Friday, December 17, 2021

လေကြောင်း စိုးမိုးရေး


      1954 မှာ တရုတ်ဖြူတွေက အမေရိကန်အားကိုးနဲ့ မြန်မာပြည်ကို ကျူးကျော်လာကြတယ် ။ သူတို့ရဲ့ မြေအောက် ကတုတ်ကျင်း ဘန်ကာတွေကို ဖြိုချဖို့ ဒုံးကျည်တပ်ဆင်နိုင်တဲ့ လေယာဉ်တွေ လိုအပ်နေပြီ ။ 

       မြန်မာပြည်မှာ မရှိသေးလို့ ဒုံးကျည်တပ်ဆင်နိုင်တဲ့ စပစ်ဖိုင်းယား မူရင်းထုတ်လုပ်သူ အင်္ဂလန်မှာ စစ်ကျန် အဟောင်းလေးတွေ ရောင်းပေးပါ ဆိုတော့ မရောင်းပေးပဲ လွတ်လပ်ရေး ယူချင်အုံးလေ ဆိုပြီး လှောင်ပြောင်ခဲ့တယ် ။ 

      မိတိဆွေအသစ် စက်စက် အစ္စရေးက မြန်မာတွေ လိုအပ်နေတဲ့ စပစ်ဖိုင်းယား အစီး ၃၀ ကို လက်နက်ခဲယမ်း အပြည့်အစုံ အပိုပစ္စည်း များစွာ နဲ့ စျေးနှုံးချိုသာစွာ ရောင်းပေးခဲ့တယ် ။ 

      နဝတ ခေတ်ဦးမှာ မြန်မာကို ပမာမခန့် နဲ့ လေကြောင်းအသာစီးရထားတယ် ဆိုပြီး ထိုင်း ဂျက်တိုက်လေယာဉ်တွေ နယ်စပ်ဖြတ်ကျော် ရန်စတာကို အံကြိတ် ကြည့်နေခဲ့ရဖူးတယ် ။ 

     တနေ့ ဦးသန်းရွှေက စစ်ရုံးမှာ တာဝန်ကျတဲ့ အမေရိကန်ပြန် ထောက်လှမ်းရေး အရာရှိကို ပြောလိုက်တယ် ။ 

"ဟေ့ကောင် မင်း တရုတ်ကို လိုက်သွားရမယ် ငါ ဂျက်လေယာဉ်ပျံ ဝယ်ထားတယ် သွားပြီး လေ့လာ ခဲ့ "

         တရုတ်ကို လိုက်သွားရတဲ့ ထောက်လှမ်းရေး အရာရှိက လေယာဉ်တွေ စစ်ဆေးပြီး ပြန်လာတော့ သိပ်မကြည်ဖူး ဖြစ်နေပါတယ် ။ တနေ့ ဦးသန်းရွှေ နဲ့ ၂ ယောက်တည်း စကားပြောဖြစ်တော့

"ဟေ့ ကောင် အမေရိကန်ပြန်ကြီး ငါ ဝယ်ပေးတဲ့ F 7 ဂျက်တွေ ဘယ်လိုလဲ ကွ"

"မကြိုက်ဖူး အဘတပ်ချုပ်ကြီး MIG 21 အစုတ် ကော်ပီတွေပဲ ခေတ်မရှိတော့ဘူး"

         ဦးသန်းရွှေက သူပြောတာကို ကွမ်းတမြုံ့ မြုံ့ နဲ့ ဝါးရင်း ပြုံးပြီး နားထောင်နေတယ် ပြီးတော့မှ ပြန်ပြောတယ် 

"အင်း မင်းက အမေရိကန်ပြန် ပီသပါ့ကွာ ဟကောင်သူဌေးသားရေ ငါတို့က ဆင်းရဲတဲ့ နိုင်ငံကွ ဂျက်တိုက်လေယာဉ်တစင်းကို ဒေါ်လာ သုံး / လေး သိန်း နဲ့ ရောင်းတာ တရုတ်ပဲ ရှိတယ် ကွ မင်းတို့ ဂျက်အင်ဂျင် ဆူပါဆောနစ် စနစ်တွေနဲ့ ရင်းနီးအောင် လေ့ကျင့်ကြအုံးလေ လူသာမစေကြနဲ့ ပျက်ရင် လွှင့်ပစ်လိုက် နောက် မင်းတို့ ကျွမ်းကျင်ပြီးမှ ခေတ်မှီတာတွေ ဝယ်တာပေါ့ကွာ ကဲ သိပြီလား သူဌေးသား "

