Friday, December 17, 2021

သတင်းရေစီး ကောက်ချက်များ


           တရုတ်က အားကစားရုံ အမှတ် ၁ ကို ပြင်ဆင်ပေးလိုက်တဲ့ သတင်းနဲ့တဆက်တည်း တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ ကျပ် နဲ့ ယွမ် ကို တရားဝင်လဲလှယ် သုံးစွဲခွင့် ပြုကြောင်း မြန်မာအစိုးရက ကြေညာလိုက်ပါတယ် ။ 

(ဒီသတင်းက တရုတ် မြန်မာ ဆက်ဆံရေးအတွက် စိုးရိမ်မကင်းဖြစ်နေသော နိုင်ငံရေးလေ့လာသူတွေအတွက် စိတ်သက်သာရာ သတင်းဖြစ်ပါတယ် ။ ဒီထက်မက တွေးကြည့်မိတာကတော့ မြန်မာကို တသက်လုံးက ဒုက္ခပဲပေးလာတဲ့ အမေရိကန် ဒေါ်လာ၏ နိဂုံးရဲ့ အစလို့တောင် ယူဆလို့ ရနေပါတယ် )

        နောက်သတင်းတခုကတော့ ဆေးတက္ကသိုလ်ဝင်ခွင့် ပုံစံပြောင်းလိုက်ပါပြီ ။ ယခင်လို ဘာသာစုံ အမှတ်အများဆုံး ရတဲ့သူတွေချည်း ရွေးခေါ်တာ မဟုတ်တော့ပဲ အဂ်လိပ် ၊ ဇီဝ ၊ ဓာတု အမှတ်ကောင်းရင် ဆေးတက္ကသိုလ်ဝင်ခွင့် ရပါတော့မယ် ။ 

      နောက်တချက်က နိုင်ငံတော်က အကုန်အကျခံပြီး သင်ကြားပေးကာ အနည်းဆုံး ဆယ်နှစ် နိုင်ငံ့တာဝန် ထမ်းဆောင်ရမယ်လို့ ဆိုပါတယ် ။ 

(ဒီသတင်းကတော့ 62 % သွေးနှောတွေ လက်ဝါးကြီးအုပ်ထားတဲ့ မြန်မာ့ဆေးလောက အတွက် မဂ်လာသတင်းကောင်းပဲ ဖြစ်ပါတယ် ။ ကျနော်တို့ အားလုံး ဖြစ်စေချင်တဲ့ မြန်မာတိုင်းရင်းသား စစ်စစ် ဖြစ်ရမည်ဆိုတဲ့ ကန့်သတ်ချက်က နိုင်ငံတကာအမြင်ကောင်းအောင် ထည့်မထားဟန် ရှိပါတယ် {ဝင်ခွင့်စီစစ်သူတို့ တာဝန်ဖြစ်သွားပါပြီ} ၊ ဘာပဲပြောပြော အနာဂါတ် ဆေးလောကအတွက် ဝိုင်းဝန်းလှုံ့ဆော်သူတွေရဲ့ အောင်ပွဲ နဲ့ နိုင်ငံတော်ရဲ့ အမျှော်အမြင်ကြီးမှုလို့ ဆိုရပါမယ်)

           နောက် မြန်မာ့မီးရထားဌာနမှ စျေးနှုံးသက်သာစွာနဲ့ အမြန်ရထားများ (တတ်နိုင်သလောက်) ပြန်လည်ပြေးဆွဲနေပါပြီ ။ 

(အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသော မီးရထားလုပ်ငန်း ရာနှုံးပြည့် ပြေးဆွဲနိုင်ဖို့ လိုအပ်သော ဝန်ထမ်းများ အလျှင်အမြန် ခန့်အပ်ရန်လိုအပ်ချက်ဖြစ်ပေါ်နေပြီး ရန်ကုန်မြို့ပတ်ရထား ရပ်ဆိုင်းထားရမှုအတွက် အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးရန် အရေးကြီးနေပါသေးတယ်)

         နောက်သတင်းက လေးကေကော် သတင်းပါ ။ လေးကေကော်ကို လွတ်မြောက်နယ်မြေဆိုပြီး PDF နဲ့ ပေါလောကသားတွေ ခိုလှုံနေတယ်တော့ ကျနော် အံ့သြမိပါသေးတယ် ။ လေးကေကော်ဆိုတာ မြဝတီမြို့ကနေ ကားနဲ့ ခပ်သွက်သွက် မောင်းသွားရင်ပဲ ၁၅ မိနစ်ဆိုရောက်ပြီဗျ ။ 

         တောင်ကုန်းတခုလုံးကို အလှပန်းပင်တွေနဲ့ မွမ်းမံထားတဲ့ ကြည်နူးဖွယ်ဗျူးတောင်ကုန်းလေး ကျော်သွားရင် မြန်မာ့တပ်မတော် တပ်စခန်းတခုလည်း ရှိပါတယ် ။ 

     ပြောချင်တာက လေးကေကော်ဆိုတာ မြန်မာ့တပ်မတော်ရဲ့ အမြှောက်တကမ်းတောင် မရှိတဲ့ မြဝတီမြို့အနီးက အေးချမ်းတဲ့ ဒေသအသစ်လေးပါ ။ အဲဒါကို လွတ်မြှောက်နယ်မြေဆိုပြီး လေကျယ်နေတာ တွေ့ခဲ့လို့ အင်းးးး ကျားသနားလို့ နွားချမ်းသာတာ သူတို့မသိပဲ ပျော်နေပါလားလို့ တွေးမိပါသေးတယ် ။ 

      မနေ့ကတော့ PDF တို့ ပွဲပျက်သွားရပြီပေါ့ ။ ဘာပဲပြောပြော မြဝတီလို မြို့နားကနေ သာသာယာယာ ပြည်ဖျက်လုပ်ငန်းတွေ မလုပ်နိုင်တော့တာပဲ ဝမ်းသာရမယ့် အခြေအနေဖြစ်ပါတယ် ။ 

( ဥပဒေ စိုးမိုးလာခြင်းရဲ့ ပြယုတ်ဖြစ်ပြီး PDF တို့ရဲ့ အိပ်မက်ပျက်ရတဲ့ ပွဲစဥ်မို့ သတင်းကောင်း ဖြစ်ပါတယ် ။၂၀၂၁ ရဲ့ ၅ လပိုင်းကမှ လေးကေကော်ဆီကို သုံးကြိမ်ရောက်ဖူးခဲ့ပါတယ် ၊ မြဝတီရဲ့ ဖက်ထမင်း နဲ့ လေးကေကော်သွား လမ်းဘေးက ကြက်ကြော်ကဖြင့် ကျနော် မြန်မာပြည်ပတ်ပြီး စားဖူးသမျှထဲမှာ အကောင်းဆုံးလို့ ချီးမွမ်းချင်ပါတယ်) 

           နောက်သတင်းက PDF တွေ လက်နက်မချရင် ပြည်သူ့စစ်ဗျူဟာ နဲ့ ချေမှုံးခြင်းခံရမယ်လို့ ပြောသွားပါပြီ ။ ကျနော်တို့အားလုံး ငယ်သံပါအောင် အော်နေရတဲ့ အချက်တွေဖြစ်ပါတယ် ။

(ယခုလို တရားဝင် ထုတ်ပြောလာတာကြောင့် ငြိမ်ဝပ်ပိပြားရေးအတွက် ဘုရားဒကာကြီး အားထည့်လာပြီလို့ ယူဆပြီး ဝမ်းသာရပါတယ် ။ အခုမှ ကွာ လို့ အပြစ်မတင်ကြပါနဲ့ လုပ်မယ်ပြောတာကိုက သတင်းကောင်းတခုပါ ဗျာ)

          နောက်ထပ်သတင်းက ဒေါ်စုကြည်သည် ယခုလို PDF တွေ သောင်းကျန်းမှုအပေါ် တားမြစ်ခြင်းပြုလိုပါက သူမရဲ့ ရှေ့နေများက တဆင့် ပြောကြားတားမြစ်ခိုင်းရင် ရပါလျှက်နဲ့ မတားမြစ်ခဲ့ဖူးလို့ တပ်ချုပ်ကြီးက ပြောသွားပါတယ် ။ 

