. 14-12-2021 မှာ လေးကေကော်ရှိ ဝရမ်းပြေး PDF များအား ဝင်ရောက်ဖမ်းဆီးရာ ဝေလင်းအောင် (NLD အမတ်ဟောင်း) အပါအဝင် လူပေါင်း ၅၀ ကျော်အား ဖမ်းဆီးနိုင်ခဲ့ပါတယ် ။
. ဒီကိစ္စနဲ့ ပတ်သက်ပြီး NUG ရဲ့ ပေးစာကမ်းစာ နဲ့ မကင်းသော ကျော်သက်အဖွဲ့မှ ပစ်ခတ်တုန့်ပြန်လို့ တိုက်ပွဲဖြစ်ကြပါတယ် ။ ဒီတော့ ထုံးစံအတိုင်း အေးချမ်းစွာနေခဲ့ရတဲ့ ဒေသခံတွေ စစ်ဘေးဒုက္ခသည်အဖြစ် ပြေးကြရပြန်ပါတယ် ။
ကျား ၈၉၄ ဦး ၊ မ ၉၀၁ ဦး ၊ ကလေး ၇၈၉ ဦး ၊ ဒီ ၁၇ ရက်ထိ ပေါင်း ၂၅၉၃ ဦးရှိပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ထဲ ရောက်ရှိနေပြီလို့ ကြေညာထားပါတယ် ။
တပ်မတော်သား ၆ ဦး bgf ၂ ဦး ပေါင်း ၈ ဦးကို ဖမ်းမိထားကြောင်း နဲ့ တပ်မတော်မှ ၂၀ ကျော် ကျဆုံးကြောင်း တဖက် မီဒီယာများမှ ဖော်ပြနေကြပါတယ် ။ ဓာတ်ပုံ သတင်းများအရ ကျဆုံးပုံတွေဟာ အတုအစစ် ခွဲရခက်ခဲပါတယ် ။ ခေတ်သစ်ဆိုတာကလည်း တသက်လုံး လိမ်နေတဲ့ မီဒီယာကိုးဗျ ။
ဒီဖက်ကလည်း မဟုတ်ပါဘူးဆိုပြီး ငြင်းဆိုနေတာ တွေ့ရပြန်ပါတယ် ။ နှစ်ဖက် သတင်းများအရ တပ်သား ၈ ယောက် ဖမ်းဆီးခံရတာ နဲ့ ကျဆုံး စစ်သည်တွေ အတွက် စိတ်ထိခိုက်နေတဲ့ တပ်မတော်ထောက်ခံသူတွေကတော့ တပ်ချုပ်ကြီးကို ဆဲနေကြပါတယ် ။
အမှန်က တပ်ကြပ်ကြီးနဲ့ ခြောက်ဦး BGF မှ ရဲဘော် နှစ်ဦးတို့ဟာ နှစ်ဖက်ညှိနှိုင်းပြီး အလောင်းကောက် အသွား ညစ်ပတ်ပြီး ဖမ်းဆီးထားကြခြင်းပဲ ဖြစ်ပါတယ် ။ တိုက်ပွဲကာလ အဖမ်းခံရတာမဟုတ်ပါဘူး ။
ယခု လေးကေကော် အုပ်ချုပ်ရေးအဖွဲ့ထံ ပြန်ရောက်နေပါပြီ ။ တပ်မတော်ကတော့ တိုက်ခိုက်ရေး တပ်မတွေ ထပ်ထည့်နေတာ တွေ့ရပါတယ် ။
ဒေသတည်ငြိမ်ရေးအတွက် KNU အပေါ်မှာပဲ မူတည်နေပါတယ် ။ တပ်မတော်ကတော့ တချိန်က ဖလူးစခန်းတိုက်ပွဲနဲ့ နှိုင်းယှဥ်ရင် အခုချိန် သွေးပူလေ့ကျင့်ခန်း အဆင့်မို့ အဆင်သင့် ပြင်ဆင်ထားပါပြီ ။
တိုက်ပွဲဆိုတာ အထိအခိုက်ရှိကြမှာပါပဲ ။ ဒီတော့ မီဒီယာ အလိမ်အညာတွေ ရဲ့ မိုးလုံးပြည့် မုသာဝါဒီ အောက်မှာ ခံစားချက် ပြင်းထန်မနေကြပါနဲ့ ဗျာ ။