       အဲဒီလိုပြောခဲ့တဲ့ ကာလတုန်းက မြန်မာ့လေတပ်မတော်မှာ MIG 29 B / UB 12 စင်း ၊ F 7 တစ်ဒါဇင်ကျော် ၊ A 5 အနည်းငယ် နဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ် အစုတ် နည်းနည်းပဲ ရှိသေးတဲ့ ကာလဖြစ်ပါတယ် ။ 

      မြန်မာ့လေတပ်ဟာ ဦးသန်းရွှေ စျေးပေါပေါ နဲ့ ဝယ်ပေးခဲ့တဲ့ အပေါစား F7 ဂျက်လေးတွေကို အစ္စရေး အကူအညီနဲ့ အဆင့်မြှင့်ပြီး လေ့ကျင့်ရင်း တိုက်ရင်းလေ့ကျင့်လိုက်တာ အတော်လေး အသားကျသွားပါပြီ ။ လေ့ကျင့်သားဝချိန်မှာတော့ ဘရွှေက အားလုံးဝမ်းသာသွားအောင် လက်ဆောင်ပေးပါတော့တယ် ။ 

      2009 ဒီဇင်ဘာလထဲမှာ MIG 29 လေတပ်အတွက် အစင်းရေ 20 ၊ ဒေါ်လာ 570 သန်း တန်ဖိုးရှိတဲ့ စာချုပ် နဲ့ ချုပ်ဆို ဝယ်ယူခဲ့ပါတယ် ။ ထုံးစံအတိုင်း တရစ်ခြင်း ပို့ဆောင်ခဲ့ရာ 2013 မှာ အစင်း ၂၀ လုံး လက်ခံရရှိခဲ့ပါတယ် ။
 (2017 မှာတော့ MIG 29 တွေကို MIG 29 SM အဆင့်မြှင့်ပေးခဲ့ပါတယ်)

      2010 မှာတော့ ခေတ်မမှီတော့တဲ့ PT6 လေ့ကျင့်ရေး လေယာဉ်တွေအစား Grob G1 20 TP လေ့ကျင့်ရေးလေယာဉ်သစ် အစင်းရေ 20 ဝယ်ယူခဲ့ပါတယ် ။ ဂျာမဏီထုတ် လေ့ကျင့်ရေးတိုက်လေယာဉ်ဟာ အမေရိကန် နဲ့ အင်္ဂလန်ကပါ ဝယ်ယူပြီး သုံးစွဲနေရတဲ့ ထိပ်တန်းအဆင့် နောက်ဆုံးပေါ် လေယာဉ်တွေ ဖြစ်ပါတယ် ။ 

        အဲဒီနောက် လေသူရဲသင်တန်းသား သစ်များ များစွာ မွေးထုတ်ပေးနိုင်ဖို့ အတွက် ရုရှားရဲ့ Yak 130 လေ့ကျင့်ရေးလေယာဉ် 18 စင်း ထပ်မံဝယ်ယူခဲ့ပါတယ် ။ များပြားလာမယ့် လေသူရဲသစ်များအတွက် အမျှော်အမြင်ကြီးမားတဲ့ တပ်မတော်ဟာ ထင်မှတ်မထားတဲ့ အကွက်တခုကို လုပ်ပြခဲ့ပါတယ် ။ 

      အဲဒါကတော့ K8W ဂျက် လေ့ကျင့်ရေးတိုက်လေယာဉ်တွေကို ပြည်တွင်းမှာ ထုတ်လုပ်ပြခဲ့ခြင်းပဲ ဖြစ်ပါတယ် ။ ဒေသတွင်း ပြိုင်ဖက်တွေအတွက်တော့ ထိတ်လန့်ဖွယ် သတင်းဆိုးဖြစ်ပြီး မြန်မာ့လေတပ်မတော်အတွက်တော့ ဂုဏ်ယူဖွယ် မင်္ဂလာ သတင်းကောင်းကြီး ဖြစ်ခဲ့ရပါတယ် ။ 

