Monday, December 13, 2021

ကြွားစရာလား....?


            ကိုရဲမိုးဆုံးတဲ့ရက်က ကျနော် ရန်ကုန်မှာပါ ။ မိတ်ဆွေ လုပ်ငန်းရှင် နဲ့ အတူရှိနေတုန်း စကားစပ်မိတော့ သူက ထောက်လှမ်းရေးဟောင်းတွေ ရဲ့ သစ္စာရှိပုံ နဲ့ အမိန့်နာခံတတ်ပုံတွေကြောင့် အတုယူရမယ့် လူတွေအဖြစ်ပြောဖြစ်ကြပါတယ် ။ 

       ဒီလို လူတွေကို တပ်မတော်အုပ်ချုပ်နေတဲ့ ဒီလိုကာလမျိုးမှာ ပြန်လည်စောင့်ရှောက်သင့်ကြောင်း ရေးစေချင်တယ်လို့ အကြံပေးပါတယ် ။ ကျနော်ရေးလို့ ထောက်ခံတဲ့ မန့်တွေနဲ့ ဝန်းရံကြရင် အထောက်အကူရနိုင်တယ်လို့ သူကအကြံပေးပါတယ် ။ ဒါနဲ့ ကျနော်လည်း ကိုရဲမိုးကိစ္စနဲ့ ဆက်နွယ်ပြီး ရေးခဲ့ပါတယ် ။ 

         မိတ်ဆွေလုပ်ငန်းရှင်က ပြည်ထောင်စုအကျိုးအတွက် နောက်ကွယ်ကနေ သူတတ်စွမ်းရှိသရွေ့ ပံ့ပိုးကူညီနေသူဖြစ်ပါတယ် ။ ဒီနေ့ အမျိုးသားရေးအုပ်စုရဲ့ နာမည်ကြီး ကိုအောင်မင်း ၊ မပုတု ၊ သဇင်ဦး အစရှိသူတွေ ပြည်ပက ကိုသတိုးစော ၊ ကိုချိုကြီး အစရှိသူတွေ လုပ်ချင်တဲ့ ကိစ္စအချို့ကိုလည်း ကူညီပေးခဲ့သူ ဖြစ်ပါတယ် ။ 

        အဲဒီလို ရေးပြီးသကာလ ကျနော့် အကောင့်တွေ အကုန်ကျကုန်တယ် ။ ဒေတာစျေးတွေ တက်လို့ ကျနော်လည်း မရေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ။ ကျနော်တို့ ဖတ်နေ ကြည့်နေရတဲ့ စကေးနဲ့ဆို တလ ၆၀၀၀၀ိ လောက် ကုန်မယ့် အနေအထားရှိနေတာကိုး ။ 

       အဲဒီ အချိန်မှာ ဦးခင်ညွှန့် ပင်စင်ပြန်ရပြီ ဆိုတဲ့ သတင်းတွေ တွေ့လာရပါတယ် ။ ကျနော်လည်း တတ်သလောက် မှတ်သလောက် မေးမြန်းကြည့်တော့ ဟုတ်တယ်လို့ပဲ ကြားသိခဲ့ရပြန်ပါတယ် ။ 

      အဲဒီ အချိန်မှာပဲ ကျနော့်ဆီကို ဦးခင်ညွှန့်ရဲ့ တပည့်တယောက်က ဖုန်းဆက်ပြီး အကူအညီလိုရင် ပြောပါ တဲ့ သူတို့ အဖွဲ့လည်း သာရေး နာရေး ကိစ္စက အစ ကူညီနိုင်ဖို့ စုစည်းပြီး အသင့်ပါပဲ တဲ့ ။ ဦးခင်ညွှန့်လည်း ပင်စင်လစာ သိန်း ၆၀၀ ကျော် နဲ့ ခံစားခွင့်ရပြီလို့ ကြားတယ် ဆိုပြီး ပြောပါတယ် ။ ကျန်တဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေလည်း စာရင်းကောက်ယူနေကြောင်း ပြောသွားပါတယ် ။ 

