ကျနော်တို့ နိုင်ငံဟာ အာဏာသုံးရပ်ကို မြန်မာတွေ ပိုင်ပိုင်နိုင်နိုင် ကိုင်ထားနိုင်တာကလွဲရင် ကျန်တဲ့ စီးပွားရေး နဲ့ ကျန်းမာရေး ကဏ္ဍကတော့ တိုင်းတပါးကျွန်ဖြစ်နေတာ တွေ့ရပါတယ် ။
အဓိကပြောချင်တာက စီးပွားရေး ကဏ္ဍပါပဲ ။ တိုင်းတပါးသား အဖြူ အမဲ အုပ်စုတွေဟာ မြန်မာ့စီးပွားရေးရဲ့ အဓိကလုပ်ငန်းကြီးတွေကို ဂုတ်ခွစီးထားတာ အတွင်းကျကျသိလေ ရင်နာရလေလေပါပဲ ။
အထင်ရှားဆုံး မြန်မာတို့ အလွန်မက်တဲ့ ရွှေလုပ်ငန်းကနေ စကြည့်ကြပါစို့ ။
အနောက် ကမ္ဘာကတော့ ရွှေကို စက်မှုကုန်ကြမ်း အကောင်းစားအဖြစ် သုံးကြပါတယ် ။ အာရှကတော့ လက်ဝတ်ရတနာအဖြစ်ပဲ အသုံးပြုတတ်ကြပါတယ် ။ ဘယ်လိုသုံးသလဲဆိုတဲ့ ထင်ရှားသော ဥပမာကတော့ တန်ဖိုးကြီး it ပစ္စည်းတွေရဲ့ လျှပ်စီးပတ်လမ်းနေရာမှာ ကြေးအစား သုံးကြပါတယ် ။
မြန်မာလူမျိုးတို့ရဲ့ စရိုက်နဲ့ ခေါင်းပုံဖြတ်ခံနေရတဲ့ ရွှေအကြောင်း ပြောချင်ပါတယ် ။ မြန်မာတွေက ငွေနည်းနည်းစုမိရင် ရွှေနဲ့ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေ စုထားလေ့ရှိခဲ့ပါတယ် ။ လိုအပ်ရင် ပြန်ရောင်းပေါ့ ။ ရှိရင်တန်ဆာ မရှိရင်ဝမ်းစာ ဆိုတဲ့ စကားပုံကို တွင်တွင်ကြီး သုံးရင်းပေါ့ ။
ရွှေဆိုင်ကြီးတွေ လေ့လာကြည့်ပါ တရုတ်ပိုင်က 90 % ပါပဲ ။ သူတို့ဆိုင်ကြီးတွေက ရွှေထည်တွေကို သူတို့ဘောက်ချာနဲ့ လာရောင်းရင် အလျှော့တွက် လက်ခ ခုနှိမ်ပြီး ပြန်ဝယ်ပါတယ် ။ ထူးခြားတာက အခြားရွှေဆိုင်ကြီးတွေက ရွှေတွေကို ဘယ်သူမှ မဝယ်ကြပါဘူး ။ ၂၉ လမ်းထိပ်နားက နဝလီ သူခိုးစျေးပေးဝယ်တဲ့ အဖွဲ့ကလွဲရင် ရွှေဆိုင်ကြီးတွေက လုံးဝမဝယ်ပါဘူး ။
အကြောင်းပြချက်က ခိုးယူလာတဲ့ရွှေဖြစ်မှာ စိုးတာ တချက် ပါနေတာလည်း မှန်ပါတယ်။ သို့သော် အများအားဖြင့် ရွှေစိတ်မချလို့ မဝယ်ကြတာပါ ။
ဘယ်လို စိတ်မချတာလည်း ဆိုရင် ကြေးရောထားတဲ့ အကျင့်ကို သိနေကြလို့ပါပဲ ။ လူတွေက ၁၆ ပဲရည် ၁၅ ပဲရည်သာ ပြောနေကြတာ လည်လည်ဝယ်ဝယ် မသိကြပါဘူး ။ ၁၆ ပဲ ရည်ဆိုတာ တစ်ကျပ်သားကို ၁၆ ပဲ ရှိတဲ့ အနက် ၁၆ ပဲ လုံး အခေါက်ရွှေ ဖြစ်နေမှ ခေါ်ရတာပါ ။
၁၅ ပဲရည်ဆိုတာ အခေါက်ရွှေ တပဲသား နှုတ်ထားပြီး ကြေး တပဲသား စွက်ထားတာကို ခေါ်တာပါ ။ လက်ဝတ်ရတနာ ပြုလုပ်ပြီ ဆိုရင် ရွှေကို ကြေးရောရပါပြီ ။
ရောစပ်ရာမှာ အတွင်းစပ် နဲ့ အပြင်စပ်ဆိုပြီး ရှိပါတယ် ။ အတွင်းစပ်ဆိုတာ အခေါက်ရွှေ တကျပ်သားထဲက တပဲနှုတ်ပြီး ကြေး တပဲသားရောထားတာပါ ။ အပြင်စပ်ဆိုတာ အခေါက်ရွှေ တကျပ်သားအပြည့်ထဲကို ကြေး တပဲသား ထပ်ထည့်လိုက်တာပါ ၊ ချိန်ကြည့်ရင် သူက တကျပ်နဲ့ တပဲ လေးပါတယ် ။
