Tuesday, December 14, 2021

ထိုင်းမှ ရုရှားသို့ ရေတပ်အလှုပ်အခတ် (8)


         အိန္ဒိယနိုင်ငံကနေ 877EKM Kilo ရေငုတ်သင်္ဘော ၁ စင်းကို ၂၀၂၀ မှာ လက်ခံရရှိခဲ့ပါတယ်။ ငွေပေးဝယ်ရင် ဒါမျိုးတွေ လိုသလောက် ရနိုင်တယ်ဆိုပေမယ့် ရေငုပ်သဘော် ဆိုတာမျိုးက ဒလ နဲ့ ရန်ကုန်ကူးနေတဲ့ သမ္ဗန် မဟုတ်ပါဘူး ။

        သူ့ကို ထိမ်းကျောင်းနှင်ဖို့ ၊ ပြင်ဆင် သုံးစွဲ နိုင်ဖို့ ဆိုတာ ယုတ်ချည်း မဖြစ်နိုင်ပါဘူး ။ မြန်မာ့တပ်မတော် ရဲ့ ရေငုပ်သဘော် ရယူနိုင်မှု အပေါ် ဝေဖန်မှုတွေ မြင့်လာချိန်မှာ မြန်မာ့တပ်မတော်ဟာ ရေငုပ်သဘော် အတွက် ဆယ်စုနှစ် တခုမက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ် ။ 

        အင်မတန် နှုတ်လုံတဲ့ မြန်မာ့တပ်မတော်ရဲ့ လုပ်ဆောင်မှုဟာ တဆင့်ပြီး တဆင့် မြင့်လာရပါပြီ ။ Kilo ရေငုတ်သင်္ဘောဟာ အလေးချိန် တန်ချိန် ၃၀၀၀ ရှိပြီး ရေအနက် မီတာ ၃၀၀ ငုတ်နိုင်ကာ ၁ နာရီကို ရေမိုင် ၂၀ နှုန်း မောင်းနှင်နိုင်ပြီး ပင်လယ်ပြင်မှာ ၄၅ ရက်ကြာ တဆက်တည်း တာဝန်ထမ်းဆောင်နိုင်ပါတယ်။ အကြီးစား ပြင်ဆင်ထားလို့ ၃၅ နှစ်အထိ တာဝန်ထမ်းဆောင်နိုင်ပါလိမ့်မယ် ။ 

         ဘဂ်လားရေတပ်ရဲ့ တရုတ် 
Ming ရေငုပ်သဘော် နှစ်စင်းထက် စွမ်းဆောင်ရည် များစွာ သာလွန်လှပါတယ် ။ ဒါကြောင့်လည်း မီဒီယာတွေ မေးမြန်းတော့ ထော်လာဂျီ နဲ့ မာစီးဒီး လောက် ကွာပါတယ် လို့ ဖြေသွားတာ ဖြစ်ပါတယ် ။ 

           မြန်မာ့တပ်မတော် ရေ အတွက် အထူးလိုအပ်နေတဲ့ ရေငုပ်သဘော်ဟာ ရေအောက် ကမ္ဘာလုံခြုံရေး အတွက် စည်းရိုးတခုကာရံနိုင်ခြင်းလို့ ဆိုရမှာ ဖြစ်ပါတယ် ။ ရေတပ်ရဲ့ သုံးဖက်မြင် ရှုခင်း ( ရေပေါ် ၊ ရေအောက် ၊ လေပေါ်) အားလုံး ကြည့်မြင်နိုင်ပြီ ဖြစ်လို့ ဖြစ်တဲ့အတွက် ဒီလိုဆိုရတာပါ ။ 

       ရေငုပ်သဘော်က တစီးထဲနဲ့ ဆိုပြီး အပြစ်တင်ရန် မလိုပါဘူး ။ ဒီသဘော်က လေ့ကျင့်ရေး သဘော်ပါလို့ တရားဝင် ပြောကြားခဲ့ပါပြီ ။ ဒီတော့ တိုက်ခိုက်ရေး သဘော် ထပ်လာဖို့ ဆိုတာ ဘာကြာမှာလဲ ဗျာ ။ 

       ကျနော်တို့ဟာ ကိုယ့်မြေ ကိုယ့်ရေ ကို ကာဖို့သာ ရည်မှန်းပြီး အင်အားတည်ဆောက်နေတဲ့ အတွက် အတော်အတန် ပြည့်စုံပြီလို့ ဆိုရမယ့် အနေအထားပါပဲ ။ သို့သော် ဘရွှေကြီး ရည်မှန်းထားတဲ့ ငပွကြီး ရန်က ကာကွယ်ဖို့ အထိတော့ မလုံလောက်သေးပါဘူး ။ 

