Tuesday, December 14, 2021

ထိုင်းမှ ရုရှားသို့ ရေတပ်အလှုပ်အခတ် (5)


          ဘရွှေကြီး တက်လာပြီးနောက် တပ်မတော်အဆင့်မြှင့်တင်ရေးအတွက် အားထုတ်ခဲ့ရာမှာ တပ်မတော်ရေ အတွက် အစီအစဥ်တွေ ပါဝင်ပါတယ် ။ သို့သော် သူပုန် အဖွဲ့ ၁၀၀ လောက်နဲ့ တိုက်နေရတဲ့ တပ်မတော် ကြည်း အတွက် နဲ့ တပ်မတော် လေ အတွက် အထူးအာရုံစိုက်နေရတဲ့ အတွက် တပ်မတော်ရေဟာ ခြေတလှမ်း နောက်ကျခဲ့ရတယ်လို့ ဆိုရပါမယ် ။ 

         ဘရွှေကြီးဟာ မြန်မာ့ရေတပ်အတွက် ကိုယ်ပိုင်သဘော်ကျင်း နဲ့ ကိုယ်ပိုင်ထုတ်နိုင်ဖို့ အတွက် မိမိနဲ့ အဆင်ပြေတဲ့ ပြည်ပနိုင်ငံများစွာထံကို ပညာတော်သင်များ စေလွှတ်ထားပါတယ် ။ 

       ထို့အတူ ပြည်တွင်းမှာ မိမိတတ်နိုင်တဲ့ နည်းပညာနဲ့ပဲ မြေစမ်းခရမ်းပျိုး တည်ဆောက်နေပါပြီ ။ သို့သော် အားရစဖွယ် မရှိသေးခင် အစပျိုး ကာလမှာပဲ အထက်ဖော်ပြပါ ထိုင်း မြန်မာ ရေတပ်ပြဿနာ ဖြစ်ခဲ့ကြရတာပဲ ဖြစ်ပါတယ် ။ 

         အဲဒီကာလတုန်းက မြန်မာ့ရေတပ်မှာ တောင့်တောင့်တင်းတင်း ဆိုလို့ 037 1G လေးစီး နဲ့ 5 စီးရီး နှစ်စီးပဲ ထုတ်လုပ်ထားနိုင်ပါသေးတယ် ။ 771 ကတော့ သဘော်ကျင်းမှာ ဝရိန်ဆော်ကောင်းတုန်း ကာလဖြစ်ပါတယ် ။ 

          ထိုင်းတွေ ကြောက်လန့်ပြီး ပွဲပြီးသွားပေမယ့် စိတ်မချရတဲ့ အိမ်နီးခြင်း မြေခွေးတွေ ဝိုင်းနေတဲ့ အတွက် ရေတပ်တည်ဆောက်ရေးကို အားထည့်ဆောင်ရွက်လာကြရပါတယ် ။ 

      ပထမဆုံး corvette အမျိုးအစား တည်ဆောက်လက်စ 771(အနော်ရထာ) အပြင် နောက်ထပ် 772 (ဘုရင့်နောင် ) တစီး ထပ်မံ တည်ဆောက်ခဲ့ပါတယ် ။ မြန်မာ့တပ်မတော် သဘော်ကျင်း ဝန်ထမ်းများ နဲ့ တည်ဆောက်ရေး ပညာရေးရှင်များရဲ့ ကြိုးစားတည်ဆောက်ထားတဲ့ ပထမဆုံး corvette နှစ်စီး ရေချပြီးပါပြီ ။ 

      သို့သော် corvette နဲ့ FAC ကမ်းရိုးတန်းအမြန်သွား စစ်ရေယာဥ်တွေ နဲ့ မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်ဖို့ မဖြစ်နိုင်သေးပဲ ရေတက်အခေါ် brown water navy အဆင့်သာရှိနေပါသေးတယ် ။ 

          ဒီထက်အဆင့်မြှင့်ဖို့ဆိုရင် 
light frigate ခေါ် အပေါ့စားဖရီးဂိတ်များ FFG ခေါ် missile တင်ဖရီးဂိတ်ကြီးများကဲ့သို့ ရေယာဉ်များပိုင်ဆိုင်မှ မိမိရေပြင်ပိုင်နက်အားလုံးသို့ အခြေဆန့်နိုင်သော Green water navy တခုကိုပိုင်ဆိုင်နိုင်မယ်ဆိုတာ မြန်မာ့တပ်မတော် ခေါင်းဆောင်ကြီးတွေ ကောင်းစွာ သိထားပါတယ် ။ 

          ငွေရှိလို့ ဝယ်မယ်ဆိုရင် အလွယ်တကူ ဝယ်လို့ ရနိုင်ပါတယ် ။ သို့သော် စစ်လက်နက် ယာဥ် ယန္တယားဆိုတာ အပို ပစ္စည်းကလည်း အင်မတန် အရေးကြီးပါတယ် ။ မူရင်းနိုင်ငံက စစ်ရေး နိုင်ငံရေး အပြောင်းအလဲမှာ အပိုပစ္စည်း မပေးတော့ဖူး ဆိုရင် မိုးထဲရေထဲ ဒုက္ခများသွားနိုင်ပါတယ် ။ 

