Friday, December 17, 2021

ကိုယ့်အားကိုယ်ကိုးတာ အကောင်းဆုံး


နီးပိန်းဂျင်း post တစ်ခုတွေ့လိုက်တယ်။ အမေရိကန်နဲ့ ပေါင်းရင်ချမ်းသာမယ် တရုတ်နဲ့ပေါင်းရင်း မွဲမယ် ကျွန်ဖြစ်မယ်တဲ့။ မသိတဲ့လူကို ဂျင်းထဲ့ ငါ့ကိုတော့ဂျင်းထဲ့ လို့မရဘူး။

တရုတ်နဲ့ပေါင်းရင် မွဲမယ်ဆိုရင် apple လို Hp လို စက်ရုံတွေ အမေရိကန် စီးပွားရေးလုပ်ငန်း အမြောက်အများ တရုတ်မှာ ရှိနေစရာအကြောင်း မရှိဘူး။

မြန်မာက ဘယ်နိုင်ငံကိုမှ စီးပွားရေးမလုပ်ဘူး လုပ်မယ် ခွဲခြားမထားဘူး။ ၁၉၈၈ နောက်ပိုင်း ပုဂ္ဂလိကလုပ်ငန်းတွေခွင့်ပြုတယ်။ တရုတ်တွေစက်ရုံ လာဆောက်သလို အမေရိကန်တွေလည်း စီးပွားရေးလာလုပ်လို့ ရတာပဲ သူတို့ဖာသာသူတို့ မလာတာ။ အမေရိကန်တွေလိုချင်တဲ့ ကိုကိုးကျွန်း စစ်အခြေစိုက်စခန်း ဖွင့်ခွင့်တို့၊ ဘင်ဂလီကို တိုင်းရင်းသား ပေးခွင့်တို့ လိုက်လျှောရအောင် မြန်မာနိုင်ငံ ကျွန်နိုင်ငံမဟုတ်ဘူး။

ဂျပန်၊ တောင်ကိုယ်ရီးယား ချမ်းသာတာ အမေရိကန်နဲ့ပေါင်းလို့ မဟုတ်ဘူး။ သူတိုရဲ့ မျိုးချစ်စိတ်နိုင်ငံချစ်စိတ် ကြောင့်ပဲ။ ဂျပန်မှာ၊ တောင်ကိုယ်ရီးယားမှာ ကိုယ်နိုင်ငံစီးပွား ကိုယ်ပြန်ဖျက်တဲ့ တာဝါတိုင်ချိုးတဲ့ အကြမ်ဖက်တွေ ရှိတာကြားဖူးလား။ အဲ့ဒီနိုင်ငံတွေမှာ ပြည်တွင်းစစ်တို့ လူမျိုးရေးပဋိပက္ခ တို့​ကြားဖူးလား။

ဗဟိုစီမံကိန်းချစီးပွားရေးစနစ်ကြောင့် ဆင်းရဲတဲ့ မြောက်ကိုယ်ရီယားတောင် ကြိုးစားအားထုတ်မှုကြောင့် အနုမြူပိုင်တယ်။ အမေရိကန်ကို ချိန်းခြောက်နိုင်တယ်။ ကြိုးစားဖို့သာအဓိက။

အာဆီယံမှာ အမေရိကန်နဲ့ အရင်းနှီးဆုံးဆိုတဲ့ ဖိလစ်ပိုင်မှာ စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်ကပြား တွေကချုပ်ကိုင်ထားတယ်။ အောက်ခြေပြည်သူက ဖိလစ်ပိုင် မူရင်းတိုင်းရင်းသားတွေ။ အဲ့ဒီလိုအခြေအနေကို မြန်မာတွေလည်း ဖြစ်ချင်မယ်မထင်ဘူး။ 

ဖိလစ်ပိုင်လောက် အမေရိကန်နဲ့ မရင်းနှိးတဲ့ ထိုင်း၊ ဗီယက်နမ် အာဆီယံမှာချမ်းသားကြတယ်။ ထိုင်မှာ အာဏာသိမ်းလို့ ပြည်သူကို လက်နက်ကိုင်ခိုင်းတဲ့ နိုင်ငံရေးသမားမရှိဘူး။ ဗီယက်နမ်ဆိုတာ တချိန်ကအမေရိကန်ကို သူမြေပေါ်ကနေမောင်းထုတ်ခဲ့တဲ့ ​မျိုးချစ်စိတ်ကြီးတဲ့နိုင်ငံ။

