သမာသမတ်ကျတဲ့ မီဒီယာတွေ က သတင်းကို သတင်းပုံစံ နဲ့ ကြားချရေးနေချိန် မျိုးမှာ ကျင့်ဝတ်မရှိတဲ့ မီဒီယာတွေက သတင်းမှားတွေဖော်ပြပြီးအင်တိုက်အားတိုက်ကို တိုက်ခိုက်နေခဲ့ကြတယ် ။ ဒီအပေါ်မှာလည်း ကိုယ့်ဘက်က တုန့်ပြန်မှုတွေက လေးဖင့်နေခဲ့ကြတယ် ။ မီဒီယာကို မီဒီယာနဲ့ ပြန်မတိုက်နိုင်တာကလည်း သတင်းအမှားကို အမှန်လို့ ထင်စေသလို လူသေမှု၊ အထူးသဖြင့် အီမိုးရှင်းဖြစ်ရတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ရင် ချက်ခြင်း Respond မလုပ်နိုင်တာ၊ မဖြေရှင်းနိုင်တာက ကိုယ်တွေ အဓိက ဖြေရှင်းသင့်တဲ့ ပုစ္ဆာတစ်ခု လို့ မြင်မိတယ်။
၂။မနေ့က မန္တလေး ၊ ချမ်းမြသာစည် ၊အောင်သာယာရပ်ကွက် က အုပ်ချုပ်ရေးမှူး ရုံးမှာ လက်ပစ်ဗုံး နဲ့ တိုက်ခိုက်ခံရတယ် ။ အဲဒီလက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှု ကြောင့်ပဲ အပြစ်မဲ့တဲ့ အသက် ၅ နှစ်အရွယ်ကလေး အသက်ပေးခဲ့လိုက်ရတယ် ။ ဒီသတင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး သူတို့ဘက်က မီဒီယာတွေမှာ လက်ပစ် ဗုံးနဲ့ အတိုက်ခံရတဲ့အပေါ်ကို ဖိဖိဖော့ဖော့ရေးသွားသလို တပ်က ပစ်လိုက်တဲ့ ကျည်ဆံကြောင့် သေတယ်ဆိုပြီး Hightlight လုပ်ပုံဖော်ခဲ့ကြပေမဲ့ ဒီဖြစ် စဉ် အပေါ်မှာ ကိုယ်တွေဘက်က တုန့်ပြန်မှုက အားနည်းခဲ့တာတွေ့ရတယ် ။ အရပ်စကားနဲ့ပြောရရင် မိအေး နှစ်ခါ နာရတဲ့ပုံစံ ကြုံရတယ် ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးလည်း ဗုံးနဲ့တိုက်ခိုက်ခံရသလို ဘေးမှာရှိနေတဲ့ ကလေး သေဆုံးမှုမှာလည်း စွပ်စွဲခံခဲ့ကြရတယ် ။
၃။မနေ့ကလည်း ဒုံးတောဖြစ်စဉ်နဲ့ပတ်သက်ပြီး ကြည့်သူ/မြင်သူတွေအတွက် စိတ်အီမိုးရှင်းများစေတဲ့ သတင်းမှားတွေကသာ လူမှုကွန်ရက်တွေမှာ လွှမ်းခြုံနေခဲ့တာတွေ့ရတယ် ။ ဒီမနက်မှာလည်း လမ်းမတော် ၉ ရပ်ကွက်မှာ ဈေးရောင်းနေတဲ့ အမျိုးသမီး ၂ ဦးကို အကြမ်းဖက် PDF တွေက သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ် ။ ထုံးစံအတိုင်း သတင်းမှားတွေကသာ စောစော စီးစီး နေရာယူခဲ့ကြတယ်။
၄။သတင်းမှားတွေကို ချက်ခြင်း မတုန့်ပြန်ဘဲ တိတ်ဆိတ် နေရင် "ဟုတ်လား မသိဘူး" ဆိုတဲ့ ဟုတ်လိမ့်နိုးနိုး စိတ်တွေနဲ့ ကြားပြည်သူတွေ ဝိဝါဒ များသွားကြလိမ့်မယ်။ အမုန်းစိတ်ကြီးထွားလာကြလိမ့်မယ်။ သံသယတွေ ပိုပြီး များလာကြလိမ့်မယ် ။ မုသား ကမ္ဘာမပတ်ခင် အမှန်တရားကို ချက်ခြင်း Respond လုပ်နိုင်မှသာ မလိုလားအပ်တဲ့ ပြသနာတွေကို ကာကွယ်နိုင်မှာဖြစ်တယ်ဆိုတာ ကျနော်တို့ သတိချပ်ဖို့လိုနေပြီဖြစ်ပါတယ် ။
#ဖိုးစီ