            နိုင်ငံရေး အလှည့်အပြောင်းမှာ တပ်မတော်က အာဏာရယူပြီးနောက် လက်နက်နည်းပညာ ဖွံ့ဖြိုးရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လာတာ တွေ့ရပါတယ် ။ 

      အထူးခြားဆုံး လုပ်ဆောင်ချက်ကတော့ တပ်ချုပ်ကြီးရဲ့ ရုရှားခရီးစဥ်မှာ ရုရှားရေတပ် သဘော်များအား ဆိပ်ခံအသုံးပြုခွင့် ပေးလိုက်တဲ့ စာချုပ် ချုပ်ဆိုခဲ့တာပါ ပဲ ။ 

         သာမန် အားဖြင့် ကြည့်မယ်ဆိုရင် မထူးဆန်းဘူး ထင်ရပေမယ့် နောက်ထပ် စာချုပ်ဖြစ်တဲ့ ရုရှား မြန်မာ ကာကွယ်ရေး အလုံးစုံပူးပေါင်းဖို့ စာချုပ် နဲ့ ယခု ဆိပ်ခံ အသုံးပြုမှု အတွက် စာချုပ် နှစ်ခုပေါင်းရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ တာသွားလွန်းတဲ့ ကိစ္စကြီး တခု ဖြစ်ပါတယ် ။ 

            တန်ပေါင်းများစွာသော ယမ်းထုကြီး အား မီးခြစ်ဆံ ခြစ်ပြီး တွေ့ထိပေးလိုက်သလို စာချုပ် နှစ်ခုဖြစ်ပါတယ် ။ အမေရိကန်သာ မကဘူး တရုတ်ပါ ကြိုတင်တွက်ဆမထားတဲ့ အကွက်ကို မြန်မာက ရွှေ့ပြလိုက်တာပါပဲ ။ 

           စာချုပ်တွေထဲမှာ နည်းပညာမျှဝေဖို့ပါ ပါရှိနေတဲ့ အတွက် အရှိန်တက်နေတဲ့ မီးတောက်ထဲ ဓာတ်ဆီလောင်းသလို ဖြစ်သွားရမှာ သေချာပါတယ် ။ 

       မြန်မာ့တပ်မတော် ရေ ဟာ ယခုအခါ တည်ဆောက်သမျှထဲတွင် အရှေ့တောင်အာရှ၏ ဒုတိယ အကြီးဆုံးအဖြစ် ဖရီးဂိတ် သဘော်အကြီး တည်ဆောက်နေပါတယ် ။ ကြီးမားလွန်းတဲ့ အတွက် ဒီဇိုင်း ပြဿနာ နဲ့ အခြား နည်းပညာဆိုင်ရာ ပြဿနာအချို့ တွေ့နေရပါတယ် ။

.....လုပ်ရင်း ကိုင်ရင်း ဖြစ်တတ်တဲ့ သဘာဝပါပဲ ။ အိပ်နေရင်တော့ ဘယ်မှားမလဲ လုပ်နေသူကတော့ အမှားရှိကြမှာပါပဲ ။ အဲဒီ ပြဿနာကို ရုရှားက ဖြေရှင်းကူညီဖို့ ဆောင်ရွက်နေပါပြီ ။ 

          ဘရွှေကြီးရဲ့ အဓိက ရည်မှန်းချက် ဖြစ်တဲ့ အမေရိကန် ရဲ့ အနိုင်ကျင့်မှုကို ခုခံဖို့ဆိုတာ မိမိဘာသာ ကျိုးစားတည်ဆောက်ရင်လည်း တနေ့ ဖြစ်လာနိုင်ပေမယ့် ငွေကုန် အချိန်ကုန် ဖြစ်ရမှာ အမှန်ပါပဲ ။ 

     အဲဒါကို ယခု တပ်ချုပ်ကြီးက အမေရိကန် နဲ့ ပါဝါတူ ရုရှားအား Link ချိတ်လိုက်ခြင်းဖြင့် အချိန်ရော ငွေကော မကုန်ခမ်းတော့ပဲ မိမိပါဝါကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ် ။ 

       ယခု အာဆီယံ ပြဿနာကို ပြန်ကြည့်ပါ ။ အမေရိကန်ရဲ့ ဖိအားနဲ့ ဒေသတွင်းနိုင်ငံတွေက ပြည်တွင်းရေးစွက်ဖက်ချိန် မှာ အမေရိကန်က ဘဂ်လား နဲ့ ပေါင်းပြီး အချိန်ကိုက် စစ်ရေးနဲ့ခြိမ်းခြောက် ပြဖို့ စီစဥ်ခဲ့ကြပါတယ် ။ 

