Tuesday, December 14, 2021

ထိုင်းမှ ရုရှားသို့ ရေတပ်အလှုပ်အခတ် (6)


            မြန်မာ့ရေတပ်အတွက် ပထမဆုံး ကိုယ်တိုင်ထုတ် ဖရီးဂိတ် F 11 ဟာ ရေတပ်အတွက် ဦးဆုံး အတွေ့အကြုံဖြစ်ပါတယ် ။ အဲဒါကြောင့် အခြားဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ နည်းပညာမြှင့်တည်ဆောက်ထားတဲ့ ဖရီးဂိတ်တွေ နဲ့ နှိုင်းယှဥ်ရင် နိမ့်ကျနေပါသေးတယ် ။ 

        အဲဒါကြောင့် ခေါင်းဆောင်တွေက F 11 ထက် နည်းပညာပိုကောင်းသော ကိုယ်ထည်ဖွဲ့စည်းမှု လက်နက်ပါဝါ တို့ကို အဆင်မြှင့် တည်ဆောက်ဖို့ ဘက်ဂျက်ချပေးပါတယ် ။

          လူကြီးတွေ ရဲ့ လမ်းညွှန်မှု နဲ့ အားပေးမှုတွေကြောင့် မြန်မာ့သဘော်ကျင်းမှာ သွက်လက်စွာ အသက်ဝင်လာပြီး သမိုင်းတွင်မဲ့ ဖရီးဂိတ် တည်ဆောက်မှု ဒုတိယ ခြေလှမ်းကို စတင်ကြပါပြီ ။

            အသစ်ထုတ်လုပ်မည့် ဖရီးဂိတ်အတန်းစားသစ်ကို F 12 ( ကျန်စစ်သား) လို့ အမည်ပေးထားပါတယ် ။ 

               ကျန်စစ်သားဖရီးဂိတ်၏ ကိုယ်ထည်တည်ဆောက်မှု့ နည်းပညာကစပြီး F 11 နဲ့ များစွာအဆင့်မြင့်သွားပါပြီ ။ ကျန်စစ်သားဖရီးဂိတ်ကြီးကို လေ့လာကြည့်မည်ဆိုပါက ..........

 - Low observable technology (LO_tech ) ခေါ် ရန်သူ့ထောက်လှန်းရေးစနစ်များမှ ထောက်လှန်းရှာဖွေနိုင်ရန် ခက်ခဲစေသည့် နည်းပညာများဖြင့် ရေဒါအီလက်ထရောနစ် ပုံရ်ိပ်လျော့စေရန် ပြုလုပ်ပေးနိုင်မည့် တည်ဆောက်မှု့ပုံစံနဲ့ ပြောင်းခဲ့ပါတယ် ။

- အဲလို မြှင့်တင်ထားတဲ့ ကိုယ်ထည်ကြောင့် F 11 ကို ရန်သူ့ထောက်လှန်းရေးရေဒါများမှ ၁၂၀ ကီလိုမီတာ မှ စတင်ကာဖမ်းယူမိနိုင်သော်လည်း LO tech ဖြင့်တည်ဆောက်ထားတဲ့ ယခု F 12 ကိုတော့ ၁၀၀ ကီလိုမီတာထိ နီးကပ်လာသောအချိန်တွင်မှ ရန်သူ့ရေဒါများအနေဖြင့် စတင်ဖမ်းမိနိုင်ချေ ရှိတာကြောင့် မိမိက လက်ဦးမှု ရနိုင်ပါတယ် ။ 

          F 12 ဟာ ဝန်ပြည့်တန်ချိန်အားဖြင့် ( 3၀၀၀ ) တန် ခန့်ရှိ၍ အလျှား (106) မီတာ နှင့် အနံ (13.5)မီတာ ရှိပါသည် ။ 

- ရေယာဉ်၏ ပင်မတွန်းကန်အားစနစ်အဖြစ် Combined Diesel engine and Diesel engine ( CODAD )ခေါ် ဒီဇယ်စွမ်းအင်သုံး ပင်မအင်ဂျင်ကြီးနှင့် တွဲဖက်အင်ဂျင်၏ လည်ပတ်မှု့စွမ်းအားများကို တွန်းကန်အားပေးမည့် ပန်ကာချိတ်ဆက်ထားသောဝင်ရိုးသို့ အတူတကွပေါင်းစည်းပေးပို့မည့် စနစ်ကိုအသုံးပြု ထားပါတယ် ။

