Thursday, December 9, 2021

🍁 ငါ့ဒိန်ခဲ ဘယ်သူရွေ့ရဲသလဲ ? Who dare to move my cheese ?


ပူတင်က ဘဲလာရုစ်နဲ့
အကြီးစားစစ်ရေးလေ့ကျင့်မှုကိုလုပ်တော့
အမေရိကန်နဲ့ အင်္ဂလိပ် မျက်ပြူးဆန်ပြာ
ဖြစ်ကုန်ကြရော၊

ယူကရိမ်းဖက်ကို တိုက်ခိုက်ရေး တပ်ရင်း (၅၀)
အရံတပ်ရင်း (၅၀) ၊ စုစုပေါင်း (၁၇၅,၀၀၀)
စစ်သည်တွေကို လက်နက်အပြည့်အစုံနဲ့
ရွေ့ထားတယ်၊

ယူကရိန်းထဲကပစ်မှတ်တွေအားလုံးကို
ချိန်ထားပြီးသလို၊ ကူမဲ့ကယ်မဲ့ အမေရိကန်
အပါအဝင် ပြည်ပတပ်တွေကိုလည်း
ရုရှား ဒုံးတွေအားလုံးက ချိန်ထားပြီးပြီ၊

First round မွာ THAAD vs S-400 လို့
ပြောလို့ရလိမ့်မယ်၊ Second round မှာတော့
ဖွက်ထားတဲ့လက်နက်ဆန်းတွေ
ကိုယ်စီထပ်ပြကြတာပေါ့၊
ဒါပေမဲ့ First round မှာတင်
ယူကရိမ်းကျသွားပြီး၊ ရုရှားလက်အောက်ကို
ရောက်သွားပြီးဖြစ်မှာပါ၊

............

🍎 ပူတင်ဗေဒ .... သမိုင်းရဲ့သမင်လည်ပြန်
      Putinology & Turning to the past.

ဆီုဗီယက်ခေတ်မှာ
ရုရှားနဲ့ယူကရိမ်းဆိုတာ Twin States လို့
ပြောစမှတ်ပြုထားတာ၊ အမွှာနိုင်ငံလို့
ဆိုရလောက်အောင် လက်တွဲခဲ့ကြတာ၊
ဒုဗိုလ်မှုးကြီး ဗလာဒီမာပူတင်ရဲ့
မျက်လုံးရှေ့မှာပဲ ဆိုဗီယက်ယူနီယံကြီး
တစစီပြိုကွဲသွားခဲ့တာကို မချိတင်ကဲ
မြင်ခဲ့ရပြီးပြီ၊ အမျိုးသားရေးစိတ်ရှိသူ၊
နိုင်ငံချစ်သူတယောက်အနေနဲ့ ဘ်ာလောက်
ကြေကွဲခဲ့ရမလဲ ?

အခုတခါ
အမွှာ နိုင်ငံကို အရောင်ဆိုးပြီး
ထပိခွဲထုတ်ဖို့ကြိုးစားနေတဲ့အပြင်
အဲ့ဒီအမွှာ နိုင်ငံထဲကနေ.. ကိုယ့်ကိုယ်တောင်
ပြန်ခြိမ်းခြောက်ဦးမယ်ဆိုတော့...
ပူတင်လို လူမျိုးက ငုံ့ခံတော့မယ်ထင်လို့လား ?

ဒီပွဲမှာ
ပူတင်အနေနဲ့ သရေပွဲမထားခဲ့ဘူး၊
အနည်းဆုံးစစ်မဖြစ်စေချင်ရင်..
" ကြေးကြီးကြီးတခု တောင်းသွားလိမ့်မယ် " ၊

လောလောဆယ်ပဲ ပူတင့်ဖက်က
ရာဇသံပေးပြီ၊ ဘယ်နေရာကနေ NATO တပ်တွေ
ဆုတ်ပေးပါတဲ့၊ အမေရိကန်ကို စကားထဲတောင်
ထဲ့မပြောတော့ဘူးနော်၊ ( သတိထားဖို့ပါ )

