Tuesday, December 14, 2021

ထိုင်းမှ ရုရှားသို့ ရေတပ်အလှုပ်အခတ် (4)


           ထိုင်းစစ်ရေယာဥ် PGM 84 ရဲ့ ရမ်းကားမှုများအတွက် မြန်မာ အစိုးရဟာ ပထမဆုံး ထိုင်း သံအမတ်ကြီးကို ခေါ်ယူပြီး ပြင်းထန်စွာ သတိပေးကန့်ကွက်ပါတယ် ။ 

       1949 ဂျနီဗာကွန်ဗန်းရှင်း၏ Relative to the protection of civilion, Common Articles 2 အရ ဗုံးဆံကျရောက်မှုကို ပြင်းထန်စွာကန့်ကွက်ပါကြောင်းအား ပစ္စည်းသက်သေ ဓာတ်ပုံသက်သေတွေ နဲ့ လှုပ်မရအောင် ချည်တုတ်ပါတယ် ။ 

           တဆက်တည်းမှာပဲ အငြင်းပွားနေဆဲ ကျွန်းအား တက်ရောက် သိမ်းပိုက်ထားခြင်းကို ကန့်ကွက်ကြောင်း ။

 Gas ပိုက်လိုင်းအတွက် စာချုပ်ပါ လျှော်ကြေးပြဿနာအား ဂုဏ်သိက္ခာရှိစွာ ဖြေရှင်းရန် ဆိုပြီး တောင်းဆိုလိုက်ပါတယ် ။ 

          ဒါက ပထမအဆင့် လှုပ်ရှားမှု ဖြစ်ပြီး နောက်တဆင့် အဖြစ် UN ကို တရားဝင် တိုင်ကြားလိုက်ပါတယ် ။ 

       အဲဒီလို မိမိအလွန် မဖြစ်ရလေအောင် ပြုဖွယ်ရှိသည်များအား လူကြီးလူကောင်း ဆန်စွာ ပြုလုပ်ပြီးတာ နဲ့ ရွှေဘတို့ရဲ့ ဇ ကို ပြသတဲ့ အနေနဲ့ တတိယ အဆင့်အဖြစ် ထိုင်းကို ပြင်းထန်တဲ့ စစ်ရေးတိုက်ခိုက်မှု ပြုလုပ်မယ်လို့ တရားဝင် ကြေညာလိုက်ပါတော့တယ် ။ 

        ဘာတွေ လုပ်ပြခဲ့သလဲ ဆိုတော့ တပ်မတော် (ကြည်း)၊ အမှတ်(၂)အခြေချဗျူဟာမှ လက်အောက်ခံတပ်ရင်းများအား တိုက်ပွဲဝင်အဆင့်အမြင့်ဆုံးတပ်လှန့်ထားလိုက်ပါတယ် ။ 

     အဲဒီနောက် ကမ်းရိုးတန်းဒေသ စစ်တိုင်းအောက်သို့လည်း နီးစပ်ရာ တိုင်း တပ်မများ၏ လက်အောက်ခံတပ်ရင်းပေါင်းများစွာအား တွဲဖက်၍ အင်အားဖြည့်ထားလိုက်ပါတယ် ။

            အခြားသော နိုင်ငံအနှံ့ရှိ ထုတ်နုတ် တပ်ရင်း တပ်မများကလည်း မြန်မာ ထိုင်းနယ်စပ်တလျှောက်သို့ အပြင်းအထန် အလျှင်အမြန် ချီတက်နေရာယူထားလိုက်ပြီး ထိုင်းတို့အား ခြိမ်းခြောက်ထားလိုက်ပါပြီ ။ 

....အ​ငြင်းပွား​နေရတဲ့ ထိုင်းတို့ သိမ်းပိုက်ထားတဲ့ ဟသာ်ကျွန်း(KoLam) တပ်မတော် (ရေ)မှလည်း စစ်ရေယာဉ်သုံးစီး ဝိုင်းပတ်ပိတ်ဆို့ထားလိုက်ပါပြီ ။ နောက်ပြီး ထိုင်းတို့ရဲ့ စစ်ရေး လှုပ်ရှားမှုကို မပြတ်ထိန်းချုပ်စောင့်ကြည့်စေခဲ့ကာ Border line နောက်ချန်လုံခြုံရေးအတွက် လျှာကျွန်းအနီး စစ်ရေယာဉ်နှစ်စီးကို နေရာချထားလိုက်ပါ​တော့တယ် ။

......ထို့အပြင် တရခ ဋ္ဌာနချုပ်လက်အောက်ရှိ စစ်ရေယာဉ်အုပ်စုသည် ရေပြင်နယ်နိမိတ်လုံခြုံရေးကို အမြင့်ဆုံးအဆင့်သတ်မှတ်ထိန်းချုပ်ထားလိုက််ပါ​ပြီ၊၊

          အဲဒီလို အမြင့်ဆုံး အဆင့် သတ်မှတ်လိုက်တဲ့ အတွက် ရေတပ်ဗျူဟာရှိ စစ်ရေယာဉ်စု(၁) နဲ့ (၂) တို့ရဲ့ လက်အောက်ရှိ စစ်ရေယာဉ်များအားလုံးနီးပါးသည် နှစ်နိုင်ငံအငြင်းပွားရာသို့ဦးတည်ကာ သရဲမရဲ စီးထားကြသလို အလုအယက် စက်ကုန်ဖွင့် ချီတက်ကုန်ကြပြီဖြစ်သည်။

......မြန်မာတပ်မတော်သည်ကား စစ်တိုက်ရန် အတွက်ဆိုလျှင် ရီးစားဦး နဲ့ ပထမဆုံး ချိန်းတွေ့ရမည့် လူပျိုပေါက်စ ကဲ့သို့ ရွှင်လန်းတက်ကြွနေကြသည်မှာ အားရဖွယ် ကောင်းလှပါတော့တယ် ။ 

......ဒီလို မြန်မာဖက်က တက်ကြွစွာ စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် ထိုင်းနယ်စပ်တလျှောက်မှာ နေထိုင်တဲ့ ထိုင်းပြည်သူတွေက မြန်မာတွေ စစ်ပွဲကြီး တခု သေချာပေါက် ဆင်နွဲတော့မယ် ဆိုတဲ့ လက္ခဏာပြနေလို့ အလုအယက် ထွက်ပြေးကြပါပြီ ။

 
.....ထိုင်း TV Channel များကလည်း မြန်မာတို့ စစ်တိုက်ရန်ချီတက်လာပြီဖြစ်ကြောင်း မြန်မာ့တပ်မတော်ရဲ့ ရဲဝင့်စွာ စစ်ပြင် ချီတက်နေပုံ ရုပ်သံတွေ နဲ့ အဆက်မပြတ် ထုတ်လွှင့်နေပြီး ဘေးလွတ်သို့သာ အမြန်ဆုံး ထွက်ပြေးကြရန် ထိုင်းပြည်သူတို့ကို တိုက်တွန်း ကြေညာလျက်ရှိပါသည် ။ 

           အဲဒီလို မြန်မာ့တပ်မတော် ရဲ့ တင်းမာပြတ်သားတဲ့ ရာဇသံပို့ပြီးနောက် မြေပြင်လှုပ်ရှားမှု စစ်ပြင်မှုများကြောင့် ထိုင်း စစ်ဖက်ထိပ်သီးများ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရချေပါပြီ ။ 

            စစ်ရေးသုံးသပ်ချက်များအရ မြန်မာ့တပ်မတော် နဲ့ ထိုင်းတပ်မတော်ရဲ့ စွမ်းရည်သတ္တိ ၊ လက်ရုံးရည် နှလုံးရည် ကွာခြားမှုတို့ကို သိနေတဲ့ အတွက် ထိုင်းဖက်နေ နှစ်နိုင်ငံ တိုင်း အဆင့် အရေးပေါ် ဆွေးနွေးပါရစေလို့ တောင်းဆိုလာရပါတယ် ။    

             အဲဒါကြောင့် မြန်မာဖက်က နာမည်ကျော် ကမ်းရိုးတမ်းဒေသစစ်တိုင်းမှူးကြီး သီဟသူရစစ်မောင် နဲ့ ထိုင်းဖက်က အမှတ် ၃ စစ်တိုင်းမှူး ဗိုလ်ချုပ်ကြီး ဝဝ်တ်တနာချိုင်း တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ် ။