လက်ဝတ်ရတနာတွေကို ၁၆ ပဲရည်စျေးနဲ့ ရောင်းရင် ခင်ဗျားတို့ အနည်းဆုံး ကြေးတပဲသား ပါလာပါပြီ ။ စွန်ကုတ်ပါတဲ့ လက်စွပ် ၊ နားကပ်ဆိုရင် ပိုဆိုးပါတယ် သူကတော့ ၁၄ ပဲရေ နဲ့ ၁၃ ပဲရည်လောက်သာ ရှိပါတယ် ။
ဆွဲကြိုးကတော့ အဲသလို စပ်ထားတာအပြင် ဂဟေစာပါ ထပ်ဆော်ပါတယ် ။ ဆွဲကြိုးကို တဆစ်ခြင်း ၊ တကွင်းခြင်းဆီကနေ ရွှေဂဟေနဲ့ တေ့ဆက်ကြရပါတယ် ။ အဲဒီ ဂဟေကတော့ ရွှေ သုံးဆ ၊ ကြေး နှစ်ဆ ၊ ဘော် တစ်ဆ ( 3./ 2 /1) အချိုးစပ်ရတော့ ဂဟေသားမှာ ရွှေတဝက်ပဲ ပါလာပါတယ် ။
ကဲ မြန်မာလက်ဝတ်ရတနာစုသူတွေ တွေးကြည့်နော် ။ အဲဒီ အချိုးအရ ရွှေစပ်နေလေတော့ ရွှေ ၁၆ ပိဿာ ရောင်းတိုင်း အနည်းဆုံး ခင်ဗျားတို့ ကြေး တပိဿာ ပါ အလကားနေရင်း ရွှေစျေးပေးဝယ်နေကြရပါတယ် ။
အဲသလိုနဲ့ မြန်မာတွေရဲ့ ချွေးနည်းစာလေးတွေဟာ ရွှေရောင်းလိုက် ဝယ်လိုက် နဲ့ လုံးပါးပါးပြီး ရွှေဆိုင်ပိုင်ရှင် တရုတ်ကြီးတွေပဲ အဆမတန်ချမ်းသာကုန်ပါတယ် ။
ရွှေနဲ့ရောတဲ့ ကြေးက လွယ်လွယ်ရတတ်တဲ့ ဝါယာကြိုးထဲက ကြေးနဲ့ ရောတာမဟုတ်ပါဘူး ။ အိန္ဒယကလာတဲ့ စက်ဘီးဘောစေ့လို ကြေးလုံးလေးတွေကို အရည်ကြို ၊ သွပ်စားငရဲမီး (အဝါရောင်) နဲ့ စားပြီး သန့်စင်ကာ ရောစပ်ကြရပါတယ် ။
အဲဒီရောထားတဲ့ ရွှေနဲ့ လုပ်ထားသော လက်ဝတ်ရတနာတွေကို ရွှေရည်အစစ် နဲ့ နှစ်ခါထပ်စိမ်ပါတယ် ။ ခင်ဗျားတို့ မစစ်ဆေးတတ်ပါဘူး ။ စစ်တဲ့နည်းကလည်း မီးနဲ့အရည်ဖျော် နိုက်ထရစ်အက်ဆစ် (ဘော်စားငရဲ အဖြူရောင်) နဲ့ စားပစ်မှ အခေါက်ရွှေပဲ ကျန်မှာကိုး တော်ရုံလူ ဘယ်လို စစ်မလဲ ။
အဲဒါကြောင့် လက်ဝတ်ရနာတွေဟာ တဖြေးဖြေးမှိန်ပြီး အရောင်ပျက်လာကြတာပါ ။
ပြောချင်တာက ကျနော်တို့ မြန်မာတွေ လက်ဝတ်ရနာ စုကြတဲ့ အဆင့်ကနေ အခေါက်ရွှေ အတုံးစုရင် အရှုံးသက်သာကြပါလိမ့်မယ် ။ ငွေနည်းနည်းနဲ့ လက်ဝတ်ရတနာပဲ စုမယ်ဆိုရင်ဖြင့်လည်း မြန်မာတိုင်းရင်းသားပိုင် ရွှေဆိုင်တွေကိုပဲ အားပေးကြပါ ။
ရွှေလုပ်ငန်းမှာ မြန်မာတိုင်းရင်းသား ခရိုနီတွေ ဝင်ရောက်လုပ်ကိုင်ရင်း မိမိတို့ရဲ့ အရေးပါလှတဲ့ ရွှေစျေးကွက်ကြီးအား မိမိတို့ အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ရှေးရှုပြီး လက်ဝါးကြီးပြန်အုပ်နိုင်အောင် ကြိုးစားသင့်ပါပြီ ။ ပါမစ်စီးပွားရှာတာ တကဏ္ဍ ၊ အခုလို စီးပွားရှာတာ တကဏ္ဍထားပြီး အားထုတ်လုပ်ကြစေချင်ပါတယ် ။
(ဒီလို အချင်းချင်း စောက်ဖိုးမတန်တဲ့ နေရာလုပြီး ရှေ့ရောက်ဖို့ အားထုတ်မယ့်အစား တိုင်းတပါးစားနေတဲ့အစာ ဝင်လုကြပါစမ်းပါ)
ကိုရွှေမျိုးဝင်း