- အင်ဂျင် ၁ လုံးလျင်( 5700 )ကီလိုဝပ် ထုတ်ပေးနိုင်စွမ်းရှိသည့် အင်ဂျင်ကြီး ၂ လုံး ၊ ၁ နာရီရေမိုင် (30 ) နှုန်း {၅၆ ကီလိုမီတာ } ထိ ခုတ်မောင်းနိုင်ပါတယ် ။ 

- ကီလိုမီတာ(6100) အထိ စစ်ဆင်နိုင်ပါတယ် ။

လက်နက်စနစ်

       အနောက်ဘက်၌ လက်နက်စနစ်အနေဖြင့် RBU_1200 ခေါ်သည့် အဝေးသို့ပစ်ခတ်နိုင်မည့် ရေမြှပ်ဗုံး များကိုပစ်လွှတ်နိုင်မည့် launcher ပစ်စင် ၂ ခုကို တပ်ဆင်ထားသည် ။
{ RBU-1200 စနစ် သည် ၃ ကီလိုမီတာအကွာဝေးမှ ရေအောက်ပစ်မှတ်များ ( ဥပမာ တော်ပီဒိုများ ရေငုပ်သင်္ဘောများ ရေမြှပ်မိုင်းများ ) ကို ပစ်ခတ်ခြေမှုန်းနိုင်စွမ်းရှိသည့် ရုရှားရေတပ်သုံး ASROC ခေါ် Antisubmarine rocket launcher စနစ် ဖြစ်ပါတယ် ။

- ၇၆မမ ပင်မရေတပ်အမြှောက် (အီတလီ) {Naval_Main_Gun } ၁ လက်ကို တပ်ဆင်ထားသည် ။ ၁ မိနစ်လျှင် ကျည်တောင့် ၈၅ တောင့်မှ ၁၂၀ ထိပစ်ခတ်နိုင်သော Super Rapid gun ဖြစ်သည့် အဆိုပါရေတပ်အမြှောက်သည် ၁၆ ကီလိုမီတာအထိ ထိရောက်ပြီး ၁ ပတ်လှည့်ရန် ၆ စက္ကန့်သာကြာမည်ဖြစ်ပြီး ရေပြင်ညီမှ အပေါ်ဘက်သို့ ၈၅° နှင့် အောက်ဘက်သို့ ၁၅ ° ရွှေ့လျားပစ်ခတ်နိုင်သည် ။

   - Igla_Missile များကို ပစ်ခတ်နိုင်မည့် ဆုံလည်ပစ်စင် ၁ ခုကို တပ်ဆင်ထားပြီ 6 ကီလိုမီတာမှ လေပေါ်ပစ်မှတ်များကို ပစ်ခတ်ဟန့်တားနိုင်သည့် တာတိုလေကြောင်းရန်ကာကွယ်ရေး missile များဖြစ်ကာ ဆုံလည်ပစ်စင်၌ Igla missile ၆ စင်းခန့် အသင့်အနေထားဖြင့် ပစ်ခတ်နိုင်သည် ။ 

{ Igla missile များသည် တာတိုပစ် လေကြောင်းရန်ကာကွယ်ရေး၏ဆိုရာဝယ် တင်းပြည့်ကြပ်ပြည့် တာတိုလေကြောင်းရန်ကာကွယ်ရေးဒုံးပျံများ မဟုတ်ကြဘဲ မိမိရေယာဉ်ကိုသာ အကာကွယ်ပေးနိုင်စွမ်းရှိမည့် self defence စနစ်ပင်ဖြစ်နေလို့ အဆင့်မြင့်လှတယ်လို့ မဆိုနိုင်သေးပါဘူး }
  
 - chaff & flare များကို လွှတ်ထုတ်ပေးနိုင်သည့် decoy launcher ၂ ခုကို တပ်ဆင်ထားပါတာ် ။

 {chaff and flare များသည် မိမိစစ်ရေယာဉ်ထံ ဝင်ရောက်လာမည့် သင်္ဘောဖျက်ပဲ့ထိန်းဒုံးပျံ ( Antiship missile ) များကို ယောင်ပြလှည့်စားပေးနိုင်မည့် ပစ်မှတ်တုစနစ်ဖြစ်၍ chaff များကိုလွှတ်ထုတ်ကာ ရေဒါဖြတ်ပိုင်းပုံရှာ၍တိုက်ခိုက်နိုင်သည့် ဒုံးပျံများရန်မှလည်းကောင်း flare များကိုလွှတ်ထုတ်ကာ အပူလှိုင်းကိုအာရုံခံ၍တိုက်ခိုက်နိုင်သော ဒုံးပျံများရန်မှလည်းကောင်း အထိုက်အလျောက် ကင်းဝေးစေနိုင်မည်ဖြစ်သည် }