        ဆွေးနွေးရာမှာတော့ မြန်မာ စစ်တိုင်းမှူးကြီးရဲ့ တင်းမာတဲ့ မျက်နှာထား နဲ့ အတူ စစ်သားခြင်းသာ သိထားသော အခြားအခြားသော ဂုဏ်သတင်းတို့ကြောင့် ထိုင်းတို့လည်း ယင်းအရှိန်အဝါဖြင့် ကြောက်ရွံ့မှုနဲ့ ဆွေးနွေးခဲ့ကြပါတယ် ။ 

           အဲဒီလို ဖြစ်နေရတာကိုက ရဲရင့်တဲ့ မြန်မာတပ်မ​တော်ရဲ့ ဂုဏ်သတင်းကြောင့်လို့ပဲ ဆိုရပါမယ် ။ မြန်မာဖက်က စစ်တိုင်းမှူးကြီးရဲ့ တင်းမာပြတ်သားတဲ့ တောင်းဆိုမှုတွေ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် ။

- ဟသာ်ကျွန်း(Ko Lam)သည် 1939 ခုနှစ်ထဲကပင်
ဗြိတိသျှတို့လက်ထက် Chart No 3051 အရ မြန်မာပိုင် ဖြစ်ကြောင်း

- ဆလုံကျွန်းဘုရားထိခိုက်မှုအတွက် လျှော်ကြေးငွေ တောင်းဆိုခြင်း

- Gas pipe line အတွက် စာချုပ်ပါအတိုင်း လျော်ကြေးပေးဆောင်ရန်

- ဆလုံလူမျိုးသည်
မူလမြန်မာရင်းမြစ်မျိုးနွယ်သာဖြစ်ပြီး အငြင်းပွားနေမှုကို နောက်ဆုတ်ရန် ပြတ်သားစွာ တောင်းဆို ဆွေးနွေးခဲ့ပါသည်။

          ဒီနေရာမှာ ဘရွှေကြီးရဲ့ ပါဝါရှယ်ယာခွဲဝေခြင်း အနုပညာကို ကောင်းစွာ မြင်တွေ့ရပါတယ် ။ မူလက မည်သို့ပင် တိုင်ပင်ဆွေးနွေးထားပါစေ လက်တွေ့ အကောင်အထည်ဖော်ပြီ ဆိုတာ နဲ့ မိမိလူအား လုံးဝ စိတ်ချစွာနဲ့ ပြတ်သားသော အခွင့်အာဏာပေးအပ် ဆောင်ရွက်စေတာ တွေ့ရပါတယ် ။ ဒီလို ဖြစ်စဥ်တေလဟာ ဘရွှေကြီး လက်ထက်မှာ အကြိမ်ကြိမ် ကြုံခဲ့ကြရပါတယ် ။

         ထိုင်း စစ်တိုင်းမှူးလည်း မရဲဘဲ ကျွဲပြဲ စီးမိသူလို သူ့အပြစ်နဲ့သူ ခပ်ကုပ်ကုပ် ပြန်သွားပြီး နောက်နေ့မှာပဲ ဟသာ်ကျွန်းပေါ်က ထိုင်းတပ်သားတွေ ဆုတ်ခွာသွားပါတယ် ။

        ထိုင်း စစ်ဖက်ကသာ မြန်မာ့တပ်မတော်ကို လေးစား ကြောက်ရွံ့နေတာ မဟုတ်ပါဘူး ။ ထိုင်းဝန်ကြီးချုပ်လည်း အတူတူ ကြောက်တာပါပဲ ။ ဆွေးနွေးပြီး နောက်ရက်မှာပဲ ရန်ကုန်ကို ချက်ခြင်း ပြေးလာပါတယ် ။ 

              မြန်မာတို့ရဲ့ တောင်းဆိုမှု အားလုံးနီးပါးကို လိုက်လျှောခြင်း ပြုပါမည် ဖြစ်ကြောင်း နဲ့ မြန်မာအစိုးရကိုလည်း တရားဝင် တောင်းပန်ပါကြောင်း Trader Hotal (ယခု ဆူးလေ ရှန်ဂရီလာ)တွင် ပြည်တွင်းပြည်ပ သတင်းဋ္ဌာနများကို ကြေညာပေးခြင်းဖြင့် ထိုင်းတို့ဟာ မြန်မာ့တပ်မတော်ရဲ့ ရဲစွမ်းသတ္တိ နဲ့ လုပ်ရဲကိုင်ရဲ စိတ်တို့ကို အရှုံး​လက်​မြှောက်သွားခဲ့ရတာ ပုံပြင် မဟုတ်တဲ့ ဖြစ်ရပ်မှန်ပါပဲ ။ 

