Sunday, November 21, 2021

သံဃာနှင့် ပြည်သူကို သတ်နေသော CRP, NUG, PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချ


ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှ NLDရုံးချုပ်ရှေ့အထိ ချီတက်ပြီး သံဃာနှင့် ပြည်သူကို သတ်နေသော CRPH, NUG, PDF အကြမ်းအဖွဲ့များအား ကန့်ကွက်ရှုတ်ချပွဲ ကျင်းပခဲ့သည်။

ဆန္ဒပြသည့် သံဃာတော်နှင့် ပြည်သူများက "သံဃာကိုသတ်PDF အလိုမရှိ၊ ပြည်သူကိုသတ် PDF အလိုမရှိ၊ လူသတ်နိုင်ငံရေး အလိုမရှိ" အစရှိသော ဗီနိုင်းပိုစတာများ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

NLDပါတီမှ ဖွဲ့စည်းသော CRPH, NUG, PDF အကြမ်းဖက်သမားများသည် တိုင်းတပါးသား၊ ဘာသာခြားများထံမှ အထောက်အပံ့များ ရယူပြီး ဘာသာ သာသနာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်းကြောင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ပြောသည်။

NLD, PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် ၁၃ပါး ပျံလွန်တော်မူခဲ့ရပြီး အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၁၃၈၀ကျော် သေဆုံးခဲ့ရသည်။

#MyanmarNationalPost
www.mnpnewsagency.com