Monday, December 13, 2021

#UNဆိုတာဘက်လိုက်အဖွဲ့အစည်းရယ်ပါ။


မြန်မာပြည်ကိုသာ ဖိအားပေး ဝေဖန် စွက်စွဲနေတာ၊
ယူကရိန်းမှာ စစ်ဖြစ်ခါနီးတာကို မသိချက်ယောင်ဆောင်နေကြတယ်။

ယူကရိန်းကို အမေရိကန်တပ်
တွေ စေလွှတ်မှာ မဟုတ်ဘူး ဆိုရင်
အာဖကန်ကို လက်လွှတ်ရသလို
ယူကရိန်းကိုလည်း ဘိုက်ဒင်က
လက်လွှတ် ရမည့်အခြေအနေ ပါ။

အာရှမှာ အင်အားကောင်းလာတဲ့
တရုတ် ကိုလည်း ထိန်းချုပ်ထားချင်
တဲ့ အမေရိကန်ဟာ ဒီလိုကာလမှာ
စစ်ပွဲတွေ မရှိတာ အကောင်းဆုံးလို့
သုံးသပ်ထားပုံရပါတယ်။

စစ်ပွဲကြောင့် အမေရိကန် အင်အား
ယုတ်လျော့ ဖို့ပဲ ရှိပါတယ်။ အမေရိကန်
အင်အားယုတ်လျော့တာနဲ့ စူပါပါဝါ
နိုင်ငံကို တရုတ်က ခုန်ပျံကျော်လွှား
သွား မယ်ဆိုတာက အမေရိကန်
အပါအဝင် အားလုံးသိနေသော အရာပါ။

ကျွန်တော် မှတ်မိသလောက် ပြောရ
ရင် အမေရိကန်တွေဟာ ဆီးရီးယား
စစ်ပွဲ ကနေ စဆုတ်ခွာ ရတာပါ။

ဒုတိယ အာဖဂန် မှာ စစ်ရှုံးလို့ ဆုတ်ခွာ
ရပြန်တယ်။

ယခု ယူကရိန်း အရေးမှာလည်း 
တကယ်တမ်း ပြသနာကို ဖန်တီးတဲ့
နေတိုး အုပ်စုဟာ လည်း ယူကရိန်း
ကို အမေရိကန် အကူအညီ မပေး
ဘူးဆိုရင် နေတိုးအုပ်စု တစ်ခုလုံးက
လက်ပိုက် ကြည့်နေရမှာပါ။

အမေရိကန် မပါပဲ ဗ​ြိတိန်ကလည်း
ရုရှားနဲ့ ထိပ်တိုက်တွေ့ ပြီးစစ်ထဲကို
ဝင် မလာရဲပါဘူး။

အမေရိကန် နဲ့ ဗြိတိန် မပါရင်
စစ်ပွဲက မဖြစ်ခင်ကပင် ယူကရိန်းက
ရှုံးနေခဲ့ပါပြီ။

မြန်မာပြည်ကို ဟိုပြော ဒီ ပြော
ပေါက်ကရ လိုက်ပြောနေတဲ့ UN
ဆိုတာ ယနေ့ ယူကရိန်းအခန်းကဏ္ဌမှာ 
ဘယ်နားကို ရောက်နေလည်း တောင်
မသိရအောင် ပျောက်ချင်းမလှ
ပျောက်နေ တော့တာပါ။

အာရှ မှာ အနောက်အုပ်စုကို
အားကိုး မှီခိုပြီး ရပ်တည်ရတဲ့ နိုင်ငံ
တွေ ရှိပါတယ်။

အမေရိကန် ရဲ့ အင်အားယုတ်လျော့
လာမှုက ဖုံးကွယ်ထားလို့ မရ သော
အခြေအနေပါ။ သဘောပေါက်ရ
တော့မှာပါ။

အထူးသဖြင့် တောင်ကိုရီးယားလို
နိုင်ငံ မျိုးပါ။ 
မြောက်ကိုရီးယား က ဝင်တိုက်လာ
ခဲ့ရင် ၁၉၆၀ ပြည့်နှစ် က အခြေအနေ
ကလို အမေရိကန် တွေ တောင်ကိုရီး
ယား ကို ကူတိုက်နိုင်ပါအုံးမလား။

ထိုင်ဝမ် လိုပြသနာမျိုးမှာလည်း
အမေရိကန် တွေ ယူကရိန်းလို လက်
ရှောင်သွားရင် ဘာတွေဖြစ်လာမလဲ။

ယနေ့ ကမ်ဘောတီးယား သမ္မတ
ဟွန်ဆန်ကလည်း သူ့နိုင်ငံက စစ်တပ်
ကို အမေရိကန်လက်နက်တွေ မသုံးဖို့
အမေရိကန်လက်နက် တွေကို
ဖျက်စီး ပြစ်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။

လက်ရှိ အခြေအနေကတော့ ငပွကြီး
ကို ကြောင်အိုလို့ ကြွက်မလေး ကြတော့တဲ့ အ​ ခြေအနေ မျိုးပါ။

