Saturday, December 11, 2021

လမ်းမတော်မြို့နယ်တွင် NLD ပါတီဝင် အမျိုးသမီးတစ်ဦး ငွေကြေးအရှုပ်တော်ပုံကြောင့် PDF က သေနတ်ဖြင့် ပစ်သတ်


ရန်ကုန်၊ ဒီဇင်ဘာ ၈

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် (၉) ရက်ကွက် ဇော်ဂျီလမ်းမှ NLD ပါတီဝင် #ဒေါ်ခင်မျိုး သည် ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ၅ နာရီခန့်တွင် ငွေကြေးအရှုပ်တော်ပုံကိစ္စဖြင့် PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

"မနက်က သူဆန်ဆိုင် ဖွင့်နေတဲ့ အချိန်မှာ ပစ်ခံရတာ။ ကားနဲ့လာပြီး ပစ်သွားတာ။ နောက်တစ်ယောက်လည်း ထိတယ်။ ပလာတာဆိုင်က လူကတော့ ခြေထောက်ကိုပဲ ထိသွားတာ။ မခင်နေမျိုးက နေရာတင် ပွဲချင်းပြီး သေသွားတယ်။ သူက PDF တွေကို ငွေကြေးထောက်ပံ့ဖူးတယ်။ PDF တွေအတွက် ပြည်ပကလာတဲ့ အထောက်အပံ့တချို့က သူ့ဆီကိုရောက်တယ်လို့ သတင်းတွေထွက်နေတာရှိတယ်။ နောက်ပိုင်းမှာ PDF တွေကိုမပေးတော့ဘဲ သူက ဘုန်းထားတော့ PDF တွေက မကျေနပ်ကြဘူး။ သူတို့အချင်းချင်းတွေ စကားများကြသေးတယ်လို့ သိတဲ့သူတွေက ဟိုနေ့ကတောင် ပြောနေသေးတယ်။ သိရတယ်ဗျ။ အဲ့ကနေ အခုလို အသတ်ခံရတယ်ကြားတာပဲ။" ဟု အမည်မဖော်လိုသူ အနီးနေပြည်သူတစ်ဦးက MHT ကိုပြောသည်။

#mhtnews

https://t.me/naywin331

Related Posts: