Monday, December 13, 2021

ဘာတွေရှုံးလို့ ဘာတွေနိုင်


          မနေ့က နီပိတ်တွေ အရူးထတဲ့ အကွက်က ကလေးကွက်လို့ ခေါ်တယ် ။ ဘာတဲ့ အိမ်ထဲက အိမ်အပြင် မထွက်ရတဲ့နေ့ ဆိုပြီး ထလုပ်ကြတယ် ။ 

        ကဲ သေချာကြည့်လိုက် မနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အတွင်းတဲ့ ။ ကဲ စက်ရုံ အလုပ်ရုံ ရုံး ကျောင်း သွားမယ့်သူတွေ သူတို့တားမရဘူး ဆိုတာ သိလို့ အချိန် ကန့်သတ်ထားတာ သတိထားကြည့်ပါ ။ 

        ပစ်မှတ်က စျေးသည်တွေ အဓိကထားတာ တွေ့ရပါမယ် ။ စျေးသည်ဆိုတာမျိုးက အမြဲတမ်းဖောက်သည်ကလွဲရင် လူစိမ်းတွေနဲ့ ရောင်းဝယ် ဖောက်ကားနေကြရတာ အားလုံးအသိပါပဲ ။ 

         ဒီတော့ လူစိတ်မရှိတဲ့ PDF တွေရဲ့ ရန်ကို စိုးရိမ်ရတော့ (အမှောင်ထဲက အလစ်ဝင်ဆွဲတဲ့ ခွေးရူးတွေကိုး) ဆိုင်တွေ အတော်များများ ပိတ်ထားလိုက်ကြပါတယ် ။ နောက်နေ့မှ ရောင်းတာ အန္တရာယ်ကင်းပါတယ်ပေါ့လေ ။

     ကဲ နစက အနေနဲ့ ဘာမှတော့ ဆုံးရှုံးစရာ မရှိဘူး ဆိုပေမယ့် ပြည်သူတွေရဲ့ ကြောက်ရွံ့မှုကို အကာအကွယ်ပေးနိုင်စွမ်း မရှိဘူးဆိုတဲ့ အားကိုးဖွယ် အရည်အချင်း မရှိဘူးဆိုတဲ့ အဓပ္ပါယ်က ပေါ်လွင်လာပြန်တာ တွေ့ရပြန်ပါတယ် ။ 

          ဒီတော့ ပြည်သူတွေအတွက် အဆိုးထဲက အကောင်းကတော့ နစက သင်တို့ ရှေ့ရှောက် ဘာလုပ်ကြမလဲ ဒီပုံစံနဲ့ မရတော့ဘူး ဆိုတာ သတိကြီးကြီး ထားနိုင်ဖို့ တန်ဖိုးကြီး မက်ဆေ့ ပေးနိုင်ကြလို့ အချိုးအကွေ့ တခု ရွေ့လာပါလိမ့်မယ် ။ 

          နောက်တချက်က ဒီကိစ္စအပေါ်မှာ မဟာအောင်မြင်မှုကြီး သဖွယ် ဂုဏ်ဆာပြီး နောက်ထပ်သွေးတိုးစမ်းလာမယ့် ပွဲစဥ်တွေ မလွဲမသေ ထပ်လာပါမယ် ။ ဒီအခါ ငုပ်နေသေးတဲ့ နီပိတ်လေးတွေ ခေါင်းပြူလာပါအုံးမယ် ။ နစက လုပ်တတ်ဖို့ပဲ လိုပါတယ် ။ 

     ပြည်သူတွေ တညီတညာတည်း အသံတိတ်ဆန္ဒပြနေတာ မဟုတ်ပါဘူး ၊ တန်ပြန် NUG PDF ဆန့်ကျင်ရေး ဆန္ဒပြတဲ့ မျိုးချစ်အများအပြားလည်း တချိန်တည်း ရှိနေပါသေးတယ် ။ ဒီလို အချိန်မှာ ဒီလိုပွဲ ကျင်းပရဲတဲ့ ပွဲစီစဥ်သူတွေ နဲ့ တက်ရောက်သူတွေကို လေးစားစွာ ဂုဏ်ပြုအပ်ပါတယ် ။ 

