Friday, December 17, 2021

"နွေဦးသံဝေဂ"


နွေဦးမှာတော်လှန်
မိုးဦးမှာသင်းကွဲ
ဆောင်းဦးမှာ အကုန်ပြဲတယ်
ပြည်ဖျက်တဲ့ပွဲ။

နွေဦးမှာအလှူခံ
မိုးဦးမှာထီတွဲ
ဆောင်းဦးမှာဘွန်းပါရောင်းတယ်
လိမ်ကောင်းတဲ့ပွဲ။

လည်တဲ့သူ အမေရိကန်
နုံတဲ့သူ မရဏစံ
ပိန်းတဲ့သူထောင်ထဲ
သဒ္ဓါဖြူ လှူရှင်အပေါင်းက
ငြောင်းကြငရဲ။

             မေတ္တာများဖြင့်သာ,

                 🇲🇲သက်နိုင်ဦး(ကျည်ကာ)🇲🇲
                    (16-12-2021)(19:36)hr)