   - ဦးပိုင်း၌ အနီးကပ်ခွင်းစနစ်  
( Close in weapon system ) တပ်ဆင်ထားပါတယ် ။ 

{NG_18 ဟုသိရသည့် အဆိုပါ CIWS စနစ်သည် ရုရှားရေတပ်သုံး AK-630 စနစ်ကို တရုတ်နည်းပညာဖြင့် အနည်းငယ်ပေါင်းစပ်ထားသည့် စနစ် ၁ ခုဖြစ်သည် ။ 3 ကီလိုမီတာအကွာရှိ ရေပြင်ပေါ် ဝေဟင်ပေါ်မှ မည်သည့်ပစ်မှတ်ကိုမဆို 1 မိနစ်လျှင် ကျည်ချက်ပေါင်း 5000 ခန့်နှုန်းဖြင့် ချေမှုန်းနိုင်စွမ်းပေးမည့် အစွမ်းထက်စနစ် ပင်ဖြစ်သည်}
   
     Bridge ၏ ဘယ်/ညာ တဖက်တချပ် bridge wing များတွင် 14.5mm Anti aircraft gun ခေါ် ဆုံလည်လေယာဉ်ပစ်စက်အမြှောက် 2 လက်ကို တပ်ဆင်ထားပါတယ် ။ အဝေးထိန်းစနစ်ဖြင့်ပစ်ခတ်နိုင်မည့် Remote control weapon station RCWS ဖြစ်ပါမယ် ။

          အဲဒီအပြင် နောက်ဆုံးပေါ် Electronic warfare ခေါ် အီလက်ထရောနစ်စစ်ဆင်ရေးသုံး Jammer ၁ ခုစီကို bridge ၏ ဘယ် / ညာ တွင် ၁ ခုစီတပ်ဆင်ထားသည် ။

 { မိမိရေယာဉ်ကို တိုက်ခိုက်လာမည့် ရန်သူ့လေယာဉ်များ၏ ပစ်မှတ်လမ်းညွှန်ရေဒါစနစ်များနှင့် သင်္ဘောဖျက်ဒုံးပျံများ၏ ပစ်မှတ်ရှာ အာရုံခံစနစ်များကို တွက်ချက်မရပဲ ရှုပ်​ထွေးသွား​အောင်ပြု လုပ်ပေးတဲ့ Electronic စနစ်ဖြစ်သည်}

 - တရုတ်ထုတ် Type_347G "Rice Bowl " အမျိုးစား Fire control radar 

{ Naval Main Gun လမ်းညွှန်မှု့ပေးရန် ၊ 2 metre အရွယ်ကို 12 ကီလိုမီတာအကွာ ၊ 1 metre square အရွယ်ပစ်မှတ်ကို ၆ ကီလိုမီတာ မှ ခြေရာခံပေးမည့် ပစ်ခတ်လမ်းညွှန် ရေဒါအမျိုးစားဖြစ်သည် }

  - Handheld Electro optic sight ခေါ်CIWS တပ်ဆင်ထားပါတယ် ။

{ အီလက်ထရောနစ် စနစ်များ မလုပ်နိုင်လျှင် လူကိုယ်တိုင် ကိုင်တွယ်၍ ပစ်ခတ်ရန် လမ်းညွှန်ပေးရန်ဖြစ်သည် }

 Z- တရုတ် Type_362 ရေဒါကိုတပ်ဆင်ထားသည် ။

{ Igla missile များပစ်ခတ်ရန်အသုံးပြုထားပါတယ် ။  

{ 2 metre square အရွယ် ရေဒါအီလက်ထရောနစ်ပုံရိပ်ကို 42 ကီလိုမီတာမှ စတင်ခြေရာခံနိုင်ပြီး လမ်းညွှန်ပေးနိုင်၍ ပစ်မှတ် ၃၂ ခုကို တပြိုင်နက် ဖမ်းယူပေးနိုင်သည့် ရေဒါအမျိုးစားလည်းဖြစ်သည် }

