ခြံစည်းရိုး အပြင်မှာ
လှုပ်ရှားမှု တစ်ခုခုတွေ့ရင် ၊
လူတက်လာရင် ၊ မသက်ာရင်
"ရပ်... ဘယ်သူလဲ " မေးတယ်
ထပ် မသက်ာရင် ကင်းတဲ
ဘန်ကာထဲကနေ အကာအကွယ် ယူပြီး
စ ပစ်လို့ရတယ် ။
မြို့ပေါ်လမ်းဘေးမှာ ကင်းစောင့်ရတာက
တွေ့သမျှ ကားတွေ လူတွေကို
" ရပ်... ဘယ်သူလဲ " မေးနေလို့လည်း မရ
မသက်ာရုံနဲ့ ပစ်လို့လည်း မရ
ပစ်မှတ်ကြီးလို ရပ်ပေးနေရတာ
မိမိကိုယ်ကို ရုပ်ပုံ ၄ ပစ်မှတ်ကြီးလို
သဘောထားနေရ ၊
ရှေ့က ဖြတ်သွားတဲ့ ကားပေါ်ကနေ ပစ်သွားရင်တောင် အခြားအပြစ်မဲ့ ပြည်သူတွေကို
ထိမှာ စိုးလို့ ပြန်ပစ်ဖို့ကို ချိန်ဆရတဲ့ ဘဝ...
မိမိကင်းချိန်ပြီးလို့ ပြန်ဝင်ရမှပဲ
အော်... ငါ ခုချိန်ထိ အသက်ရှင်နေသေးပါလားလို့
သတိရပြီး ထမင်းစား...
နောက်တစ်ချိန်ကင်းအတွက်
အားမွေးရတဲ့ ဘဝ....
လုံခြုံရေး တာဝန်ကျ တပ်မတော်သားများ
ရဲတပ်ဖွဲ့ဝင်များ အားလုံး ဘေးကင်းကြပါစေ... ။
#credit