Friday, December 10, 2021

မိဇူက ‌တပ်ကိုအားပေးတဲ့ Group, page, accountတွေ ဘန်းမယ်ဆိုတာကို နီပေါတွေက ဝမ်းသာအားရပြောနေရကြတယ်။

အရာရာမှာ ဖြေရှင်းနည်းဆိုတာ အခြေအနေအချိန်အခါကိုလိုက်ပြီး ပေါ်လာစမြဲပါပဲ။
ဆိုးကျိုး ဘယ်လောက်ဆိုတာကိုတော့ မလုပ်ခင်သေချာစဉ်းစားရမှာပေါ့လေ။
တင့်တွေပေါ်လာတော့ တင့်ဖျက်လက်နက်တွေပေါ်လာတယ်။
လေယာဉ်တွေပေါ်လာတော့ လေကာလက်နက်တွေပေါ်လာတယ်။
အရာရာမှာ antiစနစ်ဆိုတာရှိစမြဲပါပဲ။
ဗီယက်နမ်စစ်ပွဲမှာ ဗီယက်နမ်နဲ့ အမေရိကန်တွေ တပ်ချင်း ပထမဆုံးထိပ်တိုက်ဆုံခဲ့တဲ့တိုက်ပွဲက ယာဒရင်းတိုက်ပွဲပဲ။
ဒီတိုက်ပွဲကို We Were Soldiersဆိုတဲ့ ဇတ်ကားမှာကြည့်နိုင်ပါတယ်။
အကြောင်းမသိခင် တိုက်ကြတဲ့ဦးဆုံးပွဲဆိုတော့ ဗီယက်နမ်တွေ သောက်သောက်လဲ ကျခဲ့ကြပါတယ်။
အမြောက်ပစ်ကူတွေ၊ လေကြောင်းပစ်ကူတွေအောက်မှာ သောက်သောက်လဲကို ကျခဲ့ကြတာပါ။
အဲ့တိုက်ပွဲမှာ လာကူကြတဲ့ လေယာဉ်တွေများလွန်းပြီး ကောင်းကင်မှာ ထပ်နေလို့ ကိုယ့်အလှည့်ကျအောင် စောင့်ပြီးမှ ဗုံးကြဲရတယ်လို့ဆိုပါတယ်။
နောက်ပိုင်းမှာ ဗီယက်နမ်ခေါင်းဆောင်တွေက အဖြေကိုရှာခဲ့ကြပါတယ်။
အဲ့ဒါကတော့ ခါးပတ်ဆွဲ့ဆန့်လို့ရတဲ့ အနေအထားမှပဲတိုက်တဲ့။
အဓိပ္ပါယ်က တအားနီးသွားတော့ လေကြောင်းပစ်ကူတွေ၊ အမြောက်ပစ်ကူတွေ ပေးဖို့မဖြစ်နိုင်တော့ဘူး‌။
လူချင်းလုံးပြီးတိုက်တော့ သူ့ဘက်ကိုယ်ဘက်သေတာမျှသွားသတဲ့။
နောက်ပိုင်းတိုက်ပွဲတချို့မှာ နည်းဗျူဟာအသစ်ကြောင့် အမေရိကန်တွေ တပ်ခွဲလိုက်ပြုတ်သည်အထိတောင် ဖြစ်ခဲ့ကြပါတယ်။
ဘေးထွက်ဆိုးကျိုးကတော့ သူ့ဘက်ကျသလို ကိုယ့်ဘက်လည်းကျတာပါပဲ။
စစ်ပွဲပေကိုး။

ဒီလိုပါပဲ ဖြစ်သင့်သာတာက ဘယ် operatorကိုမှာ vpnမခံစေပဲ ထားသင့်တယ်။
သတင်းမှားတွေဖြန်နေတဲ့ Facebookနဲ့ Twitterလိုမျိုးကို ဘေအဖြတ်ကြမ်းအောင်လုပ်ရမှာ။
ဥပမာ Operatorတွေဆီက fbသုံးစွဲမူမှ ဘယ်လောက်ကုန်ကျပါကြောင်း sms မကြာခဏပို့ခိုင်းရမယ်။
ဒီလိုပို့ပေးမှလည်း သုံးစွဲသူက ဪ fbသုံးရတာ တော်တော်ကုန်ပါလားလို့ အသိဝင်လာမှာ။
ဒါပေမယ့် ကျန်အင်တာနက်သုံးစွဲတာတွေမှာတော့ အထူးသက်သာအောင် ပုံမှန်ဈေးလုပ်ပေးရမယ်။
Operatorတွေက ဆင်ဖြူတော်မှီပြီး ကြံစုပ်လို့တော့ မဖြစ်ဘူး။
Fb Postတစ်ခုတင် ဘယ်လောက်, shareတစ်ခု ဘယ်လောက်, commentတစ်ခု ဘယ်လောက်, liveလွင့်ချိန်တစ်မိနစ် ဘယ်လောက်ဆိုရင် လူအများစုကတော့ လိုက်နိုင်တော့မှာမဟုတ်ဘူး။
သက်သာတဲ့ ဆိုရှယ်မီဒီယာတွေကို ပြောင်းသုံးလာနိုင်တယ်။
ဒါပေမယ့် ဆိုးကျိုးကတော့ စောစောက ဥပမာလို ဘောမတွေလဲထိမှာပဲ။
ဒါပေမယ့် လူများတဲ့ဘက်ကပိုနာမယ်။
မိဇူကို တန်ပြန်နိုင်တာလဲ ဒီလိုပဲရှိတော့တယ်။
မင်းလည်းထိ ငါလည်းထိပေါ့။
အားအားယားယား ဖောင်းထုနေတတ်တဲ့ အုပ်စုကတော့ပိုနာပြီပေါ့ဗျာ။

S.S.T(10.12.2021)