Tuesday, December 14, 2021

ထိုင်းမှ ရုရှားသို့ ရေတပ်အလှုပ်အခတ် (3)


           ထိုင်းတွေအတွက် ပြည်တွင်းမှာ အရှက်တကွဲ ဖြစ်နေရတဲ့ PGM 83 အတွက် ရန်နိုင် ၅၁၀ ကို လက်စားချေဖို့ အခွင့်ချောင်းနေသလို gas ပိုက်လိုင်း ပြဿနာကိုလည်း လျှော်ကြေးမပေးရဖို့ ဆင်ကြံ ကြံနေကြပါတယ် ။ 

             ထိုင်းတို့ရဲ့ စုတ်ပြတ်သွားတဲ့ PGM 83 ဆေးကုနေရချိန် မှာ မြန်မာတို့ရဲ့ လာဘ်ကောင် ရန်နိုင် ၅၁၀ ဟာ ရက် ၂၀ မျှ အနားယူ အသေးစိတ်ပြုပြင်ပြီးနောက် တာဝန်ဆက်လက် ထမ်းဆောင်ရပြန်ပါပြီ ။ 

          ရန်နိုင် ၅၁၀ ဟာ T dutyတာဝန်ဖြင့် ကော့သောင်းဗျူဟာကို သွားရောက်ခဲ့ရပါတယ် ။ အဲဒီက အပြန်ခရီးမှာ 
မိမိရေပိုင်နက် ဝိတိုရိယအငူ ဖြတ်ပြီး အုန်းကျွန်း (Pulo Perlin) နှင့် Starboat Quarter ပေးပြီးချိန်မှာတော့ ရေယာဉ်ရှိ လက်နက်များအား အဆင်သင့် လုပ်ထားကြပါတယ် ။ 

          အဲဒီ အချိန်မှာ ရန်နိုင် ၅၁၀ ကို လက်စားခြေဖို့ အကွက်ခြောင်းနေတဲ့ ထိုင်းစစ်ရေယာဥ် PGM 84 ကလည်း မြေခွေးငတ်တကောင် အစာချောင်းသလို ချောင်းနေပါတယ် ။ 

         အင်မတန် သာယာကြည်လင်နေတဲ့ ရာသီဥတု ကြောင့် ရှင်းလင်းပြတ်သားစွာ မြင်နေရတဲ့ မြင်ကွင်းတလျှောက် ရေဒါမြင်ကွင်း ၊ ကြည့်ကင်းမြင်ကွင်း တွေနဲ့ သတိမပြတ် စောင့်ကြည့်နေတဲ့ မြန်မာ့တပ်မတော် (ရေ) တပ်သားတွေကတော့ လက်နက် ၊လူသူ အားလုံး ပြင်ဆင်ထားလျှက်ပါပဲ ။ 

      အဲလိုအချိန်မှာပဲ ထိုင်း နှင့် သူပိုင် ကိုယ်ပိုင် အငြင်းပွားဆဲဖြစ်သော မြန်မာအခေါ် ဟင်္သာကျွန်း (Ko Lam)တောင်ဘက်အခြမ်းမှ ကျွန်းအရိပ်တွင်း ပုန်းခိုပြီး ရေဒါရှောင်ကွင်းနေသည့် ရေယာဉ်တစ်စီးထွက် လှစ်ကနဲ ထွက်တာကို ရန်နိုင် ၅၁၀ တွေ့လိုက်ရပါတယ် ။

         အတွေ့အကြုံအရ ဒါဟာ ထိုင်း စစ်ရေယာဥ်ဆိုတာကို ရန်နိုင် ၅၁၀ ရေယာဥ်မှူး ချက်ခြင်း သိပြီး ဖြစ်ပါတယ် ။ ဒါနဲ့ လိုအပ်တဲ့ အမိန့်ကို အလျှင်အမြန် ပေးလိုက်ပါတယ် ။ 

"လက်နက်အားလုံး အသင့် ပြင်''

        ရေယာဥ်မှူးရဲ့ အမိန့်သံ ဆုံးတာနဲ့ အသင့်စောင့်နေတဲ့ တက်ကြွနေသော တပ်မတော်သားများရဲ့ ကျည်ထိုးသံ ၊ လက်နက်ကြီး ပြင်သံတို့ဟာ ရန်နိုင် ၅၁၀ ပေါ်မှာ ခဏတာမျှ ကြွက်ကြွက်ညံစေခဲ့ပါတယ် ။ 

          ထိုင်းတို့ရဲ့ စစ်ရေယာဥ် PGM 84 ကတော့ သူတို့ ချောင်းမြောင်းနေတဲ့ ရန်နိုင် ၅၁၀ ဆိုတဲ့ မလောက်လေး မလောက်စား မြန်မာ့စစ်ရေယာဥ်ကို ပမာမခန့်ပြုပြီး မလာရဲပါဘူး ခင်ဗျာ ။ သူ့ရဲ့ Sister Ship PGM 83 ကို စုတ်ပြတ်နေအောင် တွယ်ပြီး ထိုင်းတပ်သား လေးယောက် ကျဆုံးစေခဲ့တာ ဒီ ရန်နိုင် ၅၁၀ ကိုးဗျ ။ 

