Friday, December 17, 2021

မေ့မထားသင့်တဲ့ ကဏ္ဍ


         ယခင် ခေတ်အဆက်ဆက်က ပညာရေးဌာနရဲ့ ကျောင်းသင်ခန်းစာ ပုံနှိပ်တွေကို ထုတ်လုပ်ဖြန့်ချီရာမှာ ကုန်ကျစရိတ်တွေ အင်မတန်များပြားခဲ့ရပါတယ် ။ 

            အဲဒီအချိန်က စက္ကူစျေး နဲ့ ပုံနှိပ်ခတို့ရဲ့ သတ်မှတ်စျေးနှုံးအရ ကုန်ကျစရိတ်တွေ များခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဦးသိန်းစိန် လက်ထက်အစပိုင်းအထိ ငွေကုန်များစွာနဲ့ ရိုက်နှိပ်ခဲ့ရတဲ့ ကျောင်းစာအုပ်များဟာ ပညာရေးဝန်ကြီးဌာန နဲ့ ပြန်ကြားရေးဝန်ကြီးဌာန (ပုံနှိပ်စက်လုပ်ငန်း) တို့ရဲ့ ဂွင်ထဲမှာ လုပ်ခဲ့ကြရပါတယ် ။ 

         ပုဂ္ဂလိက ပုံနှိပ်စက်များရဲ့ တောင်းဆိုမှုကြောင့် အမျှော်အမြင်ကြီးသော သမ္မတကြီး ဦးသိန်းစိန် နဲ့ ဝန်ကြီးများဟာ ယင်းလုပ်ငန်းရဲ့ 80 % ခန့်အား တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရန် ခွင့်ပြုချိန်ရောက်တော့မှ အဆိုပါ ဘက်ဂျက်ယိုပေါက်ကြီး ပြန်ပိတ်သွားရပါတယ် ။ 

           ပြင်ပမှ တိုင်းရင်းသားစစ်စစ် ပုံနှိပ်လုပ်ငန်းရှင် တဦးဟာ ဘယ်သူမှ ထင်မှတ်မထားတဲ့ တင်ဒါစျေး နဲ့ အဆင့်မြင့် ကွာလ်တီ ကျောင်းသုံးစာအုပ်တွေကို ထုတ်ဝေခွင့်ရလိုက်ပါတယ် ။ 

      ပြန်ကြားရေးဌာနမှ ၁၉၅၄ ခုထုတ် စက်အဟောင်းဖြင့် စက္ကူအညံ့စားနဲ့ ထုတ်ထားတဲ့ စာတမျက်နှာကို ကုန်ကျစရိတ် ၃ ကျပ် ပြား ၂၀ နဲ့ ရိုက်နှိပ်ချိန်မှာ ပုဂ္ဂိလိက လုပ်ငန်းရှင်က စက္ကူအကောင်းစားအား နောက်ဆုံးပေါ် ခေတ်မှီပုံနှိပ်စက်ဖြင့် အဆင်မြင့်မှင် သုံးစွဲကာ တမျက်နှာလျှင် ၂ ကျပ် ၂၀ ပြားနှုံးနဲ့ တင်ဒါအောင်ခဲ့ပါတယ် ။ 

            တနှစ်လျှင် စာမျက်နှာ ဘီလီယံ ၆၀ ခန့် ရိုက်နှိပ်ရသော လုပ်ငန်းကြီးဟာ မှန်ကန်သော အုပ်ချုပ်သူများရဲ့ စေတနာပါသော ဆုံးဖြတ်ချက်ကြောင့် တနှစ်ကို ဘီလီယံ ၆၀ ခန့် ပညာရေးဌာနမှာ ပိုငွေ ပြလာနိုင်ပါတယ် ။ 