          အဲဒါကို ကောင်းစွာ သိနေတဲ့ မြန်မာတပ်မတော်ကလည်း ရုရှား ရေတပ်ဖွဲ့ကြီး နဲ့ အချိန်ကိုက် ပြန်ပြီး တုံးပြန်နိုင်ခဲ့တာ တွေ့ရပါ့မယ် ။ ဒီလို ဖြစ်လာဖို့ ဆိုတာ ကာလကြာမြင့်စွာ ကြိုတင် စီစဥ်ထားမှ ရနိုင်မယ့် ကိစ္စဖြစ်ပါတယ် ။ 

       အမေရိကန် ရဲ့ အကွက်ကို ကြိုမြင်ပြီး အစီအစဥ်တွေ အထိ သိနိုင်တာကတော့ ရုရှားထောက်လှမ်းရေး အစွမ်းပဲ ဖြစ်ပါ့မယ် ။ ကမ္ဘာ့မီဒီယာအုပ်စု လုံးဝ မရိပ်မိအောင် ရေတပ်ကြီး တခုလုံး မြန်မာ့ရေပိုင်နက်ထဲ ရောက်လာအောင် ရုရှားတို့ ဘယ်လိုနည်းနဲ့ ဝင်ရောက်ခဲ့ကြသလဲ ဆိုတာ အံ့သြစရာ နည်းပညာပါပဲ ။ 

         တရုတ် နဲ့ အမေရိကန် အပါအဝင် ဥရောပ နိုင်ငံများရဲ့ ထောက်လှမ်းရေးဂြိုလ်တုတွေဟာ တင်းနစ်ဘောလုံးပေါ်က တံဆိပ်တောင် ဖတ်ရပါတယ်လို့ ကြွားထားခဲ့ပေမယ့် ရုရှားရေတပ်ကြီး တဖွဲ့လုံးကို မမြင်ကြတာ ထူးဆန်းနေပါတယ် ။ 

      ရုရှားတို့ အင်အားပြ ဝင်ရောက်လာပြီးနောက် အာဆီယံ နဲ့ အမေရိကန်တို့ရဲ့ အကြံအစည်တွေ ပျက်သွားသွားရပါပြီ ။ ဒီအပြင် ရုရှားရေတပ်ကြီး ပြန်သွားတော့ ရေငုပ်သဘော် နှစ်စင်း ထားခဲ့တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာပါတယ် ။ 

        ဒီရေငုပ်သဘော်တွေက မနှစ်ကမှ ရုရှားရေတပ်အတွက် တပ်တော်ဝင်ထားတဲ့ နယူးမော်ဒယ် တွေလို့ ဆိုပါတယ် ။ မြန်မာ့တပ်မတော်ကတော့ သူ့ထုံးစံအတိုင်း လျှို့ဝှက်ထားအုံးမှာပါပဲ ။ တပ်တော်ဝင်ပြီ (သို့တည်းမဟုတ်) ထုတ်ပြောသင့်တဲ့ အရေအတွက် စုဆောင်းပြီးပြီ ဆိုမှသာ တရားဝင် သိသင့်သလောက် သိကြရမှာ ဖြစ်ပါတယ် ။ 

         ဒါတွေကတော့ မြန်မာ့တပ်မတော် ရေ အတွက် ကျနော်တို့ လေ့လာမိသလောက် တိုးတက်မှု အချို့ဖြစ်ပါတယ် ။ 

       ကျနော်တို့ မသိမြင်နိုင်တဲ့ ဘရွှေကြီး မျိုးစေ့ချ စိုက်ပျိုးခဲ့တဲ့ တာတို ၊ တာလတ် ၊ တာဝေး ပစ် ဒုံးများ နဲ့ သူအလွန်တောင့်တခဲ့တဲ့ နျူလက်နက် ထန်းသီးလုံးလောက် ရရ လုပ်စမ်းကွာ ဆိုပြီး အားသွန်လုပ်ပြခဲ့တဲ့ အသီးအပွင့်တွေ ဘယ်အနေအထား ရောက်ပြီလဲ ဆိုတာ သီးခြားပို့စ် နဲ့ မှန်းဆကြည့်ရင် တွက်ဆလို့ ရနိုင်ပါပြီ ။
ကျနော်တို့ လေ့လာမိသလောက် ကျိုးစားတင်ပြပါအုံးမယ် ။

       ကိုရွှေမျိုးဝင်း