       တကယ်တန်းကျတော့ ထိုင်းတွေက မြန်မာ့စစ်ရေယာဥ်ကို ကြောက်တယ်ဆိုတာထက် မြန်မာ့တပ်မတော်ရဲ့ ရဲစွမ်းသတ္တိ နဲ့ ပြောင်မြောက်တဲ့ ဗျူဟာကို လန့် ဖြန့် နေကြတာပါ ။ 

        သဘော်နှစ်စင်း တွေ့တာ နဲ့ ထိုင်းစစ်ရေယာဥ် PGM 84 ဟာ အနားမကပ်ပဲ နှစ်မိုင်လောက် အဝေးကနေ သူ့ရဲ့ အဓိက လက်နက်ဖြစ်တဲ့ 40mm (ဘိုဖာ) အမြှောက်ကို တရစပ် ပစ်ခတ်ရင်း လာနေပါတော့တယ် ။ 

        ရန်နိုင် ၅၁၀ ကတော့ မိမိရဲ့ လက်နက်တကမ်းအထိ ခုတ်မောင်းလာမယ့် ထိုင်းစစ်ရေယာဥ်ကို စစ်မြူရင်း အေးဆေးစွာပဲ ခုတ်မောင်းနေခဲ့ပါတယ် ။ မြန်မာ့စစ်သည်တွေက ဆေးလိပ်သောက် မပျက် ကွမ်းစားမပျက် သူတို့ ပစ်နေတဲ့ အမြှောက်ဆံတွေ ကို ရေတွက်ရင်း နှမြောလေရဲ့ ။ 

       ရန်နိုင် ၅၁၀ ရဲ့ အပေါ် ဘေး ဘယ်ညာ တွေကနေ နီးစပ်မှု လုံးဝ မရှိတဲ့ ထိုင်းရေတပ်ရဲ့ အမြှောက်ပစ် စွမ်းရည်ကို ကြည့်ပြီး သြော် ထိုင်းမှာလည်း ဆြာတွတ်ပီ တွေ ရှိသားပဲ ဆိုပြီး ဟားတိုက်နေကြလေရဲ့ ။ 

          ဒီလိုနဲ့ စောက်တလွဲ ပစ်ချက်တွေ နဲ့ ဗရမ်းဗတာ ပစ်လာတဲ့ ထိုင်းရဲ့ PGM 84 ဟာ ရန်နိုင် ၅၁၀ နဲ့ တမိုင်ခန့် အကွာရောက်တော့ စက်ရှိန်သပ်လိုက်ကြပါတယ် ။ ခုနစ်မိုင်ထိ ပစ်နိုင်တဲ့ ဘိုဖာ အမြှောက်နဲ့ ပစ်နေတဲ့ ထိုင်းစစ်ရေယာဥ် PGM 84 ဟာ ရန်နိုင် ၅၁၀ ကို အဝေးက ခွေးဟောင်တဲ့ အဆင့်နဲ့ ရမ်းပစ်နေယုံပဲ လုပ်နေတော့ ကိုယ်က ပြန်ပစ်မရတဲ့ အတွက် ရဲဘော်တွေ သွေးဆူနေပါတယ် ။ 

          စစ်သွေး စစ်မာန်တို့ နဲ့ ရဲစိတ်ရဲမာန် ပြည့်နေတဲ့ ရေယာဥ်မှူးဟာ ရန်နိုင် ၅၁၀ ရဲ့ လက်နက်တကမ်းသို့ လာစေရန် မြူဆွယ်ခုတ်မောင်းနေသော်လည်း ကျားနောက်က ခွေးလို အနားမလာရဲ့ ထိုင်းစစ်ရေယာဥ်ကြောင့် တပ်မတော်ခေါင်းဆောင်ကြီးများထံ သတင်းပို့ရင်း သူတို့ လိုက်မလာတဲ့ အတွက် ကိုယ်ကလိုက်တိုက်ဖို့ ခွင့်တောင်းပါတယ် လိုအပ်ရင် ထိုင်းနယ်နမိတ်ထိ တိုက်ခွင့်ပြုဖို့ အမိန့်တောင်းခံလိုက်ပါတယ် ။ 

         သို့သော် ရေယာဥ်နှစ်စင်း ရဲ့ ဝိတ်တမ်းကွာဟ နဲ့ ထိုင်းတို့ရဲ့ နိုင်ငံရေး ကစားကွက်များအား သိနေတဲ့ တပ်မတော် ခေါင်းဆောင်ကြီးများက ရန်နိုင် ၅၁၀ အား ဆလုံကျွန်းနှင့် အုန်းကျွန်းကြားသို့ မောင်းနှင်ခဲ့ရန် အမိန့်ပေးလိုက်ပါတယ် ။ 

