Friday, December 17, 2021

အိမ်ရှိသူ နဲ့ အိမ်မရှိသူ


ကျနော်တို့ဖြစ်ချင်တာ ကျော်မိုးထွန်းကို မောင်းထုပ်ပြီး န.စ.က ကိုယ်စာလည် UN ခုံမှာထိုင်စေချင်တာပါ။ ဒါပေမဲ့ စိတ်မပျက်ပါနဲ့ အခြေအနေမဆိုးပါဘူး။ 

ကျောမိုးထွန်းကို ကုလမှာဆက်ထားတယ်ဆိုပြီး နီပိတ်တွေ ဝမ်းသာနေကြတယ်။ တကယ်အဲ့ဒီလို ထင်အောင်လည်း ပန်ဆယ်လိုတို့လို့ အနီလော်ဘီတွေက အပြောကောင်းကောင်းနဲ့ လိမ်ညာကြတယ်။ စဥ်းစားကြည့်ပါ န.စ.က ကို နိုင်ငံတကားက အသိအမှတ်မပြုရင် သံရုံးတွေ UNရုံးတွေ ပိတ်ပြီးပြန်မှာပေါ့။

ကျောမိုးထွန်းကို နေခွင့်ပေးတာ NUG ကို အသိအမှတ်ပြုတာမဟုတ်ဘူး န.စ.က ကို အသိအမှတ်မပြုတာလည်း မဟုတ်ဘူး။ ကျော်မိုးထွန်း ဘယ်အဖွဲ့အစီးကိုမှ ကိုယ်စားပြုခွင့်မရှိဘူး၊ ဘာလက်မှတ်မှ ထိုးခွင့်မရှိသလို၊ နိုင်ငံကိုယ်စားပြု ဘာမဲမှလည်း ပေးပိုင်ခွင့်မရှိဘူး။ 

တကယ်တော့ အစိုးရတဖွဲ့တရားဝင်မှုဆိုတာ ကုလကလုပ်ပေးလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ အဲ့ဒီအစိုးရကိုယ်တိုင်က လုပ်ရမှာပါ။ အစိုးရလက္ခဏာဆိုတာ နယ်မြေရှိရမယ် ပြည်သူရှိရမယ် မြို့ပြအဆောက်အအုံတွေ ရှိရမယ်။ ရန်ကုန်လို မန္တလေးလိုမြို့ကြီးတွေမှာ လွတ်လပ်စွာသွားလား လုပ်ကိုင်စားသောက်နေကြတယ်။ အဲ့ဒီမြင်ကွင်းတွေဟာ န.စ.က ရဲ့ တရားဝင်မှုကိုပြနေပါတယ်။

တရုတ်နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပါပြီး။ အိန္ဒိယက န.စ.က ခေါင်းဆောင်ကို အန္ဒိယ နိုင်ငံတော်နေ့ ဖိတ်ပါမယ်တဲ့။ အာဆီယံဥက္ကဋ္ဌအဖြစ် အလှည့်ကျ တာဝန်ယူမည့် ကမ္ဘောဒီးယားနိုင်ငံက ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ထားပါတယ်တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ကိုယ်တိုင်းပြောပါတယ်။ ရုရှသမ္မတကြီးပူတင်က မြန်မာအပါအဝင် နိုင်ငံ(၂၃)နိုင်ငံက သံအမတ်တွေကို ကရင်မလင်နန်တော်မှာ တရားဝင်အသိအမှတ်ပြုလိုက်ပြီ။ မြန်မာကို စီးပွားရေးသားမက စစ်ရေးအရပါ အကူအညီပေးမယ် လို့ ပူတင်က ပေါ်တင်ပြောလိုက်ပြီ။ ဒါတွေဟာ ပြည်သူတွေ ဝမ်းသာရမယ့် န.စ.က ရဲ့ အောင်မြင်တဲ့ လုပ်ရပ်တွေပါ။

NUG ကို ဘယ်နိုင်ငံအစိုးရကမှ အသိအမှတ်ပြုတယ် စစ်ရေးအကူအညီပေးမယ် မပြောပါဘူး။ NUG အနေနဲ့ လွှတ်တော် ကိုယ်စာလှည်အဆင့်လောက်နဲ့ ဆွေးနွေတာ နိုင်ငံတကာအရပ်ဖက်အဖွဲ့ တွေနဲ့ ဆွေးနွေတာတွေလုပ်ပြပြီး ပြည်သူကိုလိမ်နေပါတယ်။

န.စ.က ကြတော့ အိမ်ရှိတဲ့လူ သူးများကို ထမင်းဖိတ်ကြွေးသလိုပါပဲ (ဖိတ်တယ် မစားချင်ရင် မလာနဲ့)။ NUG လုပ်ပုံက အိမ်မရှိတဲ့လူး သူများအိမ်မှာ ထမင်းသွာတောင်းစားသလို ဖြစ်နေတယ်။

ဘဦး
၃.၁၂.၂၀၂၁