ဒီနေ့ နံနက်စောစောမှာတက်လာတဲ့ မြောင်မြို့နယ်နဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေဆိုတာဟာ အကြမ်းဖက်တွေရဲ့ Failed State အိပ်မက်နဲ့ ဉာဏ်တိမ်တဲ့ ကြေညာချက်ထက်မပိုဘူး။ သို့သော် မပေါ့သင့်ပါဘူး။
ဘာလို့လဲ။ အကြောင်းအရင်းတချို့ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အာဏာထိန်းမှုဖြစ်စဉ်အပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက မြန်မာနိုင်ငံဟာ ကျဆုံးနိုင်ငံ (Failed State) ဖြစ်သွားနိုင်တယ်လို့ ခန့်မှန်းကြတယ်။ ကုလသမဂ္ဂကလည်း ပြည်တွင်းစစ်ဖြစ်တော့မလို စိုးရိမ်ပူပန်ကြတယ်။
ပြည်တွင်းစစ်နဲ့ ကျဆုံးနိုင်ငံဆိုတာ ခွဲမရတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
What's a failed state?
ကျဆုံးနိုင်ငံဆိုတာ ဘာလဲ။ နားလည်လွယ်အောင် ပြောရမယ်ဆိုရင်တော့ နိုင်ငံတစ်ခုမှာ အစိုးရတစ်ရပ်ရဲ့ အာဏာ မသက်ရောက်တော့တာပေါ့။ တရားဥပဒေစိုးမိုးမှုမရှိတော့သလို အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်း ( Public Services) တွေလည်း မလုပ်နိုင်တော့ဘူး။
ဥပမာ - စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်တွေ တအားကို လွှမ်းမိုးသောင်းကျန်းပြီးတော့ ဝန်ထမ်းတွေကို သေနတ်ပြခြိမ်းခြောက် ဖိအားပေး၊ အလုပ်ထွက်ခိုင်းတာမျိုးဟာ စစ်ကိုင်းတိုင်းအခြေပြု Failed State တည်ထောင်ခြင်းပါပဲ။ သူတစ်လူ ငါတစ်မင်း အကြမ်းဖက်မှုတွေဟာ ကျဆုံးခြင်းရဲ့အစပဲ။ အဲဒီလို အစိုးရအာဏာစက် လျော့ပါးသွားရင် ပြည်တွင်းစစ် (Civil War) ဆီ ဦးတည်သွားတတ်ပါတယ်။ ဗဟုသုတအဖြစ် ကျွန်တော်ယူသုံးထားတဲ့ Slide မှာတောင် မြန်မာနိုင်ငံဟာ ကျဆုံးနိုင်ငံဖြစ်ဖို့ အလားအလာရှိတဲ့ (အန္တရာယ်ရှိ) အဆင့် ထည့်သွင်းထားတာတွေ့ရတယ်။
ဒါကြောင့် အုပ်ချုပ်သူ လူကြီးမင်းများအနေနဲ့ မြောင် လို ကိစ္စတွေဖြစ်လာတဲ့အခါ အသိဉာဏ်နိမ့် လူတန်းစားတွေရဲ့ ခပ်ပေါပေါ စိတ်ကူးယဉ်မှုဆိုပြီး လျှော့မတွက်သင့်တာသေချာပါတယ်။ လျှော့မတွက်ကြဘူးလို့လည်း မျှော်လင့်ပါတယ်။
ထို့အတူ -
How to fix filed states?
ဒီလိုဖြစ်စဉ်တွေကို ဘယ်လိုပြန် အဖတ်ဆယ်ရမယ် ဆိုတာကတော့ ရေရှည်လုပ်ရမယ့် လုပ်ငန်းစဉ် ဖြစ်သွားပါပြီ။ အနေအထားပေါ်မူတည်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တူမှာတော့မဟုတ်ဘူး။ သို့သော် မဟာဗျူဟာတွေ၊ လူမှုရေးနဲ့ ယဉ်ကျေးမှုအခြေအနေတွေကို နက်ရှိုင်းစွာ နားလည်ဖို့ ကြိုးစားတာတွေ၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု - စတာတွေကတော့ တူညီပါလိမ့်မယ်။
ဥပမာအားဖြင့် -
ကျွန်တော်တို့အနေနဲ့ စစ်ကိုင်းတိုင်းက အကြမ်းဖက်တွေကို ချေမှုန်းချင်တယ်ဆိုရင် ပထမဆုံး ထောက်လှမ်းရေးကွန်ယက် ကောင်းကောင်း လိုပါတယ်။ သတင်းဦးဖို့လိုတယ်။ ထောက်ပံ့ရေး လမ်းကြောင်းတွေကို ဖြတ်ပစ်ဖို့လိုသလို အရေးပါတဲ့ ဆက်သားတွေကို ဖမ်းနိုင်ဖို့လိုတယ်။