ရုရှားက ယူကရိန်းအရေးကို ကျူးဘားအရေးအခင်း လို
ဖြစ်လာတော့မယ်လို့ သတိပေး ခဲ့
သည့် တိုင်အောင် ရှေ့ထွက် မလာတဲ့
UN ကျူးဘားအရေးကိုကိုင်တွယ်ခဲ့
သော မြန်မာပြည်က ဦးသန့် လို 
ယူကရိန်းအရေးကို ဖြေရှင်းပေးနိုင်
မလား ဆိုတာ စောင့်ကြည့်ရ တော့
မှာပါ။

ရုရှားက တော့ ယူကရိန်းနယ်စပ်မှာ
ကြည်း/ရေ/လေ တိုက်ခိုက်ရေးပင်မ
တပ်ရင်း ၅၀ ၊ အရံတပ်ရင်း ၅၀
အင်အား ၁၇၀၀၀၀ ကျော် နဲ့
အိမ်ကွင်း ကစားဖို့ အသင့် စောင့်
နေပါပြီ။

အနောက်အုပ်စုက 
ဝင်ရဲတဲ့ အသင်း ဝင်ကစား လိုက်ပါ
လို့ စိန်ခေါ် နေ ပါတယ်။

ဘာတွေ ဖြစ်ကြမလည်း စောင့်ကြည့်
ကြတာပေါ့။

အမေရိကန် နဲ့ နေတိုးအုပ်စုရဲ့
လက်ရှိ အခြေအနေကတော့ ဆုတ်လည်းဆူး စားလည်းရူး မည့် အခြေ
အနေမျိုး ပါပဲ။

Kyaw Swar

Related Posts:

  • အကယ်၍......အကယ်၍အကယ်၍...ဒေါ်စုသာ တပ်မတော်နဲ့ရင်ကြားစေ့ဖို့ စိတ်တကယ်ရှိခဲ့ရင်....အကယ်၍....ဒေါ်စုသာ တိုင်းပြည်ကိုတကယ်ချစ်ခဲ့ရင်....အကယ်၍....ဒေါ်စုသာ အမျိုးဘာသာ သာသနာကိုတကယ်ချစ်ခဲ့ရင်......အကယ်၍....ဒေါ်စုသာ နိုင်ငံခြားသား သူလျှိုတွေကိုအကြံပေးမခ… Read More
  • " နိုင်ငံတကာစံ ဆိုတဲ့ နီပိန်းလေးများ သိစေဖို့ "( ဖျာတန်းကို မီးရှို့တာတော့ မဟုတ်ရပါဘူးဗျာ )- နီပိန်းလေးတွေဟာ   ထမိန်ခြုံလို့ဘဲ ပိန်းသွားတာလား?  ပိန်းနေလို့ဘဲ ထမိန်ခြုံတာလား?  ဆိုတာကိုတော့ သူ့တို့ကိုယ်တိုင်ဘဲ သိပါလိမ့်မည်။  နေရာတကာမှာ နိုင်ငံတကာစံ ဆိုပြီးပြောနေတာကို  $မြင်… Read More
  • ရွှေရူပါဦး...,လျှပ်တစ်ပျက် ရိုက်ချက်တွေအောက်မှာရူးလောက်အောင် လှရက်နိုင်ပါပေတယ်အမြင်လည်းမဆန်းဘူးအသွင်လည်း မကြမ်းဘူးမင်းအပြုံးတွေကမိုနာလီဇာ တောင် ဒုတိယနေရကနေကျေနပ်နေရမဲ့အဖြစ်မန္တလေး သိန်းဇော် သီချင်းထဲကလိုရှု့လေ မြင်လေ လှလေ ချောနှမ သက်လည် ဆိ… Read More
  • ဒို့ရပ်ကွက်က ဝီလပ်ဦးဝေအောင် ရှိသလို ဟိုဘက်ရပ်ကွက်က we hate U way aung လည်းရှိတယ်နော်ဦးဝေအောင်ကို မုန်းတဲ့သူတွေက အပြစ်ရှာပြောကြတာလည်း သိထားသင့်တယ်နော်အကောင်းချည်းပဲ ထောက်ခံတယ် ဖြစ်မှာစိုးလို့ လူဆိုတာ အကောင်းအဆိုးဒွန်တွဲတာလေး သိထားရမယ်နော် ဦးဝေအောင်၏ အဆိုးများ၁) ၈၈၈၈တွင် ၉တန်းကျောင်းသားဖြင့် အထက၆ဗိုလ်တထောင်တွင… Read More
  • 😎 တဆင့်တက်လာတဲ့ အကြမ်းဖက်မနေ့ကရှေ့ထွက်မိုင်း (၄၄) လုံးမိတယ်ဆိုတဲ့သတင်းကသိပ်မကောင်းလှဘူး၊ Directional mine လို့ခေါ်တယ်အထဲမီာ ဘောစေ့လေးတွေ (၇၀၀-၁၀၀၀) လောက်ပါပြီးမိုင်းကို လိုချင်တဲ့ပစ်မှတ်ဖက်လှည့်ထားလို့ရတယ်၊မိုင်းကွဲတာနဲ့ ဘောစေ့လေးတွေက လူအများကြီးကိုထ… Read More