Friday, December 17, 2021

အကွဲအပြဲ NUG


           လိုင်းပေါ်ကနေ ငါတို့နိုင်နေပြီ ဆိုတဲ့ နီပိတ်လေးတွေ အခုတလော သူတို့ခြင်း အငြင်းပွား အချင်းများနေတာ ကြည့်ပြီး မကြာခင် NUG ဇာတ်ခေါင်းကွဲတော့မယ်လို့ ယူဆမိပါတယ် ။ 

         ဒီနေရာမှာ NUG ဖြစ်ပေါ်လာတဲ့ ပုံစံ နဲ့ နောက်ခံအမှောင်ထဲက အဓိက စပွန်ဆာချိတ်တွေ အကြောင်း အနည်းငယ် ပြောချင်ပါတယ် ။ 

        ၈၈ အရေးအခင်းပြီးတော့ ပြည်ပကို ထွက်ပြေးကြရတဲ့ ပြည်ပြေးတွေဟာ နိုင်ငံရေးခိုလှုံခွင့်နဲ့ ပြည်ပက ခိုင်းသမျှ လုပ်နေကြရပါတယ် ။ ဒီအချိန်မှာ ဦးသိန်းစိန်တက်လာတော့ ဖြေလျှော့မှုတွေ ပေးပြီး ပြည်ဝင်ခွင့်တွေ စျေးပေါပေါ နဲ့ ချပေးလိုက်ပါတယ် ။ 

       တိုင်းပြည်အပေါ် စေတနာမှန်နဲ့ အတူပူးပေါင်းလုပ်ကိုင်နိုင်ကြဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြေလျော့ပေးခဲ့တဲ့အတွက် အကျိုးများတဲ့ ကိစ္စတွေ ရှိခဲ့ရသလို အကျိုးနည်းတဲ့ ကိစ္စများလည်း ရှိခဲ့ကြပါတယ် ။ 

       အဲဒါကတော့ ပြည်ပလက်ဝေခံ ပုဆိန်ရိုးတွေအတွက် ပြည်တွင်းကနေ လှိုက်စားဖျက်ဆီးဖို့ အခွင့်အရေး ရခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီတော့ အပြကောင်းစေဖို့ INGO ၊ NGO ခေါင်းစဥ်တွေ နဲ့ အလုံးအရင်း ဝင်လာကြပါတယ် ။ 

        ခွေးမြှီးကောက်တွေဟာ နောက်ကွယ်က ဒေါ်လာသန်းပေါင်းများစွာသော အထောက်အပံ့တွေ နဲ့ မြန်မာယဥ်ကျေးမှု အပါအဝင် တပ်မတော် မုန်းတီးရေးအတွက် အားသွန်ခွန်စိုက် လုပ်ပေးကြပါတော့တယ် ။ 

       ဦးဇော်ဇော်ပိုင် နိုဗိုတယ် ဟိုတယ်ကြီးမှာ အထပ်တခုလုံး နှစ်ပေါက်ငှားပြီး လုပ်နိုင်ခဲ့တဲ့ NGO အဖွဲ့ရဲ့ နောက်ခံငွေကြေးကို အောင်ဒင်လို ပြည်ပြေးက ဘယ်လို ရှာလာသလဲ တွေးစရာပါ ။ 

       မိုးသွေးတို့ လုပ်ခဲ့တဲ့ ယောမင်းကြီးဇရပ် ၊ ဒေါက်တာကျော်သူရဲ့ ပေါင်းကူး ၊ နောက်ဆုံး အသုဘကျော်သူရဲ့ နာကူကအစ တပ်မတော်မုန်းတီးရေး ယဥ်ကျေးမှု ချေမှုံးရေးတွေကို လုပ်ခဲ့ကြပါတယ် ။ 