  - တရုတ်နိုင်ငံလုပ်ထုတ် ဖျက်အားပြင်း C_802 အမျိုးစား သင်္ဘောဖျက်ဒုံးပျံ ၈ စင်းကို ၄ လုံးတွဲဒုံးပျံပစ်စင် ၂ ခုဖြင့် တပ်ဆင်ထားသည် ။ 

{ 120 ကီလိုမီတာ အကွာထိပစ်ခတ်နိုင်တဲ့ သဘော်ဖျက် ပဲ့ထိမ်းဒုံးပါ }

  - Rigid hull inflatable boat {RHIB} ခေါ် လေထိုးစက်တပ်အမြန်သွားယာဉ်ငယ် ၁ စင်း ပါရှိပါတယ် ။

{ Naval special operation ခေါ် ရေတပ်အထူးစစ်ဆင်ရေးများ Search and rescue ခေါ် ရှာဖွေကယ်ဆယ်ရေးများအပြင် နှင့်ထောက်လှန်းရှာဖွေမှု့များပါပြု လုပ်ပေးနိုင်မည့် ယာဉ်ငယ်ပင်ဖြစ်သည်။ ရေငုပ်သင်္ဘောရှာရန် အဝေးပို့ဆိုနာစနစ်များ ကိုအသုံးပြုရာ၌လည်းကောင်း ၊ Corner reflector ခေါ် ရေဒါပုံရိပ်တုကိုပြု လုပ်ပေးမည့် ပစ်မှတ်တုများကို သင်္ဘော၏ အနီးနားသို့ပို့စေလျက် ရေဒါပုံရိပ်ရှာလာမည့် သင်္ဘောဖျက်ဒုံးပျံများကို လှည့်စားရန်အတွက်လည်းကောင်း အသီးသီးအသုံးပြု နိုင်သည့် အဖိုးတန်ယာဉ်လည်းဖြစ်သည် }

  - RAWL_02 Mk2A L bandအမျိုးစား လေကြောင်းရန်ကြိုတင်သတိပေး ရေဒါ Airborne early warning radar ကိုတပ်ဆင်ထားသည် ။  

{ ၎င်းရေဒါစနစ်သည် တပ်မတော်ရေ၏ အဆင့်မြင့်ဆုံးရေဒါစနစ်ဖြစ်ပြီး ကီလိုမီတာမှ190 ဝေဟင် ပစ်မှတ်ပေါင်း ၁၆၀ ခန့်ကို ရှာဖွေပေးနိုင်စွမ်းရှိပါတယ် } 

  - ဒုတိယမြောက် Type-347G ရေဒါကိုတပ်ဆင်ထား၍ NG-18 CIWS ၂ လက်ကို ပစ်မှတ်ရှာပေးရန်အတွက်ဖြစ်သည် ။

  - Life raft ၄ လုံးကို တပ်ဆင်ထားပါတယ် ။ 

 { ၁ ခုကို လူအယောက် ၂၀ ဆန့်ကာ hydrostatic release unit များတပ်ဆင်ထားသဖြင့် ရေယာဥ် နစ်မြှပ်လျှင် ထို life raft အလုံးများအနေဖြင့် ရေအောက် ၄ မီတာခန့်အရောက်တွင် အလိုလျောက်ပွင့် ထွက်လာပြီး အသက်ကယ်လေထိုးဖောင်ဖြစ်သွားပြီး အမှု့ထမ်း ၁၆၀ ခန့် ကယ်နိုင်ပါတယ် }

  - chaff and flare ထုတ်ပေးမည့် decoy launcher ၂ ခုကို ထပ်မံတပ်ဆင်ထားပြီး ရေယာဉ်၏ ရန်သူ့ဒုံးပျံများထံမှ လွှတ်ကင်းနိုင်စွမ်းကို မြှင့်တင်ပေးထားပါတယ် ။ 

                   ရေယာဉ်၏ အနောက်ဆုံးတွင်တော့ ရဟတ်ယာဉ်ဆင်းသက်နိုင်မည့် Flight deck ကို တည်ဆောက်ထားပါတယ် ။ 

  - Large depth charge ပစ်လွှတ်စနစ် ၂ ခုဖြင့် ရေအောက်ရန် ကာကွယ်ထားပါတယ် ။ 
၎င်းစနစ်မှာ စစ်ရေယာဉ်တွင် တပ်ဆင်ထားသည့် နောက်ဆုံး
စနစ်လည်းဖြစ်ပေသည် ။

