Monday, December 13, 2021

မင်္ဂလာပါရှင်။ စကားနည်းနည်းပြောပါရစေရှင့်။

၂၀၁၂မှာ ပြည်ခိုင်ဖြိုးက အတိုက်အခံပါတီကို လက်တွဲခေါ်တယ်။၂၀၁၅ မှာ ပြည်ခိုင်ဖြိုးက ရွေးကောက်ပွဲမနိုင်ဘူး။အာဏာလွှဲပေးတယ်။ဒါ ပြည်ခိုင်ဖြိုးသမိုင်း။😍
ယနေ့နိုင်ငံမှာဖြစ်နေတာက ဒီမိုကရေစီ၏အသက်သွေးကြောဖြစ်တဲ့နိုင်ငံရဲ့တရားဥပဒေလမ်းကြောင်းမှ လမ်းချော်ခဲ့တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်တည့်မတ်နေတာဖြစ်ပါတယ်။ရွေးကောက်ပွဲတွေရှိနေပါတယ်။ရွေးကောက်ပွဲနှင့်အတူပြည်သူရွေးကောက်ခံအစိုးရပေါ်ထွက်လာပါမယ်။စစ်မှန်တဲ့ဒီမိုကရေစီလမ်းကိုဆက်လက်သွားနေတာကို တွေ့မြင်နေရပါတယ်။🙏

ယခင်သက်တမ်းမှာ ပြည်ခိုင်ဖြိုးသည် ပြည်သူ ၆ သန်းကျော်ထောက်ခံခဲ့သောဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၏အင်အား
ကြီး အတိုက်အခံနေရာမှာ ရှိနေသောနိုင်ငံဦးဆောင်ပါတီ
ကြီးဖြစ်ပါတယ်။😍

ဒါကြောင့် ကျွန်မအနေဖြင့် မိမိရပ်တည်နေသော political stand အရ ပြောဆိုရေးသားခဲ့ပါတယ်။

ယခင်အစိုးရလက်ထက်တွင် အခြေခံဥပဒေ ပုဒ်မ ၁၁အရ 
နိုင်ငံ၏ မဏ္ဍိုင်ကြီး ၃ ရပ်
 အကြားအပြန်အလှန်ထိန်းကြောင်းမှု check&balance ကျင့်သုံးရန် ပျက်ကွက်ခဲ့မှုများ
အကျင့်ပျက်ခြစားမှုဖြစ်နိုင်ခြေရှိသောကိစ္စများ
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမူနှင့် ကွဲလွဲဆန့်ကျင်နေသောလုပ်ဆောင်နေမှုများ
ရွေးကောက်ပွဲစနစ်အရ majority winner ဖြစ်နေမှုကို လက်တဆုံး ကျော်လွန်အသုံးပြုမှုများ 
အစိုးရ လွှတ်တော်နှင့် တရားစီရင်ရေး ယန္တယားမှ အားနည်းချက် လစ်ဟာချက် ချို့ယွင်းချက်များ ကို အပြုသဘောထောက်ပြရေးသားပြောဆိုခဲ့ပါတယ်။
အထူးသဖြင့် ၂၀၀၈ ခုနှစ်အခြေခံဥပဒေ ကို ကျော်လွန်သည်သာမက ဖောက်ဖျက်ကျူးလွန်နေနသော ကိစ္စများကို မိမိရပ်တည်နေသော နေရာမှ နိုင်ငံတော်နှင့်နိုင်ငံသားပြည်သူများ၏ အက်ျိုးကိုသာရှေ့ရှု၍ ပြတ်ပြတ်သားသားထောက်ပြရေးသားခဲ့ပါတယ်။

သို့သော် ယခင်အာဏာရပါတီခေါင်းဆောင်များသည် 
အခြေခံဥပဒေကို ကျော်လွန်၍ နိုင်ငံ၏ မဏ္ဍိုင်ကြီး ၃ ရပ်အထက်မှနေ၍ လွှမ်းမိုးချုပ်ကိုင်လုပ်ဆောင်ခဲ့ပါတယ်။

ကျွန်မ သင်ကြားတတ်မြောက်ခဲ့ရာ ပညာနှင့် အတွေ့အကြုံများ လေ့လာသိရှိခဲ့သော အသိပညာ ဗဟုသုတများကို အခြေခံ၍ ဘာလုပ်ရင် ဘာဥပဒေ ရှိတယ်။ နိုင်ငံတကာဥပဒေတွေ ပြည်တွင်းဥပဒေတွေအရ ဘာလုပ်ရင် ဘာတွေ ဖြစ်လာနိုင်တယ်လို့ နိုင်ငံနှင့်နိုင်ငံသားအက်ျိုးကိုသာတည့်တည့်ရှေ့ရှုပြီး ဥပဒေရှုထောင့်နှင့်နိုင်ငံရေးရှုထောင့်မှ နေ၍ ကောင်းမွန်သောစိတ်စေတနာဖြင့် ဝေဖန်ထောက်ပြခဲ့ပါတယ်။

ထိုစဉ်က တာဝန်ရှိသူများသည် နိုင်ငံ၏တည်ဆဲဥပဒေများကို လေးစားလိုက်နာခဲ့မယ် ဒီမိုကရေစီ ကျင့်ဝတ်များ ယဉ်ကျေးမှုများနှင့်ကျန်သော နိုင်ငံရေးဦးဆောင်ပါတီများ၏ ဝေဖန်ထောက်ပြမှုတွေကို အလေးထားပြီး အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်လုပ်ဆောင်ခဲ့မယ်ဆိုရင် ယနေ့ နိုင်ငံတော်မှာ ဒီလိုအဖြစ်တွေရှိလာစရာအကြောင်းမရှိပါ။

ယနေ့အထိလည်း နိုင်ငံသားပြည်သူတစ်ဦး၏ သစ္စာကို သာတိုင်တည်၍ ယုံကြည်ရာပန်းတိုင်ကို ရှေ့ရှု၍ ကျရာနေရာမှ ဆက်လက် လုပ်ဆောင်နေပါတယ်ဆိုတာကို လေးစားစွာအသိပေးပြောပြလိုပါတယ်။🙏

မိမိယုံကြည်ရာဘက်ကရပ်ကြပါ။ဆဲနေတိုက်ခိုက်နေတာကအဖြေမဟုတ်ဘူး။ဆဲနေတာအဖြေမဟုတ်ဘူး စေတနာနှင့် ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာ ပြောပြခဲ့တယ်။
ဆဲဆိုတိုက်ခိုက်လုပ်ကြံနေသူတွေကိုပါမချန်အားလုံးအတွက်သာမန်ပြည်သူတိုင်းရင်းသူတစ်ဦးသာဖြစ်တဲ့ကျွန်မ ကြိုးစားပေးနေပါတယ်။🙏

အားလုံးကျန်းမာကြပါစေ။ဘေးရန်ခပ်သိမ်းငြိမ်းစေပါရှင့်။
မြန်မာနိုင်ငံသားဆိုတဲ့ခေါင်းစဉ်အောက်မှာစည်းလုံးချစ်ကြည်ကြနိုင်ကြပါစေရှင်။တူတူ မတူတူ အားလုံးကို ချစ်ပါတယ်။
🙏

ချစ်ခြင်းဖြင့်သာ😍
နန်းမြမြမီမီဇော်🙏
၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၁ရက်။