           အာဂျင်တီးနား နဲ့ အဂ်လန် တို့ ဖောက်ကလန်ကျွန်း စစ်ပွဲ ဖြစ်တော့ အာဂျင်တီးနားက ပြင်သစ်လုပ် အိတ်ဇိုးဆေး သဘော်ခွင်းဒုံး နဲ့ ဆော်လိုက်တာ အဂ်လန် စစ်ငဘော် ရှဖီး ရေအောက်မြှပ်သွားပါတယ် ။ 

        အဂ်လန်က ပြင်သစ်ကို ဖိအားပေးပါတယ် အာဂျင်တီးနားကို အိတ်ဇိုးဆေး ဒုံး ထပ်မပေးဖို့ ပေါ့ ။ ပြင်သစ်ကလည်း အဂ်လန်သည် ဥရောပသားခြင်း အိမ်နီးခြင်း ဆိုတော့ အာဂျင်တီးနားဆီကို ပေးစရာရှိတဲ့ ဒုံးကျည် ထပ်မပေးတော့ဘူး ။ ငွေပေးပြီးသားနော် တမင်ညစ်လိုက်တာ ။ ဒါနဲ့ အာဂျင်တီးနား စစ်ရှုံးခဲ့ရပါတယ် ။

        ဒီလိုတွေ သိထားတဲ့ မြန်မာခေါင်းဆောင်များဟာ ပြင်ပနိုင်ငံများဆီသို့ ပညာသင်များ အသုတ်လိုက် ခွဲလွှတ်ပါတယ် ။ ဘရွှေရဲ့ ကြောင်လက်သဲဝှက် ထုံးစံအတိုင်း ဘယ်သူမှ မရိပ်မိအောင် သိုသိပ်စွာ ဆောင်ရွက်ခဲ့ကြပါတယ် ။ 

        မြန်မာတပ်မတော်ဟာ ပထမဆုံး အဆင့်တခု တက်လှမ်းတဲ့အနေနဲ့ မိမိတို့ ကိုယ်ပိုင်ထုတ် corvette အဆင့် 771 နဲ့ 772 တို့ကို light frigate အဆင့် မြှင့်တင်ပေးပြီး လက်သွေးခဲ့ပါတယ် ။ 

         ရေတပ်အနာဂါတ် အတွက် ရေရှည်မျှော်မြင်ပြီး စီမံကိန်းချထားတဲ့ အသီးအပွင့်တွေဟာ ဘရွှေကြီး အနားယူခါနီး 2010 ခုနှစ်မှာ အကောင်အထည် ပေါ်လာခဲ့ပါတယ် ။ အဲဒါက ဘာလဲ ဆိုတော့ F11 (အောင်ဇေယျ) Frigate စစ်သဘော်ကြီးကို ကိုယ်တိုင်ထုတ်ပြီး တပ်တော်ဝင်ပြလိုက်တာပါပဲ ။ 

         ဒီနေရာမှာ စစ်သဘော်တွေရဲ့ အဆင့်အတန်းခွဲခြားပုံကို အနည်းငယ် တင်ပြမှသာ သဘောပေါက်နိုင်ပါလိမ့်မယ် ။ 

       ရေတပ်သဘော်တွေထဲမှာ လေယာဥ်တင် သဘော်ဆိုတာ အဆင့်မြင့်ဆုံးလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ် ။ 

       နောက်တဆင့်က CG ခေါ် ခရူဇာတိုက်သင်္ဘောကြီးများ နဲ့ DDG ခေါ် ဖျက်သင်္ဘောများ

      အဲဒီနောက်မှ Frigate စစ်ဘော်ပဲ ဖြစ်ပါတယ် ။ အင်အားကြီး ရေတပ်ကြီးတွေ အတွက်တော့ Frigate ဆိုတာ အစောင့်လိုက် သဘော် အဆင့်ပဲ ဖြစ်ပါတယ် ။ လိုအပ်မှသာ တိုက်ခိုက်ရေး တာဝန်ကို ယူကြရတဲ့ ဒုတိယတန်းစား စစ်ရေယာဥ်များသာ ဖြစ်ပါတယ် ။ 

        သို့သော် ဘက်ဂျက် နည်းပါးသော တိုင်းပြည်များကတော့ Frigate ကိုပဲ အဓိက စစ်သဘော်အဖြစ် ကျောရိုးထား ဖွဲ့စည်းကြရပါတယ် ။ အဲလို အနေအထားမျိုးမှာ မြန်မာ့တပ်မတော် ရေ ကနေ ကိုယ်ပိုင် ထုတ်လုပ်ပါတယ် ဆိုပြီး ရုတ်တရက် ထကြေငြာလိုက်တဲ့အခါ အိမ်နီးချင်း ဒေသတွင်း တိုင်းပြည်များ အတွင်း တုန်လှုပ်သွားကြပါတယ် ။ 

           ဖရီးဂိတ်ကို ပြည်တွင်းမှာ ထုတ်လုပ်တယ်ဆိုတာ အင်မတန် ခက်ခဲတဲ့ နည်းပညာ ဖြစ်ပါတယ် ။ မြန်မာတွေ ဘယ်တုန်းက ဘယ်သူ့ဆီမှာ သင်ထားလို့ အခုလို ထုတ်နိုင်တာလည်း ဆိုတာ အားလုံး မျက်စေ့လည်အောင် ဖြစ်သွားကြရပါတယ် ။ 

        ပထမဆုံး မြန်မာထုတ် ဖရီးဂိတ်ရဲ့ လက်နက်စနစ် နဲ့ အကြမ်းဖျင်း တည်ဆောက်ပုံကတော့ .......