        စစ်သဘော် တည်ဆောက်ရာမှာ အရေးကြီးတာက ဘက်နက် စနစ်ပဲ ဖြစ်ပါတယ် ။ သဘော် ကိုယ်ထည် နဲ့ အင်ဂျင်က တည်ဆောက်ဖို့ လွယ်တယ်ထားပါအုံး လက်နက် တပ်ဆင်ဖို့ ခက်ပါတယ် ။ 

          ယခု ဘက်နက်များအား ကြည့်ခြင်းအားဖြင့် ရုရှား နဲ့ တရုတ်ကနေ လွယ်လွယ်နဲ့ ဝယ်ရမယ်လို့ တွက်ဆလို့ မရပါဘူး ။ အထက်ပါ လက်နက် အများစုဟာ မြောက်ကိုးရီးယားကနေ တဆင့် ဝယ်ယူတပ်ဆင်ခဲ့ကြရပါတယ် ။ ဒုတိယမြှောက် ကျန်စစ်သား ဖရီးဂိတ်ကို ၂၀၁၂ အောက်တိုဘာလမှာ ရေချနိုင်ခဲ့ပါပြီ ။ 

        မြန်မာခေါင်းဆောင်များဟာ ဒီလောက်နဲ့ မကျေနပ်ကြပါဘူး ။ ယခုအခါ တိုးတက်လာတဲ့ နည်းပညာများအရ ရေဒါ တခုတည်းကို ရှောင်လွှဲလို့ မရနိုင်သေးပါဘူး ။ 

         သဘော်များကို ထောက်လှမ်းကြရာမှာ နည်း လေးမျိုးနဲ့ ထောက်လှမ်းကြပါတယ် ။ အဲဒါတွေကတော့.....

- ရေဒါ နဲ့ ပုံရိပ်ဖော်ထောက်လှမ်းခြင်း 

- မျက်မြင် အဝေးကြည့်စနစ်ဖြင့် ထောက်လှမ်းခြင်း

- အသံဖြင့် ထောက်လှမ်းခြင်း

- အပူငွေ့ နဲ့ ထောက်လှမ်းခြင်း 

        ဆိုတဲ့ စနစ်တွေကို ပြည့်စုံစွာ ကာကွယ်နိုင်မှသာလျှင် တန်းမြင့် ဖရီးဂိတ် စာရင်းဝင်နိုင်မှာ ဖြစ်ပါတယ် ။ ဒါကို သိတဲ့ မြန်မာတပ်မတော် ခေါင်းဆောင်များဟာ နောက်ထပ် အဆင့်မြင့် ဖရီးဂိတ် တစီး အမြန် တည်ဆောက်ဖို့ ညွှန်ကြားပါတော့တယ် ။ 

           အဲဒီ စနစ်အတွက်ဆိုရင် 
ရေဒါအတွက် သဘော်ဒီဇိုင်း ထောင့်ချိုးများ နဲ့ ရေဒါလှိုင်းစုပ် အဆိပ်ပြင်း သုတ်ဆေးများ ကဏ္ဍ

       အဝေးကြည့်ရင် ရုတ်ချည်း မမြင်နိုင်တဲ့ ပင်လယ်ရောင် ဆေးသား ရေးခြယ်မှု

       အသံလုံစေရန် အင်ဂျင် အတွက် ဆိုင်လင့်ဇာကြီးများ နဲ့ ပန်ကာလည်သံကအစ ထိမ်းချုပ်နိုင်ရန် ပန်ကာ ဒီဇိုင်း 

       အပူငွေး ထိမ်းထားရန် အအေးပိုက်လိုင်းများ နဲ့ အင်ဂျင်အား အပူရှိန် လျှော့ချခြင်း 

       ဆိုတဲ့ အဆင့်မြင့် နည်းပညာတွေ သုံးရပါတယ် ။ ဒီလောက်ခက်ခဲတဲ့ နည်းပညာတွေကို တပ်မတော် ပညာရှင်တွေ တတ်ကျွမ်းပါ့မလား သံသယဝင်စရာပါပဲ ။ 

         မြန်မာ့တပ်မတော်ရဲ့ အရည်အချင်း နဲ့ စွမ်းဆောင်ရည်အရ အထက်ပါ စွမ်းရည်ပြည့် ဖရီးဂိတ် တနည်း ကိုယ်ပျောက် ဖရီးဂိတ် ကို ဘယ်လို ဖြစ်အောင် တည်ဆောက်ကြမလဲ လေ့လာကြပါစို့......

        ကိုရွှေမျိုးဝင်း