Tuesday, December 14, 2021

#ဥပဒေမဲ့နှင့်နိဂုံးမချုပ်သည့်ကဗျာ


ဗိုလ်ချုပ်ဇော်မင်းထွန်းပြောပြောနေတဲ့
ဥပဒေနဲ့အညီဆောင်ရွက်နေပါတယ်ဆိုတဲ့
စကားလုံးတွေရဲ့အောက်မှာ__

အကြမ်းဖက်မှုတွေ ပ​ပျောက်မသွားပေမယ့်
အပြစ်မဲ့ပြည်သူတွေ အသက်တွေပျောက်ကုန်ပြီ ။

နစကအစိုးရ နဲ့ nug တို့ရဲ့အားပြိုင်မှုကြားမှာ__

လမ်းစပျောက်တဲ့ပြည်သူတွေလည်းများလာပြီ...
ဘဝပျက်တဲ့ပြည်သူတွေလည်းများလာပြီ...
အသက်ပျောက်တဲ့ပြည်သူတွေလည်းများလာပြီ...
ဘယ်မှာလဲဟ အမှန်တရား ?
ဘယ်မှာလဲဟ အကြင်နာတရား?
ဘယ်မှာလဲဟ လူ့အခွင့်ရေး?

အပြစ်မဲ့သော်လည်း...
အသက်ကြွေလွင့်သူတွေအတွက်
သင်တို့ရဲ့လိပ်ပြာတွေလုံပါစေ...

အပြစ်မဲ့သော်လည်း...
ဘဝပျက်သူတွေအတွက်
သင်တို့တတွေအိပ်လို့ပျော်ပါစေ...

နာကျင်မှုဒဏ်ရာဗလပွနဲ့
အသက်ရှင်လျက် ကျန်ရစ်သူတွေရဲ့
ဒေါသတွေပေါက်ကွဲခဲ့သည်ရှိသော်....
(_______)

Credit