာနေအလှူပေး ဆဲရေးမဆုံးပေ…။လမ်းပေါ်စုပေါင်း သုံးချောင်းထောင်တွေဘုရာဖူးတော့ မေးငေါ့သလေဗုံးထောင်လူသတ် ကျေနပ်ကာနေကုသိုလ်ရေး မနှေးရှုတ်ချပေ…။ဓမ္မတိုက်ပွဲ ဆင်နွှဲအော်နေအကုသို… Read More
  • 😤 #မေးခွန်းပြန်ထုတ်ပါ #ကြေငြာချက်လဲထုတ်ပါ12.10.21  မှာအာဆီယံကိုယ်စားလှယ်နဲ့နိုင်ငံရေးပါတီ (၇) ဖွဲ့ တွေ့ဖို့လုပ်ထားတယ်၊13.10.21  ကိုရွေ့တယ်လို့Short notice နဲ့သိရတယ်၊မနက်ဖန်မှာ လုပ်မဲ့ စည်းဝေးကမဖြစ်တော့ပြန်ဘူးတဲ့၊ကစလ ကိုမေးခွန်းပြန်ထုတ်ပါလူတွေ အားအားယားယားတယောက်မှမရှ… Read More
  • UN ဆိုသည်မှာမြောက်ကိုးရီးယားက ညူကလီးယားလက်နက်တွေပစ်လွှတ်ချင်သလောက်ပစ်လွှတ် UN နဲ့ US ကဘာမှမပြောရဲဘူး။မြောက်ကိုးရီးယားနောက်မှာ တရုတ်လက်မဲကြီးရှိလို့။အစ္စရေးက ပါလက်စတိုင်းတွေကို လေယာဉ်နဲ့ဘယ်လောက်ပဲ ဗုံးကြဲ ဗုံးကြဲ UN နဲ့ တရုတ်ကြီးကဘာမှမပြေ… Read More