နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာအပြင်ထွက်မှ ထမင်းစားရမယ့်အပြင်ကိုမဖြစ်မနေထွက်ရမယ့် ပြည်သူတွေကိုအကြမ်းဖက်အုပ်စုရဲ့ လူ့အခွင့်အရေးပိတ်ပင်ခြိမ်းခြောက်ခံနေရတဲ့အခြေအနေ ဖြစ်နေပါတယ်။
ဆန္ဒပြတယ် သပိတ်မှောက်တယ် ဆိုတာ က လူတစ်ဦးချင်းစီတိုင်းက မည်သည့်ခြိမ်းခြောက်မှုမှ မခံစားရဘဲ မိမိရဲ့စိတ်ဆန္ဒအရ လုပ်ဆောင်ကြတာလို့နားလည်ပါတယ်။
လက်ရှိမြန်မာနိုင်ငံတွင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို
ယုံကြည်ထောက်ခံသူများနှင့် နိုင်ငံတော်နှင့်အတူတူ ပူးပေါင်းလုပ်ဆောင်နေသော သူများအားလုံးကို
အကြမ်းဖက်အုပ်စုက လူ့အသက်အိုးအိမ်စည်းစိမ် ဆွေမျိုးသွေးသားတော်စပ်မှုအပါအဝင် အကြောင်းအရာပေါင်းစုံ တံဆိပ်အမျိုးမျိုးတပ်၍ အကြမ်းဖက်ခံနေရပါတယ်။
သူတို့ကိုမထောက်ခံတဲ့ပြည်သူများကို နိုင်ငံတကာသို့ထွက်ပြေးတိမ်းရှောင်နေတဲ့အကြမ်းဖက်အုပ်စုခေါင်းးဆောင်များက သူတို့လက်အောက်ခံလက်နက်ကိုင်အဖွဲအစည်းများမှတဆင့် အကြမ်းဖက်မှုတွေကို လုပ်ဆောင်နေပါတယ်။
ဒါကြောင့်အကြမ်းဖက်မှုတွေရှိနေတဲ့အတွက် အကြမ်းဖက်နှိမ်နင်းမှုတွေ ရှိလာနေတာဖြစ်ပါတယ်။
အကြမ်းဖက်အုပ်စုက သူတို့ကိုမထောက်ခံတဲ့ပြည်သူတို့ကို နည်းပေါင်းစုံဖြင့် အကျပ်ကိုင်ကာ အကြောက်တရားဖန်တီး ၍ လွှမ်းမိုးကာ ပြည်သူအားလုံးကထောက်ခံမှု ရရှိထားသယောင်ယေင် နိုင်ငံတကာကို အယောင်ဆောင်
ပြကာလိမ်ညာနေပါတယ်။
ဥပမာ ရပ်ရွာဒေသတွင်း အေးအေးချမ်းချမ်းနေလိုတဲ့ ပြည်သူတွေကို သူတို့ရဲ့လက်နက်ကိုင်တော်လှန်ရေးကို လိုက်ပါဆောင်ရွက်လိုစိတ်မရှိသူတွေကို စွပ်စွဲကာလူ့အသက်ကိုအကြမ်းဖက်ခြင်း မိဘဆွေမျိုးအသိုင်းအဝိုင်း၏အသက်အပါအဝင် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများ ရှိနေတာအမှန်တရားပါ။
လက်ရှိအခြေအနေမှာ အေးအေးချမ်းချမ်းနေလိုသောပြည်သူများသည်အကယ်၍တိုင်းပြည်အတွက် မဖြစ်မနေ လက်နက်ကိုင်ရမည်ဆိုပါက တပ်မတော်ဘက်မှသာ လက်နက်ကိုင်ရပ်တည်လိုကြသောလူငယ်များ ပြည်သူ့စစ်အဖွဲ့အစည်းလိုမျိုးဖွဲ့ပေးရန် လိုလားနေကြပါတယ်။
အဆိုပါလူငယ်များသည် တပ်မတော်တပ်စခန်းများသို့ဝင်ရောက်လိုသော်လည်း ကန့်သတ်စစ်ဆေးမှုတွေရှိနေပါတယ်။
အပြင်မထွက်ဖို့လှုံ့ဆော်ခြိမ်းခြောက်နေသူတွေရှိနေတာ
ဒီနေ့အပြင်မထွက်ကြနှင့်သပိတ်မှောက်ကြဆိုတာကခြိမ်းခြောက်မှုတမျိုးပါအကျပ်ကိုင်မှုသက်သက်ပါ
လူအုပ်ကြီးဝါဒရဲ့အနိုင်ကျင့်မှုသက်သက်ပါ။
နန်းမြမြမီမီဇော်
၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်။