နက်ဖြန် အပြင်မထွက် ဆိုင်မဖွင့် အလုပ်မလုပ် ဆိုတဲ့ သပိတ် နဲ့ နစက တို့ကြား ဘယ်သူက သြဇာအာဏာ ပိုကြီးနေသလဲ ဆိုတာ အဖြေပေါ်ပါလိမ့်မယ် ။
သြဇာဆိုတာမျိုးက ပြည်သူတရပ်လုံးအပေါ် ကြီးမားဖို့ ဆိုတာ မေတ္တာရှင်ကြီး လုပ်ပြနေရုံနဲ့ မရနိုင်ပါဘူး ။ တိုင်းပြည်အနှံ့သြဇာ သက်ရောက်ဖို့ဆိုတာ အာဏာဆိုတဲ့ ပါဝါ ထည့်သုံးရပါတယ် ။
နစက သည် အာဏာခိုင်မြဲအောင် မပြုလုပ်ပဲ အလွန်အကျွံ အလျော့ပေးမှုများအား ကြိမ်ဖန်များစွာ ပြုလုပ်နေတဲ့ အတွက် PDF များ မကြောက်ရွံ့ကြတော့ပါဘူး ။
ထင်ရှားတဲ့ သာဓကကတော့ ဒေါ်စုကြည်အား နာရီပိုင်းနဲ့ အဆင်ခြင်ကင်းမဲ့စွာ ဖြေလျော့ပေးလိုက်သည့်နောက်ပိုင်း PDF များက တပ်မတော်အား လူကြောက်တွေ အမေစုကို ထောင်မချရဲ ဟု အခိုင်အမာ ယူဆသွားပြီး ပြည်သူအများအပြားအား လက်ရဲဇတ်ရဲ ပိုမိုသတ်လာခြင်းက သက်သေပြနေပါတယ် ။
ယခု အပြင်မထွက် သပိတ်အတွက် တပ်မတော်ထောက်ခံသူများ မည်သို့ပင် ဆော်သြနေပါစေ လူမိုက် PDF တို့ရဲ့ ခြိမ်းခြောက်မှုကို စိုးရိမ်နေကြခြင်း ၊ တပ်မတော်ရဲ့ နိမ့်ကျလှတဲ့ အကာအကွယ်ပေးနိုင်မှု စွမ်းဆောင်ရည်အပေါ် အယုံအကြည်မရှိခြင်းတို့ကြောင့် ပြည်သူအများစု ဇဝေဇဝါ ဖြစ်နေကြရပါပြီ ။
နစကရဲ့ စွမ်းဆောင်ရည် သြဇာအာဏာ နဲ့ လေလှိုင်းအစိုးရ NUG ရဲ့ သြဇာအာဏာ ဘယ်သူက ပိုကြီးမလဲ နက်ဖြန် အဖြေပါပဲ ။ နစကသာ ရှုံးခဲ့ရင်တော့ တဖွဲ့လုံး နှုတ်ထွက်ဖို့တောင် ကောင်းနေပါပြီ ။
ပါဝါအာဏာ မကစားတတ်တဲ့ ခေါင်းဆောင် တိုင်းပြည်တည်ငြိမ်အောင် ဘယ်လိုမှ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး ။
(ဒီလို အားထုတ်မှုနဲ့ အတော်ခရီးပေါက်အုံးမယ်)
#မယ်သီတာ
(အတွေးတွေကဦးမျိုးဝင်းတပည့်ပီသပါတယ်။)
နိုင်ငံရေးသတင်းနှင့်အခြားဗဟုသုတများကိုလည်း yutube ချန်နယ်မှာတင်ဆက်ပေးနေပါတယ်
👇 👇 👇 👇 👇 👇
https://youtube.com/channel/UCG7fGVz_iyGtDnM
တယ်လီဂရမ်လင့်
https://t.me/komyowin
ကျွန်တော့အကောင့်လင့်
https://www.facebook.com/profile.php?id=100075549305606