Social Network Theory အရ ဗဟိုချက်ဖြစ်နေတဲ့ လူတွေကို ထောက်လှမ်းရလိမ့်မယ်။
ဒုတိယတစ်ခုက အဲဒီနယ်မြေမှာ အကြမ်းဖက်တွေ ဘာလို့ဒီလောက်အားကောင်းနေတာလဲ ဆိုတဲ့ အကြောင်းအရင်းကို နက်နက်ရှိုင်းရှိုင်း နားလည်ဖို့လိုတယ်။ ဘယ်လောက်တောင် အစိုးရဩဇာကျဆင်းပြီး ခြိမ်းခြောက်ခံရလို့မို့ ရွာလုံးကျွတ် အကြမ်းဖက်ဖြစ်ကုန်ရသလဲ ဆိုတာကို အရင် လေ့လာရမှာပါ။ ကျွန်တော်တို့အတွက် နိုင်ငံသားတိုင်းရဲ့ အသက်က တန်ဖိုးရှိပါတယ်။ စစ်ဆင်ရေးသက်သက်နဲ့ အလုပ်မဖြစ်တဲ့ အခြေအနေတွေရှိတယ်။
တတိယတစ်ချက်ကတော့ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ပေါ့။ ဒါကတော့ စဉ်ဆက်မပြတ် အားပြိုင်နေရမယ့်အရာဖြစ်လာတော့မှာပါ။ ဆိုပါစို့ ... နစက အစိုးရ သက်တမ်းပြည့်ပြီး နောက်အစိုးရသစ်တစ်ရပ် တက်လာတယ်ဆိုပါစို့၊ အဲဒီအစိုးရက အခုပြည်ပြေးတွေမဟုတ်ခဲ့ရင် ဖိအားက ဆက်ရှိနေမှာပါ။ ဆက်လာနေဦးမှာပါ။ NLD မှ အာဏာမရရင် ဘယ်အစိုးရမှ တက်အုပ်ချုပ်လို့ မရစေရဘူး - ဆိုတာများဖြစ်ခဲ့သည်ရှိသော် ဒီ အကြမ်းဖက်ပြဿနာဟာ ကာလတိုတစ်ခုနဲ့ ပြီးသွားမှာမဟုတ်တာ မြင်သာပါတယ်။
ဒီတော့ ဗျူဟာလိုပါတယ်။
ကျွန်တော် အဓိကပြောလိုတာကတော့ -
- အကြမ်းဖက်တွေဟာ ပြည်ပကနေ အလှူခံလို့ကောင်းဖို့ အစိုးရအာဏာမသက်ရောက်တော့တဲ့ နယ်မြေတွေကို ပြနိုင်ဖို့ သေရေးရှင်ရေးဖြစ်နေပါတယ်။
- ပြည်ပကလည်း သူတို့တွေ ကြားဝင်စွက်ဖက်လို့ ကောင်းဖို့ မရှူနိုင် မကယ်နိုင် အနေအထားတစ်ရပ် မျှော်လင့်နေပါတယ်။
- အဲဒါတွေကို နားယောင်ပြီး မအူမလည်နဲ့ လွတ်မြောက်နယ်မြေ ထ ကြေညာရင် စစ်တပ်ရဲ့ အာရုံထဲမှာတော့ အနက်ရောင်နယ်မြေလို့ပဲ မြင်မှာပါ။ နယ်မြေရှင်းလင်းခံရမှာပါ။
- ဒေသခံတွေကို ဘယ်လိုစည်းရုံးသိမ်းသွင်းလို့မို့ ဒီလို ခြေကုပ်ရနေသလဲ၊ ဒီနယ်မြေကို အရင်းပြုပြီး တိုက်ရိုက်အကျိုးစီးပွားရနေတာ ဘယ်သူတွေလဲ ဆိုတာကိုသိဖို့က တပ်မတော်အတွက် ခက်ခဲတဲ့ကိစ္စ လို့ ကျွန်တော်တို့မယူဆကြတာ သေချာပါတယ်။
အချို့ကိစ္စတွေက အချိန်ယူဖို့လိုအပ်ပေမဲ့ အချို့အရာတွေက မလိုအပ်ပါဘူး။
တစ်ခုတော့ ရှိပါတယ်။ ရွေးကောက်ပွဲမှာ အကြီးအကျယ်မဲခိုးပြီး နိုင်ငံတော်ရဲ့အာဏာကို ခိုးတာကိုမှ မတားရင် တပ်မတော် သိက္ခာကျမယ်၊ မှန်ပါတယ်။ ဒီလိုပဲ။ တပ်မတော်က အလုံးစုံ တာဝန်ယူပြီး အရေးပေါ်အခြေအနေ ကြေညာထားမှ သူတို့က ထပြီး လွတ်မြောက်ပြီ ဘာ ညာ လုပ်ပြနေရင် အဲဒါကလည်း စော်ကားခံရခြင်းတစ်မျိုးပဲ။ အဲဒါကလည်း နိုင်ငံတစ်ခုကို ဆွဲချခြင်းမည်တာပါပဲ။
ရေရှည်လုပ်ရမယ့်ကိစ္စမို့ မလိုအပ်ဘဲ အချိန်မဆွဲစေလိုတာ စေတနာပါ။
#သန့်နေစိုး (4. Dec. 2021)
*
*
*
#Notice to Facebook Myanmar Team, this article is about Failed State and How to Fix a Failed State (See featuring). It is for educational purpose only and doesn't go against any of your community standards.