         ဒီသတင်းကြားရတာ ကျနော် အင်မတန် ဝမ်းသာမိပါတယ် ။ ဒါမျိုး အင်မတန်ဖြစ်စေချင်နေတဲ့ မိတ်ဆွေလုပ်ငန်းရှင်ကြီး ဝမ်းသာနိုင်စေဖို့ သူ့ဆီကို messenger ကနေတဆင့် သတင်းပို့ခဲ့ပါတယ် ။ 

      အဲဒီ messenger က စာ လိုင်းပေါ်ရောက်သွားပါတယ် ။ သတင်း ငတ်နေသူတွေလည်း ဝမ်းသာစရာ သတင်းကောင်းဆိုပြီး ရှယ်ကြပါတယ် ။ 

     အချို့အမျိုးသားရေး သမားများက ကျနော့်ရေးထားတာကို ကြွားဝါရေးတယ် ဆိုပြီး မန့်ကြပါတယ် ။ (သူတို့ မမှားပါဘူး ကျနော်ဆိုလည်း ပြောမိမလားပါပဲ) ဒါက ပုဂ္ဂိုလ်ရေးအရ messenger က ပို့ထားတဲ့ စာလို့ ဘယ်လို့နိုင်မလဲလေ ။ 

      နောက်ထပ် ပို့စ်တင်ထားတာ ဒီသတင်း မှား သတဲ့ ။ နိုင်ငံတော် လျှို့ဝှက်ချက်မို့ ဘယ်သူမှ မသိနိုင်ဖူးတဲ့ ။ သူတောင် မသိဖူးတဲ့ ။ ဆိုလိုတာက သူလိုလူတောင် မသိရတဲ့ကိစ္စ ကျနော်တို့လို အပြင်လူတွေ ပိုပြီး မသိနိုင်ဘူးပေါ့ ဗျာ ။ 

      ဆိုးတာက ဦးခင်ညွှန့်ပုံကို ကြက်ခြေခတ်နဲ့ ပို့စ် တင်ထားတာ မကောင်းပါဘူး ။ ဒီနေရာမှာ ပြောချင်တာက ငါတောင် မသိတာ မင်းတို့ဘာသိမှာလည်း ဆိုတဲ့ အယူအဆ ကတော့ လက်မခံနိုင်ပါဘူး ။ အချို့သတင်းတွေဟာ ဆိုင်ရာလူတွေပဲ သိကြတာပါ ။ နေရာတကာ အကုန်သိတဲ့သူ မရှိပါဘူး ။ 

       စစ်ကိုင်းတိုင်းက စစ်ရေးသတင်းတွေ ကျနော်တို့ မသိပါဘူး ၊ သိတဲ့သူတွေ သိကြပါတယ် ။ ဒီလိုပါပဲ အခြားသတင်းဇစ်မြစ်အသီးသီးမှာ ဖြစ်တတ်တဲ့ သဘာဝပါပဲ ။ 

          မျိုးဝင်းရေးခဲ့တဲ့ NLD အတွင်းရေး သတင်းတွေဟာ NLD ထဲက မိတ်ဆွေတွေကြောင့် ရခဲ့တာပါ ။ ဒီလိုပါပဲ ရံဖန်ရံခါ ကြိုတင်ပြီး တင်ခဲ့တဲ့ ဝမ်းသာစရာ သတင်းတွေကလည်း မိတ်ဆွေတွေဆီကပဲ ရခဲ့တာပါ ။ 

          ပြောချင်တာက မျိုးဝင်း မကြွားတတ်ပါဘူး ။ 

        ကြွားချင်ရင် ကိုတတ်ပကြီးတို့ ပါးစပ်ပြဲသွားလောက်တဲ့ အဆက်အသွယ် နဲ့ လုပ်ဆောင်မှု အကြီးကြီးတွေ ရှိခဲ့ပါကြောင်း ။ 