       K8W ထုတ်လုပ်တဲ့ တရုတ် ၊ ပါကစ္စတန် ၊ အီရန် နဲ့ မြန်ာ လေးနိုင်ငံ အနက် မြန်မာကတော့ K8W တွေကို လေ့ကျင့်ယုံတင်မကဘူး သောင်းကျန်းသူတန်ပြန် နှိမ်နင်းရေးအတွက် အပေါ့စားတိုက်ခိုက်ရေး လေယာဉ်အဖြစ် စွမ်းဆောင်နိုင်အောင် ပြုပြင်အသုံးချခဲ့တာ ထူးခြားမှုပါပဲ ။ ယခုထိ ပြည်တွင်းထုတ် K8W 38 စင်း ထုတ်လုပ်ပြီးသွားပါပြီ ။ 

      F7 နဲ့ A 5 တွေကို အနားပေးဖို့ MIG 29 တွေ ဝယ်ယူခဲ့ရုံမကပါဘူး မြန်မာ့ရေမြေနဲ့ ကိုက်ညီတဲ့ JF 17 BLK 2 တိုက်လေယာဉ် 16 စင်းလည်း ထပ်ဝယ်ပါတယ် ။

      JF 17 တွေဟာ ခေတ်မှီပဲ့ထိမ်းလက်နက်စနစ် ပါဝင်တဲ့အတွက် အပေါ့စားတိုက်ခိုက်မှုတွေသာ မကဘူး မြေပြင်တိုက်ခိုက်ရေးကိုပါ ထိရောက်စွာ တိုက်ခိုက်နိုင်တာမို့ မြန်မာ့လေတပ် အတွက် မြင်းကို ဂြိုလ်တပ်ပေးသလို ဖြစ်သွားရပါတယ် ။ 

     JF 17 တွေမှာ C 802 AK သင်္ဘောဖျက်ဒုံးကျည်စနစ်ပါ ပါဝင်နေလို့ ပင်လယ်ပြင်စိုးမိုးရေး အတွက် မင်းရဲသိင်္ခသူနဲ့ အတူ အချိုပေါ် သကာလောင်းနိုင်မယ့် တိုက်လေယာဉ်ပဲ ဖြစ်ပါတယ် ။

     အဲဒါတွေထက်ပိုပြီး အားရဖွယ်ရှိတာကတော့ 2017 တုန်းက စာချုပ်ခဲ့တဲ့ SU 30 SME ၆ စင်းကတော့ ပြိုင်ဖက်တွေတွက် ပွဲသိမ်းလက်သီးတစုံလို့ ဆိုရပါမယ် ။ မကြာမှီမြန်မာ့ဝေဟင်မှာ မြင်တွေ့ရပါမယ် ။

      ကျယ်ပြန့်များပြားလှတဲ့ SU 30 SME ရဲ့ စွမ်းရည်ကိုတော့ သီးခြားပို့စ်ရေးမှ တိကျ ပြည့်စုံစွာ သိရမှာပါ ။ 

    တပ်မတော်လေ ကတော့ တိုက်လေယာဉ်တွေ များလာတာနဲ့ အမျှထောက်ပံ့ရေးလေယာဉ်တွေ လည်း ချန်မထားပဲ အားဖြည့်နေပါတယ် ။ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် နဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေလည်း နောက်ကျမကျန်အောင် ဖြည့်တင်းနေကြပါတယ် ။

     လက်ရှိမြန်မာ့တပ်တော်မှာ တရားဝင် အရောင်းအဝယ်စာချုပ်တွေ နဲ့ လူသိထင်ရှား ဝယ်ယူထားတဲ့ လေတပ်အင်အား ကတော့ 

SU 30 SME = 6 
JF17BLK2 = 16
MIG 29 SM = 22
YAK 130 = 16
K8W = 38
G120 TP = 20
ATR42 500MAP = 2
ATR42 500 = 4
Beechcraft1900 = 8
Mi 35 P = 12
Mi 17 = 6
AS 365 = 6  
Eurocupter
Ec 120 = 3

      73 နှစ်မြောက် တပ်မတော်လေ နေ့မှာ တပ်တော်ဝင်တာက 

G120 TP 2 စင်း
Y 12 2 စင်း
Beenchcraft 1 စင်း

   တပ်တော်ဝင်ခဲ့ပါတယ် ။ 

    ဂျော်ဒန်ကနေ 2019 ဇွန်လတုန်းက ရောင်းမယ်လို့ ကြေငြာထားတဲ့ C 295 ကို မြန်မာက ဝယ်လိုက်ပါတယ် ။ ပြည်တွင်း ပြည်ပ အဖျက်သမားတွေ ငယ်သံပါအောင် အော်နေကြပါတယ် ။ ဘာကြောင့် အော်နေကြသလဲ ? 