        နိဒါန်းက ရေးထားတဲ့ ကလေးကွက်ဆိုတာ ကျနော်ရှင်းပြပါမယ် ။ သပိတ်ကို ဘယ်လို လုပ်ခဲ့သလဲဆိုတော့ အစည်းအဝေး လုပ်တဲ့အခါ သြဇာကြီးတဲ့ လူကြီးက မကျေနပ်တဲ့သူ မတ်တပ်ရပ်ပြောပါဆိုရင် တော်ရုံသတ္တိနဲ့ ထမပြောရဲကြပါဘူး ။ သဘောတူရင် ထိုင်နေပါ ဆိုတာမျိုး အများနည်းတူ ကိုယ့်ရန်မပြုအောင် ထိုင်နေကြမယ့် နည်းပေါ့ဗျာ ။ 

           အဲဒါနဲ့ ပြောင်းပြန်ဖြစ်တဲ့ အိမ်ထဲကနေ ဆန္ဒမပြပဲ အပြင်ထွက် ဆန္ဒပြကြဖို့ သူတို့ လုပ်ခိုင်းရဲလား မေးကြည့်စမ်းပါဗျာ ။ သူတို့အဲသလို အိမ်အပြင်ထွက်ပြီး ဆန္ဒပြခိုင်းလို့ အလုံးအရင်းနဲ့ ထွက်ပြရဲရင် သတ်သေကြေးတောင် လောင်းရဲပါရဲ့ ဗျာ ။ ကြက်ဝိုင်းတဝိုင်းစာတောင် မထွက်လာစေရပါဘူး ။ 

     အခုလုပ်ပေါက်က ကိုယ့်ဘာသာ လေဖြတ်နေတဲ့ လူကအစ သူတို့ထောက်ခံတယ် ဖြစ်အောင် အရူးထလုပ်တဲ့ ကလေးကွက်ကြီးပါဗျာ ။ 

         နောက်ပြီး ဘာတဲ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီထိ တရက်ထဲက ၆ နာရီတိတိ​ကြီးများတောင် မထွက်ရဲကြလို့ ငါတို့ နိုင်ပြီတဲ့ ဟုတ်စ 😁😁😁😁

      ည ၁၀ နာရီကနေ မနက် ၄ နာရီ မထွက်ရ အမိန့်ကို ၁၀ လ ကျော် ကြာတဲ့အထိ လိုက်နာစေနိုင်ခဲ့တဲ့ နစက ရဲ့ အမိန့် နဲ့ ယှဥ်ကြည့်ပါအုံး ကွာ ။ အခုထိ ဘယ်သူရဲကောင်း အကြောင်းမဲ့ သွားရဲလဲ ဟ ။ 

       မနေ့က အိမ်အပြင်မထွက်ရဆိုပြီး NUG PDF တွေ သတ်မယ် ဖြတ်မယ် ခြိမ်းခြောက်နေတဲ့ကြားထဲက မင်းတို့ကို မကြောက်လို့ ဇရှိတဲ့ မျိုးချစ်တွေ ဇစ်ဆွဲပြပြီး ဆန္ဒတောင် ပြလိုက်သေးတယ်လေ ။ အဲဒါကမှ အလစ်ဝင်ကိုက်တတ်တဲ့ ခွေးအဆင့် PDF တွေ နဲ့ နှိုင်းယှဥ်လို့မရတဲ့ မြင့်မြတ်သော သတ္တိလို့ ဆိုရမှာ ဖြစ်တယ် ။ 

         ဒီတော့ ဒီပွဲရဲ့ အနိုင်အရှုံးကို ပြန်သုံးသပ်ကြည့်ပါ.......