        ဒီလို ကိစ္စတွေနဲ့ပတ်သက်ပြီး ကိုယ်ကျိုးရှာ အခွင့်အရေး ယူတန်သူ မဟုတ်လို့ ယနေ့တိုင် သာမန် လူတန်းစားအဆင့်မှာသာ နေထိုင်နေရပါကြောင်း တင်ပြချင်ပါတယ် ။ 

       ကိုရွှေမျိုးဝင်း

(ကျနော့်ရဲ့ မူရင်း messenger ပါ)

Related Posts:

  • သူလိုလူ သူလိုလုပ် အဟုတ်ဖြစ်ရမည်         အချိန်ကာလသည်ကား 1997-98 နဝတ တို့ လက်စောင်းထက်နေချိန်ကပါ ။ လက်ပန်းမြို့နယ် ထဲက (ထိန်တော ၊ မိုးညို ၊ ခမုံဆိပ် တခုခုပါပဲ ကာလကြာတော့ အတိအကျ မမှတ်မိ) ရွာတရွာ မှာ လူသတ်မှု ဖြစ်ပါတယ် ။         အင်းလေလံ ကိစ္စနဲ့ ပတ်သက်ပြီး ရ… Read More
  • 😍😍We Love ဦးရဲ အ​ကြောင်း သိ​စေဖို့---Tv,မကြည့်၊သတင်းနားမ​ထောင်၊သတင်းစာမဖတ်တတ်​သော   ပိန်း င​ပေါများအတွက် Fb,မှတဆင့် Message, ပို့         😍😍We Love ဦးရဲ အ​ကြောင်း သိ​စေဖို့---~~~~~~~~~~~~~~~~~~~~~~~~~~~~☆ပန်းသတင်း​လေညင်း​​ဆောင် လူ့သတင်း လူချင်း​ဆောင်     ​ရွေ… Read More
  • တစ်ပြားမှ မရပဲ နိုင်ငံနဲ့တပ်မတော်ကိုကာကွယ်ကြတာ မြန်မာစစ်တပ်က ရဲမေ တွေပဲ ရှိတယ်။ ယောက်ကျား ရတဲ့ လစာရိက္ခာ ပဲ ရတယ်။ ယူနစ်ရတဲ့တပ်ဆိုတာ နယ်စပ် ကတပ်တွေနဲ့BGF တပ်တွေပဲ ရှိတယ်။ တပ်အတွက် လုပ်လိုက်ရတဲ့ လူမှုဝန်ထမ်း ရွတ်လိုက်ရတဲ့ ဓမ္မစကြာ တက်လိုက်ရတဲ့စည်း/ကော်ဒါ့ကြောင့် အချို့ စစ်သည်တွေ က ပြောကြတယ်။  မိန်းမ မယူချင… Read More
  • 🦠 နောက်တကြော့ပြင်ထားကြရဦးမယ်Lambda မျိုးစိပ်က ကူးစက်မှုအလွန်မြန်ပါတယ်တဲ့အကြီးဆုံးစိန်ခေါ်မှုက ကိုဗစ်ဆေးနဲ့ ခန္ဓာကိုယ်ခုခံအား Antibody ကို မမှုတာပဲဖြစ်တယ်လို့သိပ္ပံပညာရှင်တွေကဆိုထားတယ်၊Antibody ကမနိုင်ဘူးဆိုတာရောဂါကိုဆေးမတိုးတာပဲဖြစ်ပြီးအသက်အန္တရာယ်ရှိတယ… Read More
  • ဝမ်းနည်း ဝမ်းသာ          ၁၀၈ တောင် ဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူကြောင်း သတင်းကြားရတာ အင်မတန် ဝမ်းနည်းမိပါတယ် ။      ဆရာတော်ကြီးရဲ့ ဆေးနည်း နဲ့ လူအများစု သက်သာပျောက်ကင်းနေကြောင်း သတင်းကောင်းများ အဆက်မပျက် ကြားသိနေရလို့လည်း ဝမ်းသာမိပါတယ် ။… Read More