         အထက်အမိန့်အရ ရန်နိုင် ၅၁၀ ဟာ အသားမစားရတဲ့ ယက္ခဘီလူးလို ဒေါသ အလိပ်လိပ် နဲ့ အံကြိတ် အမိန့် နာခံရင်း လမ်းကြောင်းပြောင်း ခုတ်မောင်း ဆုတ်ခွာလာခဲ့ရပါတယ် ။ မမှီမကန်းက ပစ်မှတ်ကို အာသာပြေ တချက်ခြင်း ပြန်ပစ်နေတဲ့ အကြီးဆုံး လက်နက်သံကတော့ တချက်ခြင်း ပစ်ခတ်သံနဲ့ စီးချက်ကျကျ ပစ်ခတ်ရင်းပေါ့ ။ 

          နောက်က လိုက်လာပြန်တဲ့ သူရဲဘောကြောင်သော ထိုင်း စစ်ရေယာဥ် PGM 84 ကတော့ ဗရမ်းဗတာ ပစ်ချက်တွေနဲ့ လိုက်လာရင်း မြန်မာ့ရေပိုင်နက် အနီးရောက်ချိန်မှာ ကျားအုပ်နံ့ရတဲ့ ခွေးလို ဖင်ဒရွတ်ဆွဲ ပြန်ပြေးသွားရပါတယ် ။ 

        လက်နက်ခြင်း မမျှလို့ သူတင်ကိုယ်တင် ပြန်မလုပ်နိုင်ပဲ ဒေါသထွက်နေရတဲ့ ရန်နိုင် ၅၁၀ ဟာ အုန်းကျွန်းဘေးနား ကျွန်းရိပ်မှာ ခို​အောင်း​ပြီးစောင့်နေတဲ့ မြန်မာ့တပ်မတော် ရဲ့ PGM 413 ကို မြင်လိုက်ချိန်ကျမှ ခေါင်းဆောင်တွေရဲ့ အစီအမံကို သိလိုက်ရပါတယ် ။ 

        အကယ်၍ ရန်နိုင် ၅၁၀ နဲ့ အနီးကပ် တိုက်ဖြစ်ပါစေ ထိုင်း PGM 84 ကို နစ်မြှပ်အောင် လုပ်နိုင်ဖို့ မလွယ်ပါဘူး ။ ယခု မြန်မာ့ရေတပ်ရဲ့ PGM 413 နဲ့သာ ဆိုရင်တော့ ဝိတ်တန်းတူခြင်းမို့ ထိုင်းစစ်ရေယာဥ်ကို ရေအောက် ထာဝရ ပို့ဖို့ထိ စွမ်းနိုင်ပါ့မယ် ။ 
ထိုင်းတို့ အပြေးကောင်းသွားတဲ့ အတွက် ကံ ကောင်းသွားတယ် ပြောကပါ့မယ် ။ 

         အဲဒီ ထိုင်းစစ်ရေယာဥ် PGM 84 ရဲ့ သောက်တလွဲ ပစ်ချက်တွေက ၅၈ ချက် ရှိသတဲ့ ။ 
ဆလုံကျွန်း(Pulo Besin) ပေါ်ရှိ ရွှေတိဂုံပုံတူဘုရားအား နှစ်ချက်ထိခဲ့ပြီး ရင်ပြင်ပေါ်သို့တစ်ချက်ကျရောက်ခဲ့ကာ တစ်လုံးမှာမပေါက်ကွဲခဲ့ပဲ သက်သေရခဲ့တယ် ။

         အဲဒီ ပြဿနာကို ဖြေရှင်းကြဖို့ မြန်မာခေါင်းဆောင်တွေ ဆွေးနွေးနေတုန်းမှာပဲ ထိုင်း တို့က မြန်မာကို နားရွက်တံတွေး စွပ်တဲ့ ကိစ္စကို မဆင်မခြင် ထလုပ်ပြန်ပါတယ် ။ 

        အဲဒါကတော့ ထိုင်းတို့က မြန်မာ နဲ့ သူပိုင် ကိုယ်ပိုင် ငြင်းနေတဲ့ ဟသာ်ကျွန်း (Ko Lam) ပေါ်သို့ မည်သည့် အကြောင်းကြားခြင်းမျိုးမှ မဆောင်ရွက်ပဲ ပိုင်စိုးပိုင်နင်း တပ်လာစွဲပြီး ကျွန်းကို သိမ်းပိုက်လိုက်တာပါ ပဲ ။ 

          ဒီဖြစ်ရပ်ကို မြန်မာ စစ်ခေါင်းဆောင်တို့ အကြိုက်တွေ့သွားပေပြီ ။ မြန်မာ့တပ်မတော်ဟာ ကျား ဥပုဒ်စောင့်သလို ပြုမူနေရပေမယ့် နိုင်ငံတကာ ဥပဒေအရ ချုပ်တီးနေရပေမယ့် ထိုင်းကို ပညာပေးချင်နေတာ ကြာပြီ ဖြစ်ပါတယ် ။ ဒီလို ခြေလှမ်း စမှားတဲ့ ထိုင်းကို ဘရွှေကြီး ဘယ်လို အကွက်ဆန်းတွေ နဲ့ ပြန်ချုပ်မလဲ ဆိုတော့.........

        ကိုရွှေမျိုးဝင်း