Friday, December 10, 2021

ခဏသောက်ပြီး သေးပေါက်လိုရတဲ့ သစ္စာရေသောက်ထားတာမဟုတ်ဘဲ နှစ်ချည်တွဲလာတဲ့ ရဲဘော်ရဲဘက်တွေပေါ် သစ္စာဖောက်သွားကြတဲ့ လောက်ကောင်တွေသိဖို

မင်းတိုကိုပြောချင်တာတစ်ခုရှိတယ်။ အတွင်းမီး အပြင်မယူနှင့်ဆိုတဲ့စကားပုံရှိတယ်။ မင်းတိုက ကိုယ်ကျင်လည်ခဲ့တယ် တပ်မတော်ထဲက ရဲဘော်ရဲဘက်တွေကို တပ်ထဲမှာရှိတဲ့ အခက်အခဲကို နင်းပြောပြီး လာသွေးခွဲနေသေးတယ်။ ဘယ်အဖွဲအစည်းမဆို အခက်အခဲအကြပ်အတည်းတွေတော့ ရှိနေမှာပဲ။ အဲဒါလည်း ငါတိုကသိတယ်။ ဒါပေမဲ့ မင်းတိုနဲ့ကွာတာက ငါတိုက သစ္စာမဖောက်တာပဲ။ မင်းတိုက လာလာပြီး တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေလာ သွေးခွဲနေသေးတယ်။ ဗိုလ်ချုပ်တွေ အတွက် လုပ်ပေးတယ်တို ဘာတိုနဲ့။ အဲလို ထင်နေတာက မင်းတိုသစ္စာဖောက်တွေပဲရှိတယ်။ မင်းတိုက မင်းတိုရပိုင်ခွင့်တစ်ခု တည်းကြည့်တာကိုး။ ငါတိုသာ ဗိုလ်ချုပ်တွေအတွက်လုပ်တယ်ဆို အဲဗိုလ်ချုပ်တွေ ထွက်ရင် မလုပ်နိုင်ဘူး ဆိုပြီးထွက်မှာပေါ့။ မင်းတိုသွေးခွဲသလို ခပ်ပေါပေါစကားလုံးတွေသာ ယုံမယ်ဆို တပ်မတော်ဆိုတာ ရှိမှာတောင်မဟုတ်ဘူး။ မင်းတိုက ငါအဲလိုပြောလို အဘတွေနားကပ်နေတယ် လိုတော့ မထင်နဲ့ အခုချိန်ထိ ငါကတပ်မတော်သားတစ်ယောက်ရဲ့ ရပိုင်ခွင့်ထက် ပိုယူခဲ့ဖူးတဲ့ကောင် မဟုတ်ဘူး။ ဒါနဲ့ မင်းတိုပြောပြောနေတာကွာ တပ်မတော်ကနေ ထွက်ပြေးပြီး မင်းတိုအဖွဲထဲဝင်တာ တစ်ထောင်ကျော် ရှိပြီးတိုဘာတိုနဲ့။ မင်းတိုဆွေးနွေးလိုက်ပြီးဆို ဒီ ၄ ယောက် ၅ ယောက်လောက်နဲ့ ပတ်လည်ရိုက်ဆွေးနွေး ဆိုက်ဝါးထည့်နေတယ်။ တကယ်တစ်ထောင်သာရှိမယ်ဆို ဆွေးနွေးစမ်းပါ တစ်ပတ်ကို အယောက် ၂၀ လောက်နဲ့ အပတ်စဉ်ချိန်းပြီးတော့။ ဒါကြောင့် မင်းတိုကိုပြောချင်တာက မင်းတို သွေးခွဲတဲ့စကားတွေကို ဘာမှမသိ၊ တပ်ထဲတောင်ဖြတ်မလျှောက်ဖူးတဲ့ အရပ်သားတွေလောက်ပ ယုံမယ် ငါ့ကောင်တို။ မင်းတိုက ခဏသောက်ပြီး သေးပေါက်လိုရတဲ့ သစ္စာရေသောက်ထားတာ မဟုတ်ဘူး၊ နှစ်ချည်ပြီးတွဲလာတဲ့ ရဲဘော်ရဲဘက်တွေပေါ်သစ္စာဖောက်သွားတာဆိုတာ သိဖိုလိုမယ် လောက်ကောင်လေးတွေ မင်းတိုကံကောင်းပါစေ…..
#စစ်သားတစ်ဦး
#KT

Related Posts:

  • နားရွက်ပတ်ကိုင် မူဝါဒ        စာရေးဆရာမင်းလူရဲ့ ဇတ်လိုက် ကိုကြီးငွေက ပေါက်တီးပေါက်တာ တွေးပြီး ရှာရှာဖွေဖွေ ကြံဆတတ်သူတယောက်ပါ ။ လျှပ်စစ်မီးမမှန်တော့ သူက ဒီလို ကြံစည်သတဲ့ ။         စက်ဘီးက ဒိုင်နမိုက ထွက်… Read More
  • ဒါကြောင့်ကိုး        နေ့လည်စာစားပြီး မီးကပျက်လို့ ပန်ကာဖွင့်မရတော့ ပူလောင်ပြီး နေစရာ မရှိဖြစ်နေတုန်း ကိုစိုးတယောက် ဆိုင်ကယ်နဲ့ ရောက်လာတယ်....."ငမျိုးရေ ဦးထုပ်ပါယူခဲ့ဟေ့ သွားစရာရှိတယ် တော်ကြာ မော်တော်ပီကယ်နဲ့တွေ့လို့ မ… Read More
  • ရင်းနှီးမြှပ်နှံမှု နဲ့ နည်းပညာ          နိုင်ငံတိုင်းမှာ ကျင့်သုံးလေ့ရှိတဲ့ အဓိက စီးပွားရေးစနစ် ၃ မျိုးပဲ ရှိပါတယ် ။ - ဗဟိုစီမံကိန်းချ စီးပွားရေးစနစ်- စျေးကွက်စီးပွားရေးစနစ်- ရောပြွမ်းစီးပွားရေး စနစ်       … Read More
  • သံဝေဂ - ၈၈ အရေးအခင်းမှာ ရန်ကုန်တက္ကသိုလ်ကြီးမှာ အခြေပြု သပိတ်တွေကို နှိမ်နင်းခဲ့သူ......- ကျောင်းထဲမှာ တာဝန်ကျရင်း ဖာခေါ်ချလို့ နာမည်ပျက်ခဲ့ရသူ သူရဘွဲ့ ရရှိခဲ့သူကြီး.....- စာရိတ္တမှင်နီတားခံလိုက်ရတော့ နောက်က ဂျူနီယာတွေ တိုင်း… Read More
  • E - government ဥပဒေ         ဦးသိန်းစိန်လက်ထက်မှာ E - government ဖြစ်အောင် လုပ်မယ်ဆိုပြီး ကြွေးကြော်စီမံခဲ့ကြပါတယ် ။ ဌာနဆိုင်ရာတွေလည်း ကိုယ့်နည်းကိုယ့်ဟန် နဲ့ ဆောင်ရွက်ခဲ့ကြတာ တွေ့ရပါတယ် ။      … Read More