ဆီရီးယားစစ္ကို
မှတ်မိကြဦးမှာပါ၊ IS တွေ မြို့တော်ကို
တိုက်မယ်လို့ စစ်ပြင်တော့ ရုရှားစစ်ထဲ
ဝင်လာတယ်၊ မြေထဲပင်လယ်ကနေ
ဒုံး (၃) လုံးလွှတ်လိုက်တယ်၊
နိုင်ငံတချို့အပေါ်က ဒုံးတွေဖြတ်ပျံပြီး
IS စခန်းတွေကို တိုက်ရိုက် hit တော့တာပဲ၊

ထပ်ပြောလိုက်သေးတယ်၊
S-400 တွေက အားလုံးကို Lock လုပ်ထားပြီးပြီ
မနက်ဖန် လေထဲထပျံတဲ့ ဘယ်လေယာဉ်ကိုမဆို
ပစ်ချတာခံရပါလိမ့်မယ်လို့ အမေရိကန်ကို
indirect message ပေးလိုက်တော့
အမေရိကန်ရဲ့အစွမ်းထက်လှပါရဲ့ဆိုတဲ့
fighter jets တွေ မြေပြင်ကနေ
တလက္မတောင် ခြေမကြွရဲကြတော့တာ၊

ပူတင်ကြီးက
ဟိုရက်ကမှ S-550 ကိုစမ်းပြထားတယ်နော်၊

..............

🍎 ဘယ်သူမင်းသားလဲ ?
       Game of thrones.

2022 ဟာ
အဆုံးအဖြတ်ပေးမဲ့နှစ်၊
ပလ္လင်ပြောင်းမဲ့နှစ်၊
အမေရိကန်တွေရဲ့ ဗိုလ်ကျစိုးမိုးရေးကို
ကမ္ဘာကြီး မြင်သာအောင် ရပ်တန့်ပေးမဲ့နှစ်၊
ဇာတ်ဝင်ခန်းအသစ်တခုမှာ
New scenario ဆိုတဲ့ မြင်ကွင်းသစ်တခုကို
spot light ထဲ ထင်ထင်ရှားရှား
ချပြပေးလိုက်မဲ့နှစ်တခုပါ၊

အမေရိကန်ဟာ
ကိုယ်ဖေါ်တဲ့ဆေး ကိုယ်ပြန်စားနေရသလို
ကိုယ်သုံးခဲ့တဲ့ ... 
The enemy of the enemy is my friend
ဆိုတဲ့ ကိုယ့်ဗျူဟာနဲ့ပဲ ကိုယ့်အရိုး ကိုယ်ပြန်ထိုးခံ
နေရပါပြီ၊

...........

🍎 ငရဲခွေးကြီးရွာပါတ်
       Hell hound is turning around.

အမေရိကန်က တရုတ်ကို HK နဲ့ စမ်းသပ်တယ်
နယ်စပ်မှာ တရုတ်ကစစ်ပြင်ပြလိုက်တယ်၊
ဟန်ခြေမရှိတော့ HK ပုံစံ CDM ကို
မြန်မာဖက်မှာ လာသုံးတယ်၊

အမေရိကန် နောက်တလှမ်းဆုတ်ပြီး
ရေမြေခြားတဲ့ ထိုင်ဝမ်နဲ့ ထပ်ကစားတယ်
တရုတ်က စစ်လေယာဉ်တွေ ထိုင်ဝမ်ဖက်
ဒရစပ်လွှတ်လိုက်တာ အမေရိကန်က
ဗိုလ်ချုပ်ကြီးကတောင်....
 ' စစ်တိုက်ဖို့ လေ့ကျင့်နေသလားထင်ရတယ်'
... လို့ကို ပြောရတဲ့အဆင့်၊

#သတိထားကြည့် တရုတ်ရော၊ ရုရှားကပါ
အမေရိကန်ရဲ့စမ်းသပ်မှုကို ခံစစ်သက်သက်နဲ့
မတုန့်ပြန်ကြတော့ဘူး၊ ဘမောင်မကြာခဏ
ရေးပြပေးတာရှိတယ်၊ ခံစစ်သက်သက်ဟာ
အများဆုံးသရေကိုသာ မျှော်လို့ရပြီး
80 % ဟာအရှုံးဖက်က ဗျူဟာပါဆိုတာ။