        ဒီပွဲရဲ့ ရလာဒ်အဖြစ် Gas အတွက် လျှော်ကြေး နဲ့ မြန်မာပိုင်နက်အတွင်း ကျည်ကျခဲ့တဲ့ အတွက် လျော်ကြေးအဖြစ် ဒေါ်လာ သန်းပေါင်း 320 ရရှိခဲ့ပါတယ် ။

        အငြင်းပွား ကျွန်းအတွက် အဆင်ပြေသည့် အချိန်တွင် ပြန်လည်ဆွေးနွေးရန် သဘောတူခဲ့ပါတယ် ။

      ဆလုံလူမျိုးတွေဟာ မြန်မာတိုင်းရင်းသားတွေ ဖြစ်ပါတယ်လို့ တရားဝင် အသိအမှတ်ပြုသွားရပါတယ် ။ 

          ဒီလို ပြဿနာ ဖြစ်ပြီးနောက် မြန်မာစစ်ခေါင်းဆောင်များဟာ စစ်ရေး သုံးသပ်ချက်များ ပြုလုပ်ပြီး မိုင် ၁၂၀၀ ရှည်လျှားတဲ့ မြန်မာ့ကမ်းရိုးတန်းကို ဒီလို စစ်ရေယာဥ် အစုတ်လေးတွေနဲ့ ရေရှည်မှာ လုံခြုံစွာ ကာကွယ်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း မှန်ကန်စွာ သုံးသပ်ကြပါတယ် ။ 

        ယခု ဖြစ်ပွားတဲ့ ပြဿနာ အရ ထိုင်းတို့ရဲ့ အရှုံးဟာ ကြောက်ရှုံးသာ ဖြစ်ကြောင်း ကောင်းစွာသိထားတဲ့ မြန်မာ့တပ်မတော်ဟာ အရေးကြီးသလောက် ခေတ်နောက်ကျခဲ့တဲ့ ရေတပ်ကို ပြုပြင်တည်ဆောက်ဖို့ လိုပြီးဆိုတာကို ထိုင်းရေတပ်က ယခုဖြစ်စဥ်နဲ့ သတိပေးသွားတယ်လို့ ယူဆကြပါတယ် ။ 

        ဒီတော့ မြန်မာ့ရေတပ်ကို ဘယ်လို မြှင့်တင်ရမလဲ ဆိုတာ တွေးရပါပြီ ။ အဖက်ဖက်က ဆန်ရှင်လုပ်ထားပြီး ပိတ်ဆို့ထားကြတဲ့ အတွက် မြန်မာတပ်မတော်ဟာ ဒီအခက်အခဲ ကြားကနေ ရေတပ်အတွက် ကြံဖန်ထွက်ပေါက်ရှာ အဆင့်မြှင့်လာရပါပြီ ။ 

        ဒီတခါ ဘရွှေကြီး ရွှေ့တဲ့ အကွက်ကတော့ ရေတို ရေရှည် စီမံကိန်း နဲ့ စနစ်ကျလှတာ တွေ့ရပြန်ပါတယ် ။ ဘရွှေကြီးရဲ့ လုပ်ကွက် ချုပ်ကွက် မြှပ်ကွက်တွေက ဒီလိုဗျ.........

          ကိုရွှေမျိုးဝင်း

(U Myo Winn ACC က သုံးရက် အပိတ်ခံထားရပါတယ် ၊ နောက်ပြီး အဆက်မတောင်းသေးနဲ့ အုံး အချက်အလက်တွေက မနည်းပြန်ရှာနေရတယ် အရင်ရေးဖူးတဲ့ ရေတပ်အကြောင်း ပို့စ် နဲ့ ဖရီးဂိတ် အကြောင်း ပို့စ် တွေ ပျောက်နေလို့ 😁😁 ထောင်းရတဲ့သူက ဆုံကြိမ်းနေပြီ နော်)