- ကုန်အများကြီး တင်နိုင်တယ် 

- နယ်စပ်က ပြေးလမ်းတိုတဲ့ လေယာဉ်ကွင်းငယ်တွေမှာ တက်ဆင်းလုပ်နိုင်တယ်

- လေထီးစစ်သည် ၅၀ ကျော် သယ်နိုင်တယ်

- လိုအပ်ရင် တိုက်ခိုက်ရေး လက်နက်တပ်ဆင်နိုင်အောင် ထုတ်လုပ်ထားတယ် 

     ဒီတော့ မြန်မာ့တပ်မတော် စွမ်းဆောင်ရည် မြင့်မားအောင် လုပ်နေတာကို မလိုလားတဲ့ ပြည်တွင်းပြည်ပက ခွေးလိုကောင်တွေ ဟောင်နေကြတယ် ဒါပဲ ဗျ ။ ဘင်္ဂလားမှာတောင် အဲဒီလေယာဉ် တစင်းပဲ ရှိတယ်လို့ ကြားသိရပါတယ် ။ 

......နောက်ဆုံး အချက်တခုတင်ပြချင်တာကတော့ ရုရှားရဲ့ SU 57 မိတ်ဆက်ကြော်ငြာပွဲမှာ မြန်မာ့တပ်မတော် လေ တပ်သားတဦး ပါဝင်ထည့်သွင်း ရိုက်ကူးပြသွားတဲ့ အချက်ပဲ ဖြစ်ပါတယ် ။

         အဲဒီလို ထည့်ရိုက်ခွင့်ရှိတာ ဒီလေယာဥ် ထုတ်လုပ်ဖို့ အတွက် ရင်းနှီးငွေ အချိုးကျ ထည့်ဝင်ထားလို့ ဆိုပြီး လက်နက်ရေးကာ ကျွမ်းကျင်သူများက ပြောကြပါတယ် ။ ဒါဆိုရင် မြန်မာ့တပ်မတော်သည် နောက်မကြာခင် ကာလများမှာ SU 57 တွေ နဲ့ ကျောရိုးထား ဖွဲ့စည်းနိုင်တော့မယ့် ကာလ မဝေးတော့ပါဘူး ။

            ဒီလောက်ငွေတွေ သုံးနေတာ ဘက်ဂျက်တွေ ကုန်မှာပေါ့လို့ မတွေးပါနဲ့ ။ အခုလို စဥ်ဆက်မပျက် ဝယ်ယူထားနိုင်တဲ့ အဓိက ဝင်ငွေက ခင်ဗျားတို့ နာမည်ဖျက်နေတဲ့ MEC ရဲ့ အမြတ်ငွေတွေ နဲ့ တိုင်းပြည်ကာကွယ်ရေး အတွက် သုံးစွဲနေကြတာပါ ဗျာ ။ 

     ကဲ ၇၄ နှစ်မြှောက် တပ်မတော်လေ အတွက် စုဆောင်းမိတဲ့ အချက်တွေနဲ့ ဂုဏ်ပြုရင်း ထပ်မံတင်ဆက် ရေးသားလိုက်ပါပြီ ။ 

     စစ်သားကြီးတွေဖြစ်တဲ့ ဘရွှေ နဲ့ ရွှေဘ တို့ ဆရာတပည့် နှစ်ဦးလုံးကတော့ တပ်မတော်တွက် အစိမ်းရောက်ဝတ်ဆင်ပြီး အပိုမပါပဲ လက်တွေ့ကျတဲ့ လေစိမ်းတိုက် စကားတွေနဲ့ ဆောင်ရွက်ခဲ့တာ မျက်မြင်ပါပဲ ။ 

 မှတ်ချက် ။ ။ ယခု အင်အားစာရင်းများသည် တရားဝင် မီဒီယာများ သိရှိပြီး စာရင်းများသာ ဖြစ်ပါတယ် ။ အများသူငါ မသိထိုက်သော စာရင်းများ လုံးဝ မပါရှိသေးပါဘူး ။ 

        ကိုရွှေမျိုးဝင်း

အကောင့်သစ်ပါဗျာ

https://www.facebook.com/profile.php?id=100075870618517