            အဲဒီ ပိုငွေတွေကြောင့်ပဲ ဦးသိန်းစိန် အစိုးရသည် NLD အစိုးရထက် ပညာရေးဘက်ဂျက် များစွာ လျှော့နည်း သုံးစွဲခဲ့ပေမယ် ကျောင်းဆောင်သစ် ၁၁၀၀၀ ကျော် နဲ့ ကျောင်းဆောင်အဟောင်းပြင်ဆင် ၁၁၀၀၀ ကျော် တည်ဆောက်နိုင်သကဲ့သို့ တက္ကသိုလ် အသစ်များလည်း တည်ဆောက်နိုင်ခဲ့ပါတယ် ။ 

        နှမျှောစရာ ကောင်းတာက NLD အစိုးရ တက်လာပြီးနောက် ပညာရေးဝန်ကြီး နဲ့ ကျန်းမာရေး ဝန်ကြီးတို့ဟာ ပူးပေါင်းပြီး ယခင်ခေတ်က ဂွင် အတိုင်း ပြန်လည်လုပ်စားကြပါတော့တယ် ။ 

       အဓိက မောင်းနှင်သူတွေကတော့ ယခု ညွှန်ချုပ် ၊ ဒုညွှန်ချုပ် ၊ PS တွေရဲ့ ကြိုးကိုင်မှုနဲ့ လုပ်ကြတာပါပဲ ။ NLD ငါးနှစ်အတွင်း အဆိုပါ နည်းပါးသော စျေးနှုံးနဲ့ တင်ဒါဆောင်ရွက်နိုင်သည့် တိုင်းရင်းသားစစ်စစ် လုပ်ငန်းရှင်အား ပြောင်ပြောင်တင်းတင်းပင် အလုပ်မလုပ်နိုင်ဟု ပြောခဲ့ကြပါတယ် ။ 

        တင်ဒါစည်းမျဥ်း နဲ့ လက်တလုံးခြား လှည့်စားနိုင်ရန် ပုံနှိပ်လုပ်ငန်ရှင်ကြီးများ အသင်းနှင့် စာချုပ် ချုပ်သည်ဆိုပြီး ဆောင်ရွက်ကာ တိုင်းပြည် ဘဏ္ဍာများအား ခိုးယူခဲ့ကြပါတယ် ။ 

(တင်ဒါ ဥပဒေအရ အသင်းအဖွဲ့ဟူသည် ပိုင်ရှင်မရှိသောကြောင့် တာဝန်ခံမည့် ပုဂ္ဂိုလ်သီးသန့်မရှိ၍ စာချုပ် ချုပ်ဆိုလို့ မရပါဘူး)

         ပုံနှပ်ထုတ်ဝေရေး အသင်းဆိုတာကို ပြန်လည်လေ့လာကြည့်ပါက တိုင်းရင်းသား လုပ်ငန်းရှင် 20 % သာ ပါဝင်ပြီး 80 % ဟာ တရုတ်တွေ ဖြစ်နေကြာင်း ကြောက်ခမန်းလိလိ တွေ့မြင်ရပါတယ် ။
 
               ဘယ်လောက် စည်းမဲ့ကမ်းမဲ့ လုပ်ထားသလဲဆိုရင် အထက်မြန်မာပြည် ပုံနှိပ်လုပ်ငန်းရှင်များ အသင်းသို့ လုပ်ငန်းအပ်နှံစာချုပ် ချုပ်ရာမှာ ယင်းအသင်းဟာ တရားဝင် မှတ်ပုံတင်ထားခြင်းတောင် မရှိဘူးလို့ ကြားသိရပါတယ် ။ 

        ဒီနေရာမှာ အထူးသဖြင့် ပညာရေးဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ 

- ကျောင်းသုံးစာအုပ်ရိုက်နှိပ်ခြင်း၊

- ပို့ဆောင်ခြင်း၊

- စက္ကူဝယ်ယူခြင်း၊

         အစရှိတဲ့ လုပ်ငန်းအဆင့်ဆင့်မှာ တင်ဒါစည်းမျဉ်းနဲ့အညီ 

- ပုံနှိပ်အရည်အသွေးမှန်ကန်မှုမရှိ မရှိ

- ချုပ်လုပ်မှုအရည်အသွေး ကောင်း မကောင်း

        စသည်များကို စစ်ဆေးခြင်းအလျဉ်းမရှိဘဲ စည်းကမ်းမဲ့စွာ ငွေပေးချေခြင်း၊အစိုးရဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်လုပ်လိုက်သည့် စာအုပ်များသည်ပင်လျင် ပုံနှိပ် အရည်အသွေးလွန်စွာညံ့ဖျင်းနေသည့် စာအုပ်များကို ကျောင်းသားများ၏ လက်ဝယ်သို့ အရှက်တရားကင်းမဲ့စွာဖြင့်
လွတ်လပ်ရေးရပြီးစ အရည်အသွေးမျိုးကို ပြန်လည် အသက်သွင်းပြီး အကြံအဖန် လုပ်ခဲ့ကြပါတယ် ။ 

         အဲဒီလို ပူးပေါင်း ဘဏ္ဍာသူခိုးများကြောင့် NLD လက်ထက်က ပညာရေးကဏ္ဍရဲ့ အသုံးစရိတ်သည် ဦးသိန်းစိန်လက်ထက်၏ အသုံးစရိတ်ထက် များပြားစွာ ပိုမို အသုံးစာရင်းပြခဲ့သော်လည်း တည်ဆောက်ရေး လုပ်ငန်းဟူ၍ မယ်မယ်ရရ မပြနိုင်ပဲ ပုလင်းတူဗူးဆို့ခြင်း လက်ဝါးခြင်းရိုက် လှည့်စား ခိုးယူခဲ့ကြပါတယ် ။ 

. ယခု နစက လက်ထက်မှာတော့ ပညာရေးဝန်ကြီး နဲ့ ပြန်ကြားရေးဝန်ကြီးများသည် လူသစ်များ ဖြစ်နေကြပါပြီ ။ သို့သော် စားနေကျ ကြောင်ဖားများဖြစ်တဲ့ ဝန်ကြီး ၊ ဒုဝန်ကြီးများအဆင့်ရဲ့ အောက်က ပုဂ္ဂိုလ်ကြီးများကတော့ သူတို့ဂွင်ထဲသို့ ဝန်ကြီးများအား စည်းရုံးသိမ်းသွင်း လုပ်စားကြဖို့ ကြိုးစားနေကြအုံးမှာပါပဲ ။ 

. အိမ်စောင့်အစိုးရရဲ့ ဝန်ကြီးများအနေနဲ့ တိုင်းပြည်မျက်နှာ ပြည်သူ့မျက်နှာ ကြည့်ပြီး တင်ဒါဥပဒေ နဲ့ အညီ ပြင်ပ ပုဂ္ဂိလိက ပုံနှိပ်လုပ်ငန်းရှင်များအား လွတ်လပ်စွာ တင်ဒါတင်သွင်းခွင့် ရရှိစေ​ရေး စီမံမှသာလျှင် ပညာရေးဌာန၏ သင်ခန်းစာ စာအုပ်များ ထုတ်ဝေခြင်းလုပ်ငန်းကြီးမှ အနည်းဆုံး ဘီလီယံ ၆၀ ခန့် သက်သာအောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် ။ NLD လက်ကျန် ညွှန်ချုပ်၊ဒုချုပ်၊PS တွေဟာ စီးပွားရေးလုပ်ခွင့်မရှိသော အသင်းအဖဲ့များနဲ့ လက်ဝါးချင်းရိုက်ပြီး
ပြည်သူဘဏ္ဋာကို ပူးပေါင်းအဏုကြမ်းစီးခဲ့တာတွေ ပြန်စစ်ဖို့လိုကြောင်း၊အထူးသဖြစ် ပညာရေးဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ကျောင်းသုံးစာအုပ်ရိုက်နှိပ်ခြင်း၊ပို့ဆောင်ခြင်း၊စက္ကူဝယ်ယူခြင်း၊တင်ဒါစည်းမျဉ်းနဲ့အညီ ပုံနှိပ်အရည်အသွေးမှန်ကန်မှုမရှိ၊ချုပ်လုပ်မှုအရည်အသွေး မကောင်းသည်များကို စစ်ဆေးခြင်းအလျဉ်းမရှိဘဲ စည်းကမ်းမဲ့စွာ ငွေပေးချေခြင်း၊အစိုးရဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်လုပ်လိုက်သည့် စာအုပ်များသည်ပင်လျင် ပုံနှိပ် အရည်အသွေးလွန်စွာညံ့ဖျင်းနေသည့် စာအုပ်များကို ကျောင်းသားများ၏ လက်ဝယ်သို့ အရှက်တရားကင်းမဲ့စွာဖြင့်
လွတ်လပ်ရေးရပြီးစ အရည်အသွေးမျိုးကို ပြန်လည် အသက်သွင်းနေခြင်း၊
**ကျန်းမာရေးဝန်ကြီးဌာနပင် ဖြစ်သော်လည်း ဘေးအန္တရာယ်ဖြစ်စေသည့် ပုံနှိပ်နည်းပညာများကိုသာ သုံးစွဲနေခြင်းများ ။

          အချုပ်ပြောချင်တာက မြန်မာနိုင်ငံ ပုံနှိပ်လုပ်ငန်းရှင်များ အသင်းသည် တရုတ်လက်အောက်ခံ အသင်းဖြစ်နေပါပြီ ။

(ဥပဒေ နဲ့ မလျှော်ညီသော အသင်းအဖွဲ့ခေါင်းစဥ်ဖြင့် တရုတ်လုပ်ငန်းရှင်များနဲ့ ဝေစားမျှစား လုပ်နေခြင်းအား သတိထားမိရန်)

- NLD လက်ကျန် ပညာရေးဌာန နဲ့ ပြန်ကြားရေးဌာနရှိ ဝန်ကြီးအဆင့်အောက် အရာရှိကြီးငယ်များရဲ့ လက်တလုံးခြား ဥပဒေ ၊ ညွှန်ကြားချက်များအပေါ် အသေအချာစီစစ်ရန် 

- တိုင်းရင်းသားစစ်စစ် လုပ်ငန်းရှင်များအား ပုံနှိပ်လောက၏ 80 % ကို လွှမ်းမိုးထားသော တရုတ်လုပ်ငန်းရှင်များနှင့် ရိုးသားစွာ ယှဥ်ပြိုင်ခွင့် ပေးရန် 

(အဆိုပါ အရာရှိကြီးငယ်များဟာ မြန်မာတိုင်းရင်းသား အစစ် လုပ်ငန်းရှင်ဖက် မျက်နှာလိုက်ဖို့ အသာထား တရုတ်တွေနဲ့ ပေါင်းစားလာကြတာ ၅ နှစ်ကျော်ပြီမို့ ရိုးသားစွာ ယှဥ်ပြိုင်ခွင့် တောင်းခြင်းဖြစ်ပါတယ်)

         ဒီလိုကိစ္စတွေကို ဆိုင်ရာ ဝန်ကြီးတွေသာ မကပါဘူး နစက အဖွဲ့ဝင် လူကြီးမင်းများလည်း အမြဲ နားစွင့် ထိမ်းသိမ်းပေးနေရပါမယ် ။ မတော်မတရား ပြုခဲ့လျှင် လူကြီးမင်းတို့ သိစေရန် နည်းလမ်းအမျိုးမျိုးနဲ့ နားဖောက်ဖို့က ပြည်သူတွေရဲ့ တာဝန်သာ ထားလိုက်ပါ ။ 

          နိုင်ငံတော်သီချင်းရဲ့ ''ဒါ တို့မြေ ဒါ တို့ပြည် '' ဆိုတာကို တိုင်းရင်းသားအစစ်များသာ သီဆိုခွင့် ရှိပါကြောင်း........

     ကိုရွှေမျိုးဝင်း

(လူကြီးတွေ ကောင်းအောင် လုပ်နေပါတယ်တို့ ၊ တိမ်တောင်သဖွယ် တို့ လာမပြောနဲ့တော့ အဲဒါတွေကို သီပေါမင်းနဲ့အတူ ရေထဲမျှောလိုက်တော့ဗျာ..... )