Saturday, December 11, 2021

"ပြည့်စကောလယ်"


ဇေယျတုပေလို့
သပြေနုရယ်နဲ့မှ
မြတ်ပရမေလှူ
တိုင်းမြန်ဇမ္ဗူ သာစေကြောင်း
သန့်ကြည်လင် ချမ်းရေစင်သွန်းကာလောင်းပါရဲ့
ပြုပါကြကောင်းမှုအထွေထွေ၊
(မြတ်တောင်းဆု အခါခါခြွေတယ်)၂
တိုင်းဌာနီ သာစည်ဖြိုးစေဖို့လေး။

ချိန်တန်ပြီ ခါအသင့်ပေမို့
ကံအမြင့်ရယ်သို့
မှန်းဆလို့ ရည်မျှော်
နန်းဦးကင်း ရင်ပြင်ပေါ်
ဒေါင်းအလံတော် တင်ကာဖူး
ဒီမိုကရေစီ အသွင်ကူးပါလို့
ခရီးလမ်းသာ။
အိုကွယ်----မလွဲဒီတစ်ခါ
တို့ပြည်မြန်မာ ရောင်ဝါအဘယ်သို့လင်း။
(အိုအရှင်----ပြုစမ်းပါကွယ့်
ပန်းပု ပန်းဆရာရဲ့
စုကလျာ အဘယ်သို့နှင်း။)၂

တကယ်ပင် တွေးထင်မမျှော်ခဲ့လေဘု
ထွေးခင်နွဲ့ရဲ့ စိတ်ကူးဖုံဖုံ
မြတ်ဗုဒ္ဓက ရာဇကုမ္မာငယ်
လေးထားဖွယ် ရှိဘူးတဲ့
(မိုက်ကာရူးပါလှ စိန္စမာရယ်)၂
လားအပယ် ခုန်ကူးဖို့
ကြံတကယ် ပုံအထူးတွေနဲ့
ရဟန်းမြတ် သံဃာတော်ကို
(ရဟန်းမြတ် သံဃာတော်တွေကို)
ကုလားခြေစုံပေါ် ငုံ့ဦးစေတဲ့လေး။

(အံ----အံမလေးရယ်တို့)၂
ပေါင်းဘဝင်မှာ ချောင်းထင်ကာ
ကျမျက်ရည် သွင်သွင်စီးပါပေါ့
(နတ်ဆရာ အပင့်မှားပါတော့
 ဒီပြေ ဒီမြေ။)၂
မြတ်ယဉ်ကျေးမှု ဂုဏ်အမွေကို
ပျက်ပါစေ ငြှိုးမာန်ကဲစွာနဲ့
(ချိုးထရံဖြဲပါခဲ့ တင်ရွှေ--တင်ရွှေ)၂
တိုင်းပမာအခြေ သာလာယံဇရပ်ကယ်သို့
(အော်-ပမာအခြေ သာလာယံ-သာလာယံဇရပ်ကယ်သိူ့)
မြန်မာ-ဒီအင်အေ ပျက်ကာဆုံးစေဖို့
အနောက်ကမ္ဘာပုံ ထုံကူးမယ်တဲ့လေး။

ကူပါကွယ့်---ကယ်ပါ
အော်!--ကယ်ပါကွယ့်---ကူပါ
ပြည့်မခံသာ (အိုမယ်တင်
နိုဗယ်ရှင် အလွယ်တွေးသမျှ
တွက်ရေးက စက်သူဌေးပါကွယ့်လေး။)၂
အိုမယ်တင်ရယ်----အို့မယ်တင်ရယ်
အလှမ်းကျယ် စခန်းရယ်သာမလှပေဘု
မှန်းချက်ကယ် နှမ်းထွက်ရယ်ကိုက်ဘူးထင်ရဲ့လေး။
အိုမယ်တင်---အို့မယ်တင်
ခါအလျင် ပြည်ငြိမ်းစေဖို့ဝေး။
အိုမယ်တင်---အို့မယ်တင်
ကြာမထင် စည်ဖြိုးစေဖို့ဝေး။

(အော်!---သွင်တစ်ထူးပေမို့)၂
စုမယ်မယ် ဘဝင်ရူးရယ်က
(ပလ္လင်ပေါ် အစဉ်မြူးချင်သပ
ဆတ်ဆတ် လူးလူးခါ။)၂
(တွန်ကြက်မ အသံသာလည်)၂
ငါးနှစ်ချိန် ပြည့်ပါခဲ့
(အော်!---ငါးနှစ်အချိန် ပြည့်ပါခဲ့)
မလင်းပါ နံနက်
(အိုကွယ်!--မလင်းပါ နံနက်)
မိုက်မှောင်မှောင် တူးပါဆဲ့
(မိုက်မှောင်မှောင် တူးပါဆဲ့)
သန်းခေါင်ညဉ့် နက်နက်အတွင်း။

(အော်!---ဒေါင်းအလံ
မကောင်းဖန် အတိတ်ကယ်နဲ့
ကျောင်းကန်ရိပ်ကိုတဲ့ ဖြိုမယ်ကြံ)၂
ဘနဖူးသိုက်တူးပါတဲ့ ကဝေအိုဥာဏ်
လင့်ကုလားတွေရံလို့
လိုချင်ရူးပါလှ ဒီအာဏာကို
(အော်!--လိုချင်ရူးပါလှ မင်းအာဏာကို)
လုမယ်တစ်ဖန် ခါခါတွေး
ပြေသွေးနဲ့ ခြေဆေးစံမယ်
(ပြေ့သွေးနဲ့ ခြေဆေးစံတယ်)
စုမယ်မယ် မိုက်ပုံထူး ပါပေါ့လေး။---လေး။--လေး။

အောင်စေကွယ့် အောင်စေ။
အောင်စေကွယ့် အောင်စေ။
သွန်းညောင်ရေ အောင်သပြေပန်းနဲ့
မြတ်တောင်းဆု အခါခါခြွေ။

အောင်စေကွယ့် အောင်စေ။
အောင်စေကွယ့် အောင်စေ။
တိုင်းမြန်ဇမ္ဗူ အောင်စေကြောင်း
မဟာဝီဇယတည်လှူ အောင်သရဖူဆောင်းဖို့
ပြည်ချစ်သူ ရှင်လူအပေါင်းရယ်က
ကောင်းမှု ကု သိုလ် လောင်း။

                     🇲🇲သက်နိုင်ဦး(ကျည်ကာ)🇲🇲
                       (10-12-2021)(18:18)hr