Monday, December 13, 2021

အကြမ်းဖက်သမားဖြစ်သွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သွေးကင်ဆာနဲ့ သေဆုံးသွားရတဲ့ ဒေါ်ခင်ကြည်နဲ့ အလှူငွေကြားမှာ သံသရာလည်နေခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင်


၁။အားမနာတမ်းပြောရရင် အဖေ ဗိုလ်ချုပ်ဆိုတဲ့ နာမည်ကို ရွေးကောက်ပွဲနီးတဲ့အခါတိုင်း လုပ်စားတတ်တဲ့ နိုင်ငံသမားတစ်ယောက်က မြန်မာနိုင်ငံမှာ ရှိပါတယ်။ အဖေဖြစ်သူ သေတော့ သူ့အရွယ်က ၂ နှစ်သမီးပဲရှိသေးတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲနီးရင်တော့ အဖေဖြစ်သူပြောခဲ့တဲ့ စကားတွေ အများကြီးရှိပေမဲ့ ကိုယ်လိုချင်တဲ့နီးစပ်ရာ စကားလုံးလေးတွေ ဆွဲကပ်ပြီးတော့ “ဖေဖေကလေ ၊ ဖေဖေကလေ…”ဆိုပြီး အကွက် လှလှလေးတွေ သုံးတတ်ပါသေးတယ်။ 

၂။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဆိုတာကလည်း သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို အတုံးလိုက်အတစ်လိုက် ထည့်ခဲ့တဲ့ ဂျင်းပါပဲ။ ဗိုလ်ချုပ် အသက် ရာပြည့် အခမ်းအနားကို ရည်ရွယ်ပြီး ရုပ်ရှင်ရိုက်ကူးမယ်ဆိုပြီး စတင်ကြေညာခဲ့တာခဲ့တာက ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာဖြစ်ပါတယ်။ လုပ်ခဲ့တာက နိုဗိုတယ် ဟိုတယ်မှာဖြစ်ပြီး အဲ့ဒီအခမ်းအနားမှာ Suzuki မော်တော်ကား ကုမ္ပဏီကနေ အလှူငွေ ကျပ်သိန်း ၅ ထောင် ပေးအပ်လှူဒါန်းခဲ့ပါသေးတယ်။ 

၃။ ဒါ့အပြင် ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးဖို့အတွက် ပြည်သူတွေဆီကနေ MPT အော်ပရေတာတွေကနေတဆင့် SMS ပေးပို့ပြီး အလှူငွေထည့်ကြဖို့ ဆော်ဩခဲ့ကြတဲ့အပေါ်မှာလည်း ပြည်သူ့အချို့ရဲ့ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးဆိုတာ အနုပညာရှင်အသိုင်းအဝိုင်းတွေနဲ့ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့ပြီးကာမှ ပေါ်ပေါက် ခဲ့တဲ့ အတွေးအိပ်မက်ဖြစ်ပါတယ်။ အဲဒီစိတ်ကူးအိပ်မက်ကို ၂၀၁၁ ဒီဇင်ဘာလမှာပဲ ရုပ်ရှင်ဇာတ်ကားဖြစ်မြောက်ရေးကော်မတီဆိုပြီး ၂၀၁၁ ဒီဇင်ဘာလမှာ စတင်ဖွဲ့စည်းအကောင်အထည်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ 

၄။ အဲ့ဒီအချိန်တုန်းက နယက က ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီးတော့ အတွင်းရေးမှူးက ဦးသူရ(ဇာဂနာ)ဖြစ်ပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအတွက် ရုံးခန်းကိုတော့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ မှာ ဖွင့်လှစ်နိုင်ခဲ့ပြီး ပါဝင်မဲ့သရုပ်ဆောင်တွေကို စတင်ရွေးချယ်ခဲ့ကြပါတယ်။ တချိန်တည်းတပြိုင်တည်းမှာပဲ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ပြည်တွင်း/ပြည်ပက အလှူရှင်တွေက စုစုပေါင်း ငွေကျပ် ၁၂၂,၅၈၀,၀၀၀၊ အမေရိကန်ဒေါ်လာ ၄၅၀၀ တို့ကို လှူဒါန်းခဲ့ကြသလို အဲ့ဒီလှူဒါန်းငွေတွေကို ဘဏ္ဍာရေးအဖွဲ့မှာပါတဲ့ ဒေါ်အိအိခိုင်နဲ့ ထွန်းအိန္ဒြာဗိုလ်တို့က လက်ခံခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၂၀၁၈ ဇန်နဝါရီလ ၂၈ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးရုံးခန်းဖွင့်ပွဲ နဲ့ အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို ကမ္ဘောဇရိပ်သာမှာ ထပ်ပြီး ကျင်းပခဲ့ပြန်တာတွေ့ရပါတယ်။ အဲ့ဒီအခမ်းအနားမှာ ဇေကမ္ဘာကုမ္ပဏီ လီမိတက်က အလှူငွေ ကျပ်သိန်း ၁၀၀၀၀ ၊ တက်လမ်းကုမ္ပဏီက အလှူငွေ သိန်း ၁၀၀၊ AA Pharmacy က ကျပ်သိန်း ၃၀ ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။ 

၅။ ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ ဗိုလ်ချုပ်နေရာအတွက် မောင်ကျော်ခဲနဲ့ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်နေရာအတွက် နန့်ဇာခြည်လင်းနဲ့ မသင်းမြတ်သန္တလှိုင်တို့ကို ရွေးချယ်ခဲ့သလို ၂၀၁၇ အထိ ဇာတ်ညွှန်းပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ၊ နိုင်ငံခြားရုပ်ရှင်အသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးမှုတွေလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ ဗိုလ်ချုပ် ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ဒါရိုက်တာမောင်မျိုးမင်း ဦးဆောင်တဲ့ နှင်းဆီအငြိမ်းကနေ ၂၀၁၅ ခုနှစ်မှာ ဗိုလ်ချုပ်ရာပြည့်ဆိုပြီး ရံပုံငွေ ရှာခဲ့ကြပါသေးတယ်။ အဲ့ဒီအငြိမ်ကပြမှုက နေ မြန်မာငွေ ၆၇,၄၉၁,၅၀၀ နဲ့ အမေရိကန် ဒေါ်လာ ၁၈ ၊ စင်ကာပူဒေါ်လာ ၁၀ ရရှိခဲ့ပါသေးတယ်။ ဒါ့အပြင် ပြည်တွင်းနေထိုင်တဲ့ ပြည်သူတွေကနေ ဧရာဝတီ ဘဏ်စာရင်းမှာ ၂၀၁၅ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ၄၃,၀၈၄,၈၅၀ ကျပ်လှူဒါန်းခဲ့တာဖြစ်လို့ လှူဒါန်းငွေ နှစ်ရပ်ပေါင်းက ၁၁၀,၅၇၆,၃၅၀ အထိ ရှိခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ 
၆။ ၂၀၁၇ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီရဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို အမျိုးသား ကဇတ်ရုံမှာ ကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမှာပဲ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် လက်ခံရရှိထားတဲ့ အလှူငွေ ကျပ်သိန်း ၈၃၀၀ပေးအပ်ပွဲအခမ်းအနားကိုပါ တပါတည်းပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။ ကျပ်သိန်းပေါင်း ၈၃၀၀ လက်ခံခဲ့တဲ့ နေ့မှာ သာသနာရေးရာဝန်ကြီး ဦးအောင်ကိုက နောက်ထပ် ကျပ်သိန်းပေါင်း ၇၀၀၀ ခန့်လိုအပ်နေသေးကြောင်း ပြောကြားခဲ့ပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီဇင်ဘာ ၁ ရက်နေ့မှာတော့ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
၇။ ပြည်သူတွေ ဆီကနေ့ အလှူငွေ ကျပ်သိန်းပေါင်းများစွာ ရယူထားပေမဲ့ ဗိုလ်ချုပ် ရုပ်ရှင်ဇတ်ကားဟာ အတ္ထုပ္ပတ္တိလား၊ သမိုင်းမှတ်တမ်းလား ၊ စစ်ကားလား မဝေခွဲနိုင်ဘဲ “သာမန်ရုပ်ရှင်တစ်ကားမျှသာ”ဖြစ်ပါတယ်လို့ ဒါရိုက်တာလူမင်းပြောခဲ့ချိန်တုန်းကလည်း အတော်ကို ဂယက်ရိုက်ခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ICJ ကိုသွားတဲ့ ခရီးစရိတ်တင်ပြမှုမှာ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေး စက်သုံးဆီ တင်တောင်းထားတာတွေ ပါဝင်ခဲ့တာမို့ နိုင်ငံတော်အဆင့် ပံ့ပိုးမှုတွေ၊ ကိုဗစ်ဖြစ်နေပါရက်နဲ့ ရွှေတိဂုံစေတီမှာ အထူးရိုက်ကူးခွင့်ရခဲ့တာတွေ အပါအဝင် ပြည်သူတွေရဲ့ အလှူငွေပေါင်းများစွာရယူခဲ့ပေမဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားဟာ နှစ်ပေါင်း ၁၀ နှစ်ကြာတဲ့အထိ အကောင်အထည် ရုပ်လုံးပြနိုင်ခဲ့ခြင်းမရှိခဲ့တာတွေ့ရမှာလည်းဖြစ်ပါတယ်။  

၈။ ဒီနေ့မှာတော့ ဗိုလ်ချုပ်ရုပ်ရှင်မှာ ဒေါ်ခင်ကြည်အဖြစ်နဲ့ပါဝင်မဲ့ မဇာခြည်လင်းဟာ သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ တဆက်တည်းဆိုသလို ဗိုလ်ချုပ် ရုပ်ရှင်နေရာမှာ ဗိုလ်ချုပ်အောင်ဆန်းအဖြစ်နဲ့ သရုပ်ဆောင်မဲ့ ကျော်ကျော်မျိုးဟာလည်း အကြမ်းဖက် PDFအဖွဲ့ထဲကို ရောက်လို့နေတာတွေ့ရမှာဖြစ်ပါတယ်။ မြန်မာပြည် လွတ်လပ်ရေးကို တိုက်ယူခဲ့တယ်ဆိုတဲ့ အဖေရဲ့ ပုံရိပ်ကို အသုံးချပြီး ရွေးကောက်ပွဲတခါနီးတိုင်း မဲဆွယ်ရာမှာသုံးခဲ့သလို ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကိုလည်း အလှူငွေပေါင်း သိန်းသောင်းချီရပါရက်နဲ့ အကောင်အထည်မဖော်နိုင်ခဲ့တာဟာ လည်း ရုပ်ရှင်ဖြစ်မြောက်ရေး ဥက္ကဋ္ဌအဖြစ်နဲ့တာဝန်ယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာကြောင့်လဲဆိုတာ စဉ်းစားစရာပဲဖြစ်ပါတယ်။ 

#ဖိုးစီ