Thursday, December 9, 2021

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CITIC Group နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ လက်မှတ်ရေးထိုးသည့် Memorandum of Agreement လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်


နေပြည်တော် ဒီဇင်ဘာ ၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CITIC Group နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ လက်မှတ်ရေးထိုးသည့် Memorandum of Agreement လက်မှတ်ရေး ထိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ယခုချုပ်ဆိုမည့် Memorandum of Agreement တွင် ရေရှည်ညှိနှိုင်း ဆောင်ရွက်ရမည့် လယ်ယာဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ခြင်းအပြင် ကာလတိုတွင် အကျိုးရှိပြီး ချက်ချင်းဖော်ဆောင်နိုင်မည့် ကုန်သွယ်မှု အပိုင်းကိုပါ ထည့်သွင်းထားခြင်းသည် ပိုမိုကောင်းမွန်အကျိုးရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ MOA အရ ဆန်၊ ဆန်ကွဲ၊ ပြောင်းနှင့် ဓါတ်မြေသြဇာများကို နှစ်စဉ်နှစ်ဖက်ညှိနှိုင်းမှုဖြင့် ကုန်သွယ်ရောင်းဝယ်မှုပြုလုပ်ခြင်းကို ဝန်ကြီးဌာနအနေဖြင့် အထူးအားပေးပါကြောင်း၊ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင် ဆောင်ရွက်သည့် နိုင်ငံဖြစ်သည့်အတွက် လယ်ယာကဏ္ဍမှထွက်ရှိသည့် ဆန်၊ ပြောင်း၊ ပဲမျိုးစုံစသည့် လယ်ယာထွက်ကုန်ပစ္စည်းများကို အရည်အသွေး ပြည့်မီစွာ တင်ပို့နိုင်ရေးနှင့် ဈေးကွက်တည်ငြိမ်မှုရရှိရေးသည် လွန်စွာအရေးကြီးသည့် ကိစ္စရပ်ဖြစ်ပါ ကြောင်း၊ လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တရုတ်- မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တရုတ်နိုင်ငံ၏ Belt and Road အစီအစဉ်နှင့် ချိတ်ဆက်ပူးပေါင်းကာ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေး၊ စာနပ်ရိက္ခာ ဘေးကင်းလုံခြုံရေးနှင့် တောင်သူလယ်သမားများ၏ စီးပွားရေးအခွင့်အလမ်းများ တိုးတက်ရရှိ ကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုပါ ဖော်ဆောင်ပေးရန်အရေးကြီးကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ CITIC Group ဥက္ကဋ္ဌ Mr. Chen Xiaojia တို့က အမှာစကားပြောကြားသည်။

ဆက်လက်၍ လယ်ယာကဏ္ဍထုတ်ကုန်များအတွက် ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်း ဆောင်ရွက် နိုင်ရန် MOU အဆင့်မှ MOA အဆင့်တိုးမြှင့်ချုပ်ဆိုခြင်း စာချုပ်ကို လက်မှတ်ရေးထိုးကာ အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သိရသည်။

Credit

Related Posts:

  • ခင် စု ကြည် ဒေါ်ခင်ကြည် အစအဆုံသမိုင်းကြောင်းတွေ ပြောကြလွန်းလို့ကော်ပီ မ လာတာ။ခင် စု ကြည်ဒေါ်ခင်ကြည် အစအဆုံး( မဖတ်ချင်က ကျော်သွားပါ rp မထုပါနှင့် စာဆောင်တွေစုဆောင်းပီး စာပြန်စီရတာ ထင်သလောက်မလွယ်လို့ပါ) ဒေါ်ခင်ကြည် ဟာ ကုလား +ကရင် ကပြားမြောင်းမြသူဖြစ်သည… Read More
  • အကဲဆတ်ချိန်          ကိုကြီးစိုး တယောက် ရောက်လာပြီး လက်ဖက်ရည်ဆိုင် အတင်းခေါ်တာနဲ့ လိုက်သွားရပါတယ် ။ စာရေးမလို့ ဆိုပြီး ငြင်းတာကို မရဖူး ဇွတ်ခေါ်နေတာလေ ။ ထိုင်ပြီးတာ နဲ့ တန်းပြောတာပဲ"ငမျိုးရေ သာဝကြီးကို ရေးစမ်းကွာ… Read More
  • အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (19)           ဒေါ်စုကြည်တို့ NLD ​တစုဟာ လွှတ်တော်အတွင်း ဝင်ရောက်လာပြီးနောက် အဆိုတင်သွင်းခြင်း ကန့်ကွက်ခြင်းတွေကို စွမ်းစွမ်းတမံ ပြုလုပ်နိုင်တာ မတွေ့ရပေမယ့် အဖျက်လုပ်ငန်းကိုတော့ ကောင်းစွာ ပြုလုပ်နိုင… Read More
  • အဖြူထည် လူငယ်များအတွက်၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (20)        ၂၀၁၀ ရွေးကောက်ပွဲ မလုပ်ခင်ကာလ နအဖခေတ်မှာ  ဦးရွှေမန်းဟာ တပ်မတော် မှာ တပ်ချုပ်ကြီး နဲ့ ဒုချုပ်ကြီး ပြီးရင် သူဟာ တတိယ အကြီးဆုံး ခေါင်းဆောင်ကြီး ဖြစ်ပါတယ် ။          … Read More
  • ဝင်မပါ ပါနဲ့၊ ငြိမ်ငြိမ်နေကြပါဝင်မပါ ပါနဲ့၊ ငြိမ်ငြိမ်နေကြပါလို့ ဆိုတာ EAO လို့ ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြောနေတာပါ။ အရင်တုံးကတော့ သူပုန်၊ သောင်းကျန်းသူ၊ အဖျက်သမား၊ ငပွေး စသည်ဖြင့် ခေါ်တာပေါ့။ အင်တာနေရှင်နယ်မှာ အိုးမဲသုတ်ချင်ရင်တ… Read More