(ဒီစကားကြားလိုက်တော့ အံ့သြ သွားရပြန်ပါတယ် ။ ဒေါ်စုကြည် မြန်မာပြည်စရောက်ကတည်းက ပြည်ဖျက်ဖို့ အခိုင်းခံနေရတဲ့ နယ်ရုပ်တရုပ်ဆိုတာ အခုထိ လက်မခံသေးတာလို့ မေးခွန်းထုတ်ရမလိုပါပဲ ။ တိုင်းပြည်ကို စနစ်တကျဖျက်ဆီးနေတဲ့ အဓိက ရန်သူဟာဒေါ်စုကြည်ပါခင်ဗျာ ၊ သူက တိုင်းပြည်ကို တဖက်တလမ်းက ကူညီနေမယ် ထင်နေရင်တော့ အများကြီးလွဲနေပါပြီ ။ ဖျက်ရမှာ သူ့အလုပ် ပြတ်ပြတ်သားသား ကာကွယ်ရမှာ တပ်မတော်အလုပ်ဗျ ၊ သူခိုး ဒါးရိုးကမ်းမနေပါနဲ့တော့ ဗျာ)

         နောက်ထပ် ကမ္ဘာ့သတင်းထဲက စိတ်ဝင်စားဖွယ် သတင်းကတော့ အမေရိကန်ရဲ့ ပြည်နယ်ခြောက်ခုကို တိတိကျကျ ဖျက်ဆီးသွားတဲ့ မုန်တိုင်းသတင်းပါပဲ ။ သဘာဝမုန်တိုင်းတွေရဲ့ လက္ခဏာ​တွေနဲ့ ကွဲပြားနေလို့ နည်းပညာနဲ့ ဖန်တီးထားတဲ့ မုန်တိုင်းလား ဘာညာ နဲ့ အမေရိကန်တို့ သွေးလေခြောက်ခြားနေတာ သဘောကျတယ်ဗျာ ။ 

       တသက်လုံးက အင်အားပြ အနိုင်ကျင့်လာခဲ့တဲ့ အမေရိကန်တွေ အခု ကာလဝိပတ်နောက်ပိုးထပ် လို့ ဝဋ်လည်နေရပါပြီ ။ 

      ဒီကြားထဲ ရုရှားက သူတို့ရဲ့ S 550 လေကာစနစ်အသစ် ထုတ်ပြလို့ မျက်ခုံးလှုပ်နေရတဲ့ကြားထဲ နောက်ထပ် အာကာသပစ်မှတ် ဂြ်ိုလ်တုဖျက် ဒုံးပျံပါ ထပ်မံပြသလိုက်လို့ အမေရိကန်တို့ သွေးတက်နေကြရပါပြီ ။ 

          ကမ္ဘာ့အခင်းအကျင်းက မြန်မာကို အခွင့်အရေးပေးနေပါပြီ ။ ကိုယ့်ပြည်တွင်းရေးကိုပဲ အာရုံစိုက်လုပ်ကိုင်ဖို့ အချိန်တန်ပါပြီ ။ 

      ဖိလစ်ပိုင် နဲ့ ကမ္ဘောဒီးယား ဆိုတာ မြန်မာ့တပ်မတော်ရဲ့ ထက်ဝက်လောက်တောင် အင်အားမရှိပါဘူး ။ သို့သော် သူတို့ရဲ့ နိုင်ငံတကာကို သောက်ရေးမလုပ်တဲ့ စကေးကတော့ မြန်မာထက် ဆယ်ဆလောက် ပိုနေလို့ အားကျမိပါရဲ့ ဗျာ ။ 

 ။ ။ အကောင့်သစ်က ဖွင့်ပြီး တနာရီကျော်ပဲ ရှိသေးတယ် တလုံးမှ မရေးရသေးဘူး ကျသွားပါတယ် ။ ပရိုဖိုင်ပုံကြောင့် ဖြစ်မယ်ထင်ပါတယ် ၊ အခြားပရိုဖိုင်နဲ့ ထပ်ဖွင့်ကြည့်ပါအုံးမယ် ဗျာ ၊ လာအပ်နေကြရတဲ့ မိတ်ဆွေများကိုလည်း ကျေးဇူးတင် အားနာပေမယ့် တိုင်းပြည်အတွက်မို့ ဒီ အခက်အခဲသေးသေးလောက်ကိုဖြင့် ကျနော်တို့ စိတ်ပျက်နေလို့ မရသေးပါဘူးဗျာ ။

      ကိုရွှေမျိုးဝင်း

(တခုတော့ ရှိတယ်နော် အစည်းအဝေးမှာ လက်ခုပ်သံရရုံနဲ့ ပြင်ပသရုပ်မှန်က ဒီလို မဟုတ်ဖို့တော့ အရေးကြီးသဗျ)