ထိုင်ဝမ်ကိစ္စမှာလဲ
နိုင်ငံရေးပါးမဝတဲ့ သမ္မတ အပျိုကြီး
ကြားညပ်နေပြီ၊ ထိုင်ဝမ်ကိုထိရင်
အမေရိကန်က ဝင်ပါပေးရပါမယ်ဆိုတဲ့
အမေရိကန်ဟာ... တရုတ်ရဲ့ ဟိုက်ပါဆောနစ်ကို
(၂) ကြိမ်လောက်စမ်းသပ်ပြလိုက်တော့
ဘလစ်ကင်က ' ထိုင်ဝမ်အရေး ကုလဝင်သင့်'
ဆိုပြီး၊ တရုတ်လက်ထဲ အပျိုကြီးကို
'ဝ' ကွက် အပ်ထားတော့မဲ့အခြေအနေ၊

​..........

🍎 ငါးမရ၊ ရေချိုးပြန်ပြီ
        The last straw.

နောက်ဆုံး အထည်ကြီးပျက်တို့
ဟန်ကိုယ့်ဖို့ နည်းကိုအမေရိကန်သုံးရတော့တယ်၊
' ကမ္ဘာ့ ဒီမိုကရေစီ အစည်းအဝေး ' တဲ့
ရုရှားနဲ့တရုတ်က လှောင်တော့တာပေါ့
' ဒီမိုကရေစီ' ဆိုတဲ့ အထည်ဟောင်း
မီးပူတိုက်ပြီး New arrival လိုလုပ်ရောင်းတာမျိုး
ဘယ်သူကမှစိတ်မဝင်စားကြတော့တဲ့ခေတ်လေ၊

ဒီတော့
တရုတ်လုပ်တဲ့အိုလံပစ်ကို 
(၁၆) နိုင်ငံ ဝိုင်းပြီး
သပိတ်မှောက်ကြတော့တယ်၊
ဘိုင်ဒင်လုပ်နိုင်တာ ဒါအများဆုံးပဲ
ဟ်ုနိုင်ငံတွေက ...
' ငါတို့တော့ စစ်ထဲအထိတော့မပါနိုင်ဘူး၊
သပိတ်မှောက်တာလောက်တော့ လုပ်ပေးပါ့မယ်' လို့... 
( ဘမောင်ကို တိုးတိုးလေးလာပြောသွားပြီးပြီ 😁 )

..........

🍎 သေလိုက်ကြသမ်း
       Go to hell.

မြန်မာတွေလောက်မပြောနဲ့
ကမ္ဘာကြီးနဲ့ နိုင်ငံအစိုးရတော်တော်များ
အလှည့်စားခံနေရတာ မသိကြသေးဘူး၊

ကမ္ဘာကြီးကို 
ဘယ်သူတွေ တကယ်ချုပ်ကိုင်ထားကြသလဲ ?
တလောလေးတင်ကမှ ရေးဘူးသေးတယ်၊
တချို့က OIC လို့ဖြေကြသေးတယ်
OIC ဆိုတာ ဝင်ကစွတ်၊
ငွေရှိတယ်၊ ဩဇာမရှိဘူး၊
ဩဇာလက်ကျန် လစ်ဘရယ်ကြောင်တဲ့
အမေရိကန်ရဲ့ ဩဇာကို ခိုပြီး
ရတတ်သမျှကစားနေတာ၊
မြန်မာပြည့်လိုဆိုရင် ထမီခြုံပဲ၊
( ကြုံလို့ ရေးလိုက်ဦးမယ်၊ EV တွေပေါ်လာပြီနော်
အရှေ့အလယ်ပိုင်း စွန်ပလွံ ပြန်ကိုက်ရလိမ့်မယ်လို့
မကြာခဏ ကြိုရေးပြထားတာ စမှန်လာပြီ )

2016 မှာ
ထရမ့်ကို ဘယ်သူကူသွားခဲ့သလဲ ?
2020 မှာရော ဘိုင်ဒင်ကို ဘယ်သူကူသွားလဲ ?