- ပြည်သူတွေ ဘယ်လိုဖြစ်နေသလဲ ဆိုတာရယ် နစက ရဲ့ မူဝါဒ ကျဆုံးနေမှုကို MRTV နဲ့ MWD တို့လောက် ကြည့်ပြီး သာယာနေတဲ့ လူကြီးများအား အိပ်မက်ထဲက လန့်နိုးစေတဲ့ အတွက် ပြည်သူတွေ ပေးချင်တဲ့ မက်ဆေ့ လူကြီးတွေ မသိချင်ယောင်ဆောင် မှိန်းနေလို့ မရတော့ဘူး PDF အားပေးတွေကို တစုံတခု တုန့်ပြန်ရတော့မယ်...

- NLD ဆန့်ကျင်သူတွေ နစကအပေါ် ဝေဖန်နေကြတာက လူယုတ်မာတွေကို ပြတ်ပြတ်သားသား နှိပ်ကွပ်စေချင်လို့ပဲ ၊ အဲဒါနဲ့ဝိဝါဒကွဲနေတာ မနေ့က မင်းတို့ လုပ်ရပ်ကြောင့် နစက ဘာလုပ်ရမလဲ သိသွားပြီ....

        ငါတို့အမြင်ကတော့ ဒီလိုပွဲတွေကြောင့် ပြည်သူကြားရောနေတဲ့ PDF အားပေးအုပ်စု ဖော်ထုတ်လာနိုင်မယ် ၊ မင်းတို့ကတော့ '' တတိတတိ နဲ့ ငအိကျားချီ '' ဆိုသလို လုံးပါး ပါးရမယ် ။

          ဒီတော့ နောက်ဆက် အကျိုးဆက်အရ ပြည်သူတွေ အမြတ်ထွက်ပြီး နီပိတ်တွေ နှပ်ထွက်အောင် ငိုကြရမယ့် ပွဲစဥ်တခုပါပဲ ။ ဒါကြောင့် လိုင်းပေါ်ကနေ ငါတို့နိုင်ပြီ အော်မနေနဲ့ တကယ်တန်းကျတော့ ပြည်သူနိုင်ပြီး မင်းတို့ရှုံးပါတယ် ။ 

    ကဲ နောက်တပွဲ လုပ်ကြစမ်းပါအုံး ငုပ်ကောင်လေးတွေ အရှာရ သက်သာအောင်လို့လေ.....

        ကိုရွှေမျိုးဝင်း

မှတ်ချက် ။ ။ နောက်တခါ ပြည်သူအားလုံး မင်းတို့ NUG PDF တွေကို ထောက်ခံတယ်လို့ ယူဆရအောင် ပေါက်ကရသပိတ်တွေ ခိုင်းနေမယ့် အစား မနက်အိပ်ရာထ မျက်နှာသစ် သပိတ်တို့ ၊ ည ၁၀ နာ အပြင်မထွက် သပိတ်တို့ ၊ ည ၁ နာရီနောက်ပိုင်း အိပ်စက်ခြင်း သပိတ်တို့ လုပ်ကြရင်ဖြင့် ဒီထက်အဆပေါင်းများစွာ အောင်မြင်လိမ့်မယ်လို့ အရူးတွေအတွက် အကြံပေးချင်တယ် ။

{အာဏာသုံးရပ် လက်ထဲရှိနေစဥ် ၊ သခင်တွေ (EU ၊ USA ၊ OIC) အားကျိုးမာန်တက် ပူးပေါင်းကူညီနေချိန်မှာတောင် တပ်မတော်ကို နည်းမျိုးစုံနဲ့ ဖြိုခွဲမရခဲ့ပဲ နဲ့ အခုကျမှ လေထိုးဆိုင်လွန်ခဲ့တဲ့ ကားဆရာ ဂယောင်ကတမ်း လုပ်သလို ထလုပ်နေပုံ နဲ့ အောင်မြင်ပါလိမ့်မယ်.. ဘာသာပေါင်းစုံမှာ ဆုတောင်းလေ.....}