မြန်မာဟာ ကမ္ဘာ့လူဦးရေးအများဆုံး ဈေးကွက်ကြီးနှစ်ခုကြား ညပ်နေတယ်။ အာဆီယံက အန္ဒိယကိုကုန်သွယ်ချင်ရင် မြန်မာကိုဖျတ်သွားမှရမယ်။ မြန်မာမှာ အခြေအနေကောင်းတွေရှိတယ်။ မြန်မာတွေချမ်းသားဖို့ တိုင်းပြည်တည်ငြိမ်ဖို့လိုတယ် လုပ်ငန်းရှင်အချင်းချင်း၊ အလုပ်သမားနဲ့လုပ်ငန်းရှင် ဖေးမကူညီဖို့လိုတယ်။ မြန်မာလူမျိုးအချင်းချင်း သတ်နေတဲ့ အကြမ်းဖက်တွေ ရှိလို့ကတော့ တိုးတက်မှာ မဟုတ်ဘူး။

ဘဦး
၁၆.၁၂.၂၀၂၁

Related Posts:

  • သတင်းကောင်းတွေ လာနေပြီ        ရုရှားက လေကာ Pantsir တွေကို စာချုပ်အတိုင်း ပေးပို့မယ့် သတင်းတက်လာပါတယ် ။ အဲဒီ Pantsir ဒုံးလက်နက်တွေဟာ လေယာဉ် ၊ ဒရုန်း နဲ့.       ခရုစ်ဒုံးကျည်တွေကို ပစ်ချဖို့ ရည်ရွယ်ပါတယ်။      အဲဒါကို အနီတွေ ငယ်သံပါအောင် အော်နေကြတာ … Read More
  • NUG ဘာလဲ….ဘယ်လဲ?၂၀၀၇ မှာဖြစ်ခဲ့တဲ့ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး NUG က စိတ်မကောင်းကြောင်း၊ ၁၉၈၂ နိုင်ငံသားဥပဒေကို ပယ်ဖျက်ပြီး ရိုတွေကိုနိုင်ငံသားပေးမယ်ဆိုတဲ့အကြောင်းကို ကြေညာချက်ထုတ်တာကို တွေ့လိုက်ရတော့ NUG ဟာ နွေးဦးတော်လှန်ရေးကိုသာမက မြန်မာန… Read More
  • မျိုးချစ်စိတ် နဲ့ အမုန်းမျိုးစေ့         ဒီကနေ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပြဿနာများဟာ ယခုဆိုလျှင် အနာ နဲ့ ဆေး တဲ့နေပြီ ဖြစ်ပါတယ် ။ တပ်မတော် က လုပ်ချင်ကိုင်ချင်စိတ်လည်း ရှိမယ် ၊ လုပ်ဖို့လည်း ဆုံးဖြတ် ညွှန်ကြားထားပြီ ဆိုရင် ကျနော်တို့ ပူပန်စရာ မလိုတော့ပါဘူး ။ … Read More
  • စစ်ဗျူ ဟာမှူ းကြီးနှင့်သားဖြစ်သူမှ CDMဝင်၍ တပ်မတော်အား ပြန်လည်တော်လှန်မြန်မာ့တပ်မတော်ရှိ စစ်ဗျူ ဟာမှူးများထဲမှစစ်ရေးစွမ်းရည်နှင့် တိုက်ခိုက်ရေးဗျူ ဟာ ကျွမ်းကျင်လှပြီး သမိုင်းဝင်တိုက်ပွဲများတွင် အထင်ကရ စစ်အောင်နိုင်အောင် ထူးချွန်စွာ ကိုယ်တိုင်ကြပ်မတ်၍ရှေ့တန်းစစ်စခန်းတွင် ကိုယ်တိုင်ပါဝင်ညွှန်ကြား… Read More
  • နိုင်ငံလင်း(ရန်ကုန်လူမှုရေးဝန်ကြီးဟောင်း)ဇနီးဘာလို့ အဖမ်းခံရတာလဲ?■ ဇတ်လမ်းအစက   ဩဂုတ်လ ၂၁ ရက်နေ့မှာ  တိုက်ကြီးမြိုနယ်၊ မင်္ဂလာရပ်ကွက်၊ တရားရုံးလမ်းရှိနေအိမ်ကို  လုံခြုံရေးပူးပေါင်းအဖွဲ့တွေ သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာ ကနေ  ခင်မြတ်သူ(NLD ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)အပါအဝင် ထိန်ဝ… Read More