ဒီအချိန်ဟာ
အမေရိကန်ကြီးကို Rebelling လုပ်တာ
timing ကိုက်ပဲ၊
(၂၁) ရာစု New World Order အတွက်
Revolution ဆိုတာ Rebelling လုပ်တာကစတာပါ
တော်လှန်ရေးဆိုတာ 
ပုန်ကန်မှုကစတာလို့ပြောချင်တာ။

အနီးအနာဂါတ် Near future မှာ
New landscape ကိုတွေကြရပါတော့မယ်၊
အပါးမဝကြသူတွေ 
ကြားညပ်တာလဲခံကြရပါလိမ့်မယ်၊
မြန်မာလဲ
သိပ်ကြာကြာ
တောင့်ခံစရာ မလိုလောက်တော့ပါဘူး။

#BaMaung (9.12.21) 🍎

Related Posts:

  • " မမြင်နိုင်သော စွမ်းအား "  ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့သူတွေဟာ   á€œá€°á€á€˝á€ąá€á€„á€şá€™á€Ÿá€Żá€á€şá€˜á€°á€¸ နတ် ဗြဟ္မာ ဝိဇ္ဇာစတဲ့ á€™á€™á€źá€„်နိုင်တဲအ ပုဂ္ဂိုလ်တွေအများကြီးပါဘုရားပွင့်တာ နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာကျော်ပေမဲ့ á€”တ်သက်နဲအဆို နှစ်ဆယ့်ခြောက်ရက်… Read More
  • အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (32)          ဒီမိုကရေစီပါတီကြီး ဆိုပြီး ဂျင့်ထည့်ထားတဲ့ NLD ပါတီရဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို လေ့လာကြပါအုံး ။ fb ပေါ်ကနေ ရေးသမျှကို ငွေပေးဖြတ်တောက်ခိုင်းနေကြပါတယ် ။      ဝေဖန်မှုတွေကို… Read More
  • ""ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်ရှိဘူးသီးတောင် မောင်တောဒေသကို OIC ဥက္ကဌတူရကီထံသို့ ရောင်းပြီးပြီ""....ဇူလိုင်လ(၂၁)ရက် ၊ ၂၀၁၉ ခုနှစ်၊ တူရကီTIKA - Turkish Cooperation AndCoordination Agency •   TIKA ဆိုတာ တူရကီအစိုးရ၏ ပူးပေါင်းဆောင်ရွက်ရေးနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းလို့ အဓပ္ပါယ်ရသည့်  အစိုးရဌာနတစ်ခုဖြစ်ပါတယ်••… Read More
  • မြကျောက် တပ်ချုပ်ကြီး          ကိုကြီးစိုးတယောက် အစောကြီး ရောက်လာတာနဲ့ ကပျာကရာ မျက်နှာသစ်ပြီး လိုက်သွားရပါတယ် ။ လက်ဖက်ရည်ဆိုင်မှာ စားသောက်ပြီးတာ နဲ့...."ငမျိုးရေ ငါလည်း ညက ပျင်းတာ နဲ့ မင်း ပို့စ် အဟောင်းတွေ ပြန်ဖတ်ပြီး မေ… Read More
  • လှုပ်လေ မြှပ်လေ             NLD ရဲ့ သဘောက်ကတွေ ကြုံးဝါးနေကြတာ ဘာတဲ့ 30 ရက်နေ့ မြို့သိမ်းတိုက်ပွဲ တဲ့လား ။      á€™á€­á€á€şá€†á€˝á€ąá€á€˝á€ąá€€á€œá€Šá€şá€¸ စိုးရိမ်နေကြမှာပါပဲ ။ ဟုတ်ကဲ့ သာမန်တွေးကြည့်ရင်တော့ စိုးရိမ်စရာပ… Read More