        အာဏာထိမ်းသိမ်းခံရပြီးနောက် NUG စတင်ဖွဲ့စည်းကြရာမှာ နောက်ကွယ်က ပံ့ပိုးချိတ်ဆက်ပေးခဲ့ကြတာ မိုးသွေး အောင်ဒင် ဒေါက်တာကျော်သူ (ပေါင်းကူး) တို့ရဲ့ စနက်တွေ ပါနေတာ လူသိနည်းပါတယ် ။ 

        အဲဒီလူတွေက တသက်လုံးက နောက်ကွယ်အမှောင်ထဲကနေ လူသူမသိအောင် နေထိုင်လုပ်ကိုင်နေကြတော့ နီပိတ်တွေရဲ့ အသိဥာဏ်အဆင့်နဲ့ ဘယ်သိကြပါ့မလဲ ။

       အခုဆိုရင် NUG ရဲ့ လက်တွေ့မပါတဲ့ လေလုံးထွားနေတာတွေ ၊ PDF တွေရဲ့ ရက်စက်ယုတ်မာတဲ့ သတ်ဖြတ်မှုတွေကြောင့် ပြည်သူတွေ ရွံရှာစက်ဆုပ်လာနေပြီး တပ်မတော်ရဲ့ ပြင်းထန်တဲ့ ထိုးစစ်အောက်မှာ ကျဆုံးတော့မှာကို ရိပ်မိနေတဲ့ မိုးသွေး တို့ ညိုထွန်းတို့က ဒါမျိုးတွေ မလုပ်ကြဖို့ တိုက်တွန်းကြပါတယ် ။ 

       နောက်ပြီး NUG ရဲ့ ကြောက်ချီးပန်း မြေပြင်လုပ်ငန်း မပါဝင်တာတွေကို ဝေဖန်ထောက်ပြနေကြပါတယ် ။ နီပိတ်လေးတွေခမျှာ သူတို့ ဘုရားတဆူ ဂူတလုံးလုပ်နေတဲ့ NUG ကို ဝေဖန်ရမလား ဆိုပြီး မိုးသွေးကို ဆဲနေကြလေရဲ့ ။ မင်းက ပူးသတ်လို့တောင် စွတ်စွဲနေကြလေရဲ့ ။ 

        မိုးသွေးလို လူသိနည်းတဲ့သူက fb bluemark ရနေတာ ဘာကြောင့်လဲ နီပိတ်တွေ မသိကြဘူးလေ ။ မိုးသွေးတို့လို အရေးကြီးတဲ့ ဂျိတ်ဆက်တွေက NUG ကို မယုံကြည်တော့ဘူးဆိုတာ သေချာပါတယ် ။ 

       သို့သော် အခြားအစားထိုးရမယ့် ခပ်ကြောင်ကြောင်ဇော်ဝေစိုးလိုလူ နဲ့ ဆာဆာလို အဂ်လန်နောက်ခံလူစား မရှိလေတော့ သည်းခံနေရပုံပါပဲ ။ 

         နောက်ဆုံးကောက်ချက်ချရရင် သဘာရင့် ဝါရင့် အဆက်အသွယ်ကောင်းလှတဲ့ နောက်ကွယ်က လက်မည်းတွေ ဖြစ်တဲ့ အောင်ဒင် ၊ မိုးသွေး ၊ ဒေါက်တာကျော်သူ ၊ ညိုထွန်း တို့ အုပ်စုနဲ့ မိုက်ရူးရဲ PDF လေလုံးထွား NUG တို့ ဇာတ်ခေါင်းကွဲတော့မယ်လို့ တွက်ဆမိပါတယ် ။ 

          ကိုရွှေမျိုးဝင်း

https://m.facebook.com/story.php?story_fbid=10226669634638199&id=1568264287

https://m.facebook.com/story.php?story_fbid=10226669466153987&id=1568264287

(လက်မည်းတွေရဲ့ ဘဝနဲ့တူတယ် ။ ငွေကုန်ခံပြီး KTV သွားပါတယ် ဆိုမှ သူတို့စိတ်ကူးထားတဲ့ KTV က ကောင်မလေး နဲ့ တကယ်ရောက်လာတာနဲ့က ဒီလို ဖြစ်နေလေတော့........)