        108 metre frigate hull no . 11 F-11 ဖြစ်ပြီး guided missile frigate FFG ၁ စင်းဖြစ်သည် ။

- လက်နက်တပ်ဆင်မှု့အနေနှင့် သင်္ဘောဖျက်ဒုံးအဖြစ် ရုရှားထုတ် KH-35E ၈ စင်းကိုတပ်ဆင်းထားပြီး ၁၂၀ km ကိုထိန်းချုပ်ပစ်ခတ်နိုင်သည် ။

- လေကြောင်းရန်ကာကွယ်ရေးအဖြစ် Igla SAM ၆ စင်းကိုတပ်ဆင်ထားသည် ။

- ဝေဟင်နှင့် ရေပြင်မှ အနီးကပ်လာသော အရာမှန်သမျှကို ၁ မိနစ်လျှင် ကျည်ပေါင်း ၅၀၀၀ ကျော်ဖြင့်ပစ်ခတ်ခြေမှုန်းနိုင်သော အနီးကပ်ရန်တိုက်ဖျက်ရေး ( close in weapon system ) CIWS အဖြစ် AK-630 30mm 6-barrel gun ပေါင်း ၄ လက်ခန့်နှင့်အတူ 14.5 mm twin antiaircraft ( AA )gun ၂ လက်ကိုလည်းတွဲဖက်အသုံးပြု တပ်ဆင်ထားသည် ။

- Main gun အဖြစ် Otto Melara 76mm cannon ကိုတပ်ဆင်ထားပါတယ် ။

- ရေငုတ်သင်္ဘောတိုက်ဖျက်ရေး Antisubmarine warfare ( ASW ) အတွက် antisubmarine rocket launcher အဖြစ် RBU-1200 နှင့် ရေမြှပ်မိုင်း depth charges များအပြင် ရေငုတ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်တင်ဆောင်နိုင်သော Heli deck တခုထည့်သွင်းတည်ဆောက်ထားသည့် ဒေသတွင်းလုပ် အဆင့်မြင့် FFG ၁ စင်းဖြစ်ပေသည် ။ 

          အဲဒီလို ပြည်တွင်းထုတ် ဖရီးဂိတ်တစီး တပ်တော်ဝင် ရေချလိုက်တာ နဲ့ ပထမဆုံး အားစမ်းလာတာ ဘဂ်လားဒေ့ရှ် ပဲ ဖြစ်ပါတယ် ။ 

        ဘဂ်လားဒေ့ရှ်ဟာ မြန်မာတို့နဲ့ ကာလကြာ ဖြစ်နေတဲ့ ရေပိုင်နက် အငြင်းပွားမှု အပေါ် 2012 မှာ အင်အားသုံး ကျူးကျော်ဖို့ အားထုတ်ခဲ့ကြပါတယ် ။ မြန်မာ့တပ်မတော်ရဲ့ တစီးတည်းသော ဖရီးဂိတ် အင်အားနဲ့ လုံးဝ အားမတူတဲ့ အတွက် မြန်မာ့တပ်မတော် ရေ အတွက် တရုတ်နိုင်ငံမှ type 53H1 frigate ၂ စင်းကိုလျင်မြန်စွာဝယ်ယူဖြည့်တင်းခဲ့ပါတယ် ။ 

          အဲဒီအပြင် F11 အောင်ဇေယျပေါ်သို့ ရုရှားလုပ် KH35E missile များ ထပ်မံ တပ်ဆင် အားဖြည့်ပြီး ဘဂ်လားရဲ့ ရန်စမှုကို တုန့်ပြန်နိုင်ခဲ့ပါတယ် ။ 

       အဲဒီ ပြဿနာ ဖြစ်ပြီးတာ နဲ့ မြန်မာ့တပ်မတော် ရေ အတွက် အဆင့်မြင့် နည်းပညာသုံး ဖရီးဂိတ်များ အမြန်တည်ဆောက်ဖို့ ပြင်ဆင်ရပါပြီ ။ 

       ပထမဆုံး ဖရီးဂိတ် ဖြစ်တဲ့ F 11 ထက် များစွာ အဆင့်မြှင့်ထားတဲ့ နည်းပညာသုံး ဖရီးဂိတ်တွေ ဘယ်လို တည်ဆောက်ကြမလဲ လေ့လာကြည့်ပါစို့ ဗျာ ။ 

        